သုံးကြိမ်ထိုးရတဲ့ ကျူးဘားနိုင်ငံထုတ် Abdala ကာကွယ်ဆေး ဗီယက်နမ်မှာအသုံးပြုမယ်

ဟနွိုင်း၊ စက်တင်ဘာ-၁၈-၂၀၂၁ မျိုးဆက် (VOM)   ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ရုန်းကန်နေရချိန်မှာ ကျူးဘားနိုင်ငံက ထုတ်လုပ်တဲ့ Abdala ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ခွင့်ပြုလိုက်ကြောင်း ဗီယက်နမ် အစိုးရက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဒါဟာ ဗီယက်နမ်နိုင်ငံမှာ အသုံးပြုဖို့ ခွင့်ပြုလိုက်တဲ့ အဌမမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပါတယ်။   ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းအနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၉၈ သန်းမှာ ၆.၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံရပါသေးတယ်။   ဗီယက်နမ်သမ္မတဟာ ကျူးဘားနိုင်ငံကို တရား၀င်အလည်အပတ်သွားရောက်ဖို့ ဟနွိုင်းမှထွက်ခွာပြီးနောက် နာရီအနည်းငယ်အကြာမှာ ကျူးဘားနိုင်ငံရဲ့ Abdala ကာကွယ်ဆေးကို အသုံးပြုဖို့အတွက် ကြေညာလိုက်တာဖြစ်ပါတယ်။   ကျူးဘားနိုင်ငံဟာ အဲဒီကာကွယ်ဆေးအမြောက်အများကို ဗီယက်နမ်နိုင်ငံသို့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ယခုနှစ်ကုန်မှာတော့ ကာကွယ်ဆေးထုတ်လုပ်ရေး နည်းပညာကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ဗီယက်နမ်ကျန်းမာရေး၀န်ကြီးဌာနက လွန်ခဲ့သည့်လကထုတ်ပြန်ထားပါတယ်။…

Read More

မိုးညိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ ရွာသား ၃၀ ထက်မနည်း ဖမ်းဆီးခံရ

စက်တင်ဘာ ၁၈-၂၀၂၁ GH ( VOM )   သာယာဝတီခရိုင် ၊ မိုးညိုမြိုနယ်၊ ကြို့ကုန်းရွာက အုပ်ချုပ်ရေးမှူးနေအိမ် သေနတ်ပစ်ခံရပြီးနောက်ပိုင်းမှာ ကြို့ကုန်းရွာအပါအဝင် ဘေးပတ်ဝန်းကျင်ရွာတချို့က ရွာသားတော်တော်များများ ဖမ်းဆီးခံလိုက်ရပြီး ဖမ်းဆီးခံရသူတွေထဲက တစ်ဦးသေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။   သေဆုံးတဲ့အမျိုးသားတစ်ယောက်ကတော့ ရွှေကြို့ပင်ရွာကဖြစ်တယ်လို့ သိရပါတယ်။   ” ညကတစ်ယောက်သေတယ် ၊ သူတိုစစ်တာကိုမခံနိူင်လို့သိရတယ်၊ ဖမ်းခံရတာကတော့ နူမ်ကုန် ၊ ကြိုကုန် ၊ ပန်တောရွာကလည်းပါတယ်ဗျ ဘေးရွှာတွေကလည်းပါတယ်လို့ပြောတယ်၊ မသင်္ကာမှုနဲ့ဖမ်းကြတာ ၊ ရွှာတွေကများတော့ ဘယ်ရွှာဘယ်ရွှာတွေဆိုတာသေချာမသိရဘူးဗျ၊ ကျနော်သိတာကတော့ အဲ့ဒီလောက်ပဲ ကျနော်တို့လည်း ထွက်ပြေးနေရတာ ” လို့ ရွာခံတစ်ယောက်ကပြောပါတယ်။   စက်တင်ဘာလ ၁၅ ရက်နေ့က ကြို့ကုန်းအုပ်ချုပ်ရေးမှူးတင်စိုးနေအိမ် သေနတ်နဲ့အပစ်ခံရပြီးနောက်မှာ အဲ့ဒီကြို့ကုန်းရွာအပါအဝင် ဘေးရွာတွေက ရွာသားတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့ရွာသားက…

