စင်ကာပူ၊ သြဂုတ်-၂၄-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ အရှေ့တောင်အာရှပထမဆုံးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး သြဂုတ် ၂၄ ရက်ကပြောကြားခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ တရုတ်နိုင်ငံအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ နှစ်ပေါင်းများစွာအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အကြပ်ကိုင် ခြိမ်းခြောက်မှုတွေပြုလုပ်နေတယ်လို့ ကမလာဟားရစ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ဟာ မိမိတို့ရဲ့မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားမယ်လို့ ကမလာဟားရစ်ကပြောပါတယ်။ သူ့ရဲ့အရှေ့တောင်အာရှခရီးစဉ်ဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ ကတိက၀တ်ကို ထပ်မံအတည်ပြုဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ရပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရားမ၀င်နယ်မြေပိုင်ဆိုင်မှု တောင်းဆိုတာတွေကို ပယ်ချကြောင်း ၂၀၁၆ ခုနှစ်တွင် ခုံသမဓိရုံးက ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ကာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်က ဝေဖန်ပြောဆိုပါတယ်။…
Read MoreMonth: August 2021
ပုသိမ်မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲလို့ စစ်သားအချို့ဒဏ်ရာရ
သြဂုတ်လ ၂၄ -၂၀၂၁ KK(VOM) စစ်တပ်က လုံခြုံရေးယူထားတဲ့ ပုသိမ်မြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြန်မာစီးပွားရေဘဏ်(တိုင်းရုံး)အနီးမှာ ဒီကနေ့မနက် ၇နာရီခွဲက ဗုံးပေါက်ကွဲခဲ့လို့ စစ်သားအချို့ဒဏ်ရာရရှိခဲ့တယ်လို့ဘဏ်အနီးနေထိုင်သူအချို့က ပြောပါတယ်။ အမှတ် ၄ရပ်ကွက်က ပြည်သူတစ်ဦးက ” မြို့နယ်ရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်တာပါ၊ စစ်သားလေးဦး ဒဏ်ရာရတယ်လို့ကြားတယ်”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ အမှတ်၄ရပ်ကွက်၊ ရွှေစေတီလမ်းနဲ့မြို့နယ်ရုံးအနီးတစ်ဝိုက်ကလမ်းတွေက်ို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပုသိမ်မြို့နယ်မှာ မေလ ၂၅ရက် နေ့လယ်၁၂ နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲလို့ ရုံးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အလားတူ မေလ ၁၉ ရက် ညပိုင်းကလည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အုတ်ခဲနဲ့ အထုခံခဲ့ရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။ …
Read Moreဆားလင်းကြီးမြို့နယ်က သတင်းထောက်ဟောင်း ကိုမိုးမင်းဦး ဖမ်းဆီးအရေးယူခံထားရ
သြဂုတ် ၊ ၂၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောကျေးရွာက DVB သတင်းဌာနရဲ့ CJ သတင်းထောက်ဟောင်း ကိုမိုးမင်းဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဂုဏ်တောရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။ ” သူက ဂုဏ်တောရွာနဲ့ မုံရွာကို ကူးချီသန်းလဲ့ သွားလာနေတာဆိုတော့ ဘယ်နေ့က ဖမ်းခံရတယ်ဆိုတာ မသိရဘူး အဆက်အသွယ်ပြတ်နေတာကြာပြီ ၊ မနေ့က ညကြမှ သူဖမ်းခံထားရတယ် ၊ မုံရွာမှာ အမှုဖွင့်ခံထားရတယ်ဆိုတာ သိရတာ ” လို့ ဂုဏ်တောရွာခံ တစ်ယောက်က ပြောပါတယ်။ မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူခံထားရတဲ့ ကိုမိုးမင်းဦးဟာ ၂၀၁၂ / ၁၃ ကာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့ စပယ်တောင် ကြေးနီစီမံကိန်း…
Read Moreထီးလင်းနယ် ကင်းပန်းရွာက စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