Read More

မြောင်မြို့နယ် ထွေ/အုပ်စာရေးဝန်ထမ်းအိမ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထွေ/အုပ်စာရေးသေဆုံး ၊ ၁ ဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၁၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ လက်မယက်ကျေးရွာအုပ်စု ၊ လက်မယက်ရွာက ထွေ/အုပ် စာရေးဝန်ထမ်းအိမ်မှာ မနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် ထွေ/အုပ်စာရေး သေဆုံးခဲ့ပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။   ” လက်မယက်အုပ်စုက ရပ်ကျေးစာရေးဝန်ထမ်း ဦးတင်ထွန်းရဲ့နေအိမ်မှာဖြစ်တာပါ ၊ မျက်နှာအိုးမဲသုတ်ထားတဲ့ လူ ၈ ယောက်က အိမ်ထဲဝင်ပြီးပစ်တာ ၊ ဓားနဲ့လည်းဝိုင်းခုတ်တာတွေကြောင့် ဦးတင်ထွန်းကတော့ နေရာမှာတင် ဆုံးသွားတယ် ၊ သူ့ရဲ့သား ကိုဖြိုးဝေကတော့ ပြင်းထန်ဒဏ်ရာရထားတယ် ” လို့ အမည်မဖော်လိုတဲ့ ထွေအုပ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။   ဒါ့အပြင် အသက် ၅၅…

Read More

သုံးကြိမ်မြောက်မှာ သေနတ်နဲ့ပစ်ခံရပြီး ထီးချိုင့်နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၈-၂၀၂၁ ရွှေဘုန်းမြင့်စံ + KK (VOM)   စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် အမှတ် ၁ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ မနေ့စက်တင်ဘာ ၁၇ရက်ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” အမှတ် ၁ရပ်ကွက်မှာ မနေ့ည၆နာရီချိန်က အမည်မသိအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို နေအိမ်ထဲဝင်ပြီး ရင်ဘတ်ကို သေနတ်နဲ့ပစ်သွားတာ၊ ဆေးရုံရောက်မှ သေသွားတာပါ၊ အရင်ကလည်း လုပ်ကြံတာတွေရှိတယ် ၊ ဒါပေမယ့် လွှတ်သေးတယ် အခုတစ်ကြိမ်တော့ သေနတ်နဲ့ပစ်လို့ သေသွားတာ”လို့ သူကပြောပါတယ်။   သေဆုံးသူမှာ ထီးချိုင့်မြို့နယ်၊ အမှတ် ၁ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဆိုသူဖြစ်ပြီး ပထမအကြိမ်က ဓားနဲ့ထိုးခံရတာကြောင့် ဆေးရုံတက်ခဲ့ရပြီး ဒုတိယအကြိမ်မှာ နေအိမ်ကိုလာရောက်လုပ်ကြံရာ မတွေ့တဲ့အတွက် သမီးနဲ့သားမက်ဖြစ်သူတို့ ကတ်ကြေးနဲ့ထိုးခဲ့ရလို့ ဆေးရုံတင်ခဲ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။   အမှတ် ၁…

Read More

ခရမ်းမြို့နယ်မှာ ဗုံးပေါက်ကွဲမှုနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက်အကျဆုံးရှိ

ရန်ကုန်၊စက်တင်ဘာ ၁၈-၂၀၂၁ KK(VOM)   ခရမ်းမြို့နယ် အားကစားရုံမှာ မနေ့ စက်တင်ဘာ ၁၇ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ ၂ဖက်အကျဆုံးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   အမည်မဖော်လိုသူဒေသခံတစ်ဦးက” မနေ့ည၆နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်တပ်၊ရဲတပ်ဖွဲ့ဝင်တွေနဲ့ခရမ်းPDFအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့တာ ၊ ည ၁၀အချိန်ထိ ကျနော်တို့ ကြားရတဲ့သတင်းတွေအရ ခရမ်းPDFဘက်က နှစ်ဦးအရင်သေတယ် တစ်ဦးအဖမ်းခံရတယ်၊ အဖမ်းခံရတဲ့ တစ်ဦးလည်း ည ၁၀ နာရီလောက်မှာ ဒဏ်ရာနဲ့သေသွားတယ်လို့ သိရတယ်၊ စစ်တပ်ဘက်ကလည်း ၅ဦးသေတယ်လို့ ကြာတယ်”လို့ ပြောပါတယ်။   PDF ဘက်က သေဆုံးသူနှစ်ဦးဟာ အမှတ် ၃ရပ်ကွက် မြေနီလမ်း နေသူတစ်ဦးနဲ့ ကျုံးကျုံးကျကျေးရွာမှ CDMပြုလုပ်နေတဲ့ စာရေးဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပြီးကျန်တစ်ဦးကိုတော့ စုံစမ်းနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   အမည်မဖော်လိုတဲ့ရဲအရာရှိတစ်ဦးကတော့ “ကျနော်တို့ဘက်က သိထားသလောက်တော့ စစ်တပ်က သေတာမရှိဘူး၊ ရဲတစ်ဦးဒဏ်ရာရတယ်…