သြဂုတ် ၊ ၂၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကင်းပန်းကျေးရွာနေ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သူ ဦးသော်တာဟာ မနေ့ သြဂုတ် ၂၃ မနက် အစောပိုင်းအချိန်က သူ့ရဲ့ နေအိမ်ရှေ့မှာတင် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကင်းပန်းရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။ ” ရွာမှာတော့ စစ်ပြန်ကြီးလို့ခေါ်တဲ့ ဦးသော်တာရဲ့ အိမ်ကို မနက်အစောကြီး လူဝိုင်းခံရတယ် ၊ ဆူညံအော်ဟစ်ပြောသံတွေကြားရပြီး သိပ်မကြာဘူး ခဲပေါက်သံတွေနဲ့ သေနတ်သံတွေကြားလိူက်ရတယ် ၊ မိုးလင်းမှ သိရတာက စစ်ပြန်ကြီး ဦးသော်တာ သေနတ်မှန် သေနေတာ ” လို့ ကင်းပန်းရွာခံ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ သေဆုံးသူ ဦးသော်တာဟာ စစ်မှုထမ်းဟောင်း တစ်ယောက်ပြီး ရွာရေးရပ်ရေး…
Read Moreရွှေဘိုမြို့က နာမည်ကြီး အနှိပ်ခန်းကို ပူးပေါင်းအဖွဲ့က ဝင်ဖမ်း
သြဂုတ် ၊ ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊ ဂေါက်ကွင်း မြတောင် ၁၅ လမ်းမှာရှိတဲ့ အနှိပ်ခန်းတခုကို မနေ့ သြဂုတ် ၂၂ ညပိုင်းက နယ်မြေခံရဲနဲ့ စစ်သားတွေက ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ဆိုင်ဝန်ထမ်း၂ ဒါဇင်နီးပါး အဖမ်းခံလိုက်ရတယ်လို့ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မနက်အစောကြီး စစ်သားနဲ့ ရဲတွေ ရပ်ကွက်ထဲဝင်လာတော့ အရမ်းစိုးရိမ်မိတယ် ၊ မိုးလင်းတော့ သိရတာက ၃ ထပ် အနှိပ်ခန်း ဝင်ဖမ်းလို့ ဆိုင်ဝန်ထမ်းတွေ အကုန်လုံးနဲ့ ဆိုင်ရှင်ရော ဖမ်းခံရတယ်ဆိုတာ သိတယ် ” လို့ အမှတ် ၁၀ ရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။ ရွှေဘိုမြို့မရဲစခန်း တာဝန်ကျ…
Read Moreမုံရွာမြို့မှာ ရဲမေ သားအဖနေတဲ့အိမ် ဗုံးပေါက်ကွဲမှူဖြစ်
သြဂုတ် ၊ ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ အမှတ် ၈၊ အောင်သပြေလမ်းမှာရှိတဲ့ ဆယ်အိမ်မှူးနဲ့ ရဲမေတို့နေထိုင်တဲ့အိမ်မှာ မနေ့ သြဂုတ် ၂၂ ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြဝတီရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” အဖေဖြစ်တဲ့သူက ရပ်ကွက်လူကြီး ၊ သမီးဖြစ်တဲ့သူက ရဲ ဆိုတော့ အခုလို ဗုံးထုခံရပြီး ပေါက်ကွဲတာ ဖြစ်မှာ ” လို့ မြဝတီရပ်ကွက်မှာနေတဲ့သူ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေအိမ် မိသားစုဟာ ဖခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဆယ်အိမ်မှူးဟောင်း တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သမီးဖြစ်သူက စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ” ရဲမေ…
Read Moreမူဆယ် ၁၀၅ မိုင်မှာ ခုတင် ၁၀၀၀ဆံ့ ကိုဗစ် ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့ အပြီးဆောက်နေ
ဩဂုတ် ၂၃-၂၀၂၁ Shy V (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးမှာ အဓိက အရေးပါတဲ့ မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု မိုမိုမြန်ဆန်စေဖို့အတွက် ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဦးစားပေး ဆေးစစ် ကုသပေးမယ့် ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့ အပြီးဆောက်နေပြီလို့ စင်တာဆောက်လုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ကစ တရုတ်နိုင်ငံက ပစ္စည်းတွေ တရုတ်ကား ၅ စီးနဲ့ တင်လာပြီး ဆောက်လုပ်ရေးလုပ်ငန်း စတင်နေပြီလို့ စင်တာ ဆောက်လုပ်ရေးနဲ့ နီးစပ်သူ ဒေသခံတစ်ဦးဆီက သိရပါတယ်။ ” မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်ရေးအတွက် တရုတ်ဘက်က ၁၅…