Read More

ဂန့်ဂေါ ကလေး နယ် အစပ်မှာ လူနေအိမ် ၂ ရာနီးပါး မီးလောင်ခဲ့တာကြောင့် လူဦးရေ ၁ ထောင်ကျော် အရေးပေါ်အကူအညီလိုအပ်နေ

စက်တင်ဘာ ၁၈ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြားမှာရှိတဲ့ ရွာတွေထဲက ရွာပေါင်း ၁၁ ရွာမှာ စက်တင်ဘာ၁၀ ရက်နေ့ နောက်ပိုင်းက စလို့ ၇ရက်အတွင်း လူနေအိမ်တချို့ မီးလောင်ခဲ့တာကြောင့် လူဦးရေ ၁ ထောင်ဝန်းကျင်ဟာ ခိုကိုးရာမဲ့ ဖြစ်နေရတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မီးဘေးသင့်တာက ဂန့်ဂေါမြို့နယ်ဘက်က ရွာ ၄ ရွာနဲ့ ကလေးမြို့နယ်ဘက်က ရွာ ၇ ရွာ ၊ ဂန့်ဂေါ ကလေး ကားလမ်းကြောင်းမှာ မီးဘေးသင့်ရွာ အားလုံး ၁၁ ရွာဖြစ်တယ် ” လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။  …

Read More

ဝန်းသို – ပင်လည်ဘူးလမ်းပေါ်က ဗိုက်ကြီးသည်မတံတား ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်၊ မန်ကျည်ကုန်းကျေးရွာအုပ်စု ၊ လေဘိုကျေးရွာအနီး ဝန်းသို – ပင်လည်ဘူး ကားလမ်း ဗိုက်ကြီးသည်မ ချောင်းကူးတံတားမှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဝန်းသိုနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” တံတားအမှတ် ၁ / ၂၅ ဗိုက်ကြီးသည်မတံတားလို့ခေါ်တယ် ၊ အဲ့ဒီနေရာမှာ ၁၂ နာရီကျော်လောက်က ဖြစ်တာပါ၊ ပေါက်ကွဲတဲ့နေရာမှာ မိုင်းစထိမှန် ဒဏ်ရာတွေနဲ့ လူ ၂ ယောက်တွေ့ရတယ် ၊ ၁ ယောက်က သေနေပြီ ၊ ကျန် ၁ ယောက်ကတော့ သတိမရတော့ဘူး ၊ ဆေးရုံကိုပို့ရင်း…

Read More

မုံရွာ -ဂန့်ဂေါ -ကလေး ကားလမ်းမှာ မိုင်းအန္တရာယ်တွေကြောင့် သွားလာဖို့ မသင့်သေးဘူးလို့ လုပ်ငန်းရှင်တွေမှတ်ချက်ပြု

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ ကလေး ကားလမ်းမှာ မိုင်ပေါက်ကွဲပြီး ခရီးသွားကားတချို့ ထိခိုက်ပျက်စီးတာတွေနဲ့ လူတချို့ဒဏ်ရာရ သေဆုံးနေတာတွေရှိလာတဲ့အတွက် သွားလာဖို့ မသင့်သေးဘူးလို့ မုံရွာ ကလေး တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။   ” ဂန့်ဂေါ ကလေး ကားလမ်းပိုင်းက အရင်းအနှီး သိပ်ကြီးတယ် ၊ ထိခိုက်မှု တစုံတခုအတွက် ကုစားဖို့ အချိန်မမီနိုင်ဘူး ၊ လမ်းဘေးမိုင်းတွေရှိနေတယ်လို့ ကြားရတော့ အန္တရာယ်များတဲ့အတွက် ကားတွေမထွက်ပဲ နားထားရတယ် ” လို့ မုံရွာ ကလေး တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။   ဒီရက်ပိုင်းမှာ လမ်းဘေးမိုင်းတွေ မကြာခဏ ပေါက်ကွဲတာတွေဖြစ်နေတဲ့…

Read More

ရန်ကုန်မှာ တပ်စွဲထားတဲ့GTIကျောင်း၊ မော်တော်ပီကယ်ရုံး နဲ့ လ္ဘက်ရည်ဆိုင်တို့မှာ ဗုံးပေါက်မှုတွေဖြစ်ပွားခဲ့

စက်တင်ဘာ ၁၇-၂၀၂၁ GH ( VOM )   ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃ ခုက မော်တော်ပီကယ်ရုံး၊ စစ်တပ်က တပ်စွဲထားတဲ့ GTI ကျောင်းနဲ့ လက်ဘက်ရည်ဆိုင်တွေမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ရွှေပြည်သာမြို့နယ်မှာ မနက်အစောပိုင်းက စစ်တပ် တပ်စွဲထားတဲ့ GTI ကျောင်းအနီး ဗုံးပေါက်ကွဲခြင်း ၊မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်က လက်ဘက်ရည်ဆိုင်မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်းက မော်တော်ပီကယ်ရုံး ဗုံးကွဲတာတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။   ရွှေပြည်သာမြို့နယ်နေသူတစ်ဦးကတော့ ” မနက်အစောက ပေါက်ကွဲသံ ၄ ချက်ကြားရတယ်။ GTI ဘက်ကလို့သိရတယ်။ အဲ့ဒီမှာက စစ်တပ်က တပ်စွဲထားတယ် ။ အဲ့ဒီနားမှာပေါက်တာလို့တော့ကြားတယ် သေချာတော့မသိဘူး ” လို့ ပြောပါတယ်။   ဒီကနေ့မနက်ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မော်တော်ပီကယ်ရုံးပျက်စီးခဲ့သလို…

Read More

ဂျကာတာရဲ့ လေထုအရည်အသွေးကောင်းမွန်ရေး လုပ်ဆောင်ဖို့ သမ္မတဂျိုကိုဝီဒိုဒိုကို တရားရုံးအမိန့်ချ

ဂျကာတာ၊ စက်တင်ဘာ-၁၇-၂၀၂၁ မျိုးဆက် (VOM)   အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အခြားထိပ်တန်းတာ၀န်ရှိသူတွေဟာ ဂျကာတာမြို့ရဲ့ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ရာမှာ ပေါ့ဆမှုရှိခဲ့တယ်လို့ အင်ဒိုနီးရှားတရားရုံးတစ်ခုက စက်တင်ဘာ ၁၆ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။   သမ္မတနဲ့ပတ်သက်ပြီး တရားရုံးရဲ့သမိုင်း၀င် ဆုံးဖြတ်ချက်မှာတော့ လေထုအရည်အသွေးစောင့်ကြည့်ဖို့နဲ့ မြို့တော်ဂျကာတာမှာ လေထုအရည်သွေးကောင်းမွန်ဖို့ အခြားအစီအမံတွေကို သမ္မတက လုပ်ဆောင်ဖို့အတွက် တရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။   လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ဂျကာတာဒေသခံတွေက ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုမှုကို စတင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စီရင်ချက်ချဖို့ အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့ရပါတယ်။   လေထုညစ်ညမ်းမှုကြောင့် ဂျကာတာဒေသခံတွေရဲ့ သက်တမ်းဟာ ၅ ဒသမ ၅ နှစ်ထိ တိုတောင်းလာတယ်လို့ အမေရိကန်သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။   လူဦးရေ ၁၀ သန်းကျော်နေတဲ့ ဂျကာတာမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း အကြီးအကျယ်ဖြစ်ပေါ်နေပြီး ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေကလည်း…

Read More
VOM News

FREE
VIEW