Read Moreကလေးမြို့က CDM ကျောင်းဆရာမ ၂ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ
သြဂုတ် ၊ ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့က CDM ကျောင်းဆရာမ ၂ ဦးကို ဖမ်းဆီးပြီးနောက်ပိုင်း အကြမ်းဖက်ဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူခံထားရတယ်လို့ ကလေးမြို့ ပညာရေးဌာနအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ကြို့သုံးပင်ရပ်ကွက်က မူလတန်းကျောင်းအုပ် ဆရာမ ပုမ်ခန့်ကျိန်နဲ့ ဆင်ရွာကျေးရွာက မူလတန်းပြ ဆရာမ မန်ဆန်းကိမ်တို့ ၂ ယောက်အပေါ် အမှုဖွင့်လိုက်တာ ” လို့ ကလေးမြို့ခံ ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။ အမှုဖွင့်ခံလိုက်ရတဲ့ ကျောင်းဆရာမ ၂ ဦးဟာ ဩဂုတ်လ ၁၄ ရက်ည ၉ နာရီက ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ထဲက နေအိမ်တလုံးမှာ တိမ်ရှောင်နေစဥ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ကျောင်းဆရာမ ၂…
Read Moreဟုမ္မလင်းနယ်က အုပ်စု အုပ်ချုပ်ရေးမှူး ရွှေလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး
သြဂုတ် ၂၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်မိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ နောင်မိုးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ညက ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ပြောစရာရှိတယ်ဆိုပြီး အိမ်ကိုလာခေါ်သွားတယ်၊ ဒီမနက် အစောပိုင်းမှာ နောင်ဟင်ရွှေမှော်ထဲက သူ့လုပ်ကွက်မျှောမှာ သေနတ်နဲ့ ပစ်ခံရလို့ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ပြန်တွေ့ရတယ် ” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က VOM ကိုပြောပါတယ်။ သေဆုံးသူ ဦးမန်းတင်ဟာ နောင်မိုးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်သလို ရွှေလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်တယ်လို့ သိရပြီး သူအသတ်ခံရတဲ့နေရာဟာ သူပိုင်ဆိုင်တဲ့ ရွှေလုပ်ကွက်ထဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ…
Read Moreထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြုပြီ
တိုင်ပေ၊ သြဂုတ်-၂၃-၂၀၂၁ မျိုးဆက် (VOM) ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းဖြစ်ကာကွယ်ဆေးတစ်မျိုးကို အလျှင်အမြန်အတည်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့်လည်း အဲဒီကာကွယ်ဆေး အသုံးပြုထိုးနှံမှုကို သြဂုတ် ၂၃ ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ Medigen လို့အမည်ပေးထားတဲ့ အဲဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုတွေ အပြည့်အဝမပြီးသေးပေမယ့် အရေးပေါ်အသုံးပြုခွင့်ကို ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ခွင့်ပြုခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်ဟာ ဆေးရောက်ရှိမှုနှောင့်နှေးခြင်းနဲ့ ပြည်သူတွေအကြား ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေတာတွေကြောင့် အဟန့်အတားဖြစ်နေပါတယ်။ ပြည်တွင်းဖြစ်ကာကွယ်ဆေး Medigen ကို သြဂုတ် ၂၃ ရက်မှာ သမ္မတဆိုင်အင်းဝမ်က စတင်ထိုးနှံခဲ့ပါတယ်။ လက်ရှိခွင့်ပြုထားတဲ့ အဲဒီကာကွယ်ဆေးကို Medigen Vaccine Biologics Corp မှထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကာကွယ်ဆေး နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုတွေကို ပါရာဂွေးနိုင်ငံမှာ ပြုလုပ်နေပြီး ယခုနှစ်နှောင်းပိုင်းမှာ အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။ Ref : BBC Photo: Getty Image #voiceofmyanmar…
Read More