တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၁] မျိုးဆက် (VOM) ဂျပန်နိုင်ငံမှ အသက် ၁၀၇ နှစ်နဲ့ ရက် ၃၀၀ ရှိပြီဖြစ်တဲ့ အမွှာညီအမကို ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းမှာ အသိအမှတ်ပြုလိုက်ပါတယ်။ ယူမီနိုဆူမီယာမာနဲ့ ကိုယူမီကိုဒါမာ အမွှာညီအမနှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် ယခင်ကသတ်မှတ်ခံထားရတဲ့ ကင်နာရီတာ နဲ့ ဂျင်ကာနီတို့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေး လွန်စွာကောင်းလှတဲ့ အဲဒီအမွှာညီအမနှစ်ဦးကို ရှိုဒိုရှီးမားကျွန်းမှာ ၁၉၁၃ ခုနှစ် နို၀င်ဘာ ၅ ရက်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအမအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာကို စက်တင်ဘာ ၁ ရက်မှာ အသိအမှတ်ပြုခဲ့တာလို့ ဂင်းနစ်မှတ်တမ်းအဖွဲ့က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ယခင်က စံချိန်တင်ခဲ့တဲ့ ကင် နှင့် ဂျင် အမွှာညီအမနှစ်ဦးဟာ…
Read MoreMonth: September 2021
ပြည်မြို့က ပရဟိတသမားတယောက်အပါအဝင် အမျိုးသား(၂)ယောက်အဖမ်းခံရ
စက်တင်ဘာ ၂၁-၂၀၂၁ GH ( VOM ) ပြည်မြို့က ပရဟိတသမားတယောက်နဲ့ အမျိုးသား တယောက် မနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းက ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကိုမျိုးနိုင်က ပရဟိတလုပ်တယ်။ သူ့ကိုအရင်ထဲက စစ်တပ် သတင်းပေးတဲ့ ဝကြီးကို သတ်တယ်ဆိုတဲ့ စွပ်စွဲထားတာ။ ဒါကြောင့်သူကရှောင်နေတာ။ အခုညက အောင်လံမှာ ဆိုင်ကယ်စီးနေချိန် ပစ်ပြီးဖမ်းခံလိုက်ရတယ်လို့သိရတယ်။သူနဲ့အတူနောက်တစ်ဦးလည်းပါတယ်သိရတယ်။ သေနတ်မှန်သွားတယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ် ။ ဖြစ်စဉ်မှာ မနေ့ည ၈ နာရီလောက်မှာ ပရဟိတလုပ်ကိုင်သူ ကိုမျိုးနိုင်နဲ့အတူ အမျိုးသားသုံးယောက် ဆိုင်ကယ်စီးနေချိန် စစ်တပ်က သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ၊၂ ယောက်ဖမ်းခံရပြီး တယောက်ကတော့ လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုဖို့အတွက် VOm…
Read Moreအိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှု အောက်တိုဘာလမှာ ပြန်လည်စတင်မယ်
ဒေလီ၊ စက်တင်ဘာ-၂၁-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ပြည်ပတင်ပို့မှုကို အောက်တိုဘာလမှပြန်လည်စတင်မယ်လို့ အိန္ဒိယအစိုးရက စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောကြေညာလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်တက်ခဲ့တာကြောင့် ကာကွယ်ဆေးတွေပြည်ပတင်ပို့မှုတွေကို ဧပြီလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ ကမ္ဘာ့ပေါ်မှာ ကာကွယ်ဆေးအကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာထုတ်လုပ်တဲ့ Astrazeneca ကာကွယ်ဆေးတွေကို ပြည်ပနိုင်ငံတွေကို အများအပြားတင်ပို့ခဲ့ပါတယ်။ အောက်တိုဘာ သို့မဟုတ် ဒီဇင်ဘာလအစောပိုင်းမှာ ကာကွယ်ဆေးတွေပြန်လည်တင်ပို့မယ့်အစီအစဉ်ကို အိန္ဒိယကျန်းမာရေး၀န်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခုနှစ်ပထမနှစ်၀က်အတွင်း နိုင်ငံတကာပါ၀င်တဲ့ COVAX အစီအစဉ်သို့ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး တင်ပို့မှုရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဖြန့်ဖြူးရေးအပေါ် ထိခိုက်ခဲ့ရပါတယ်။ Ref : NHK Photo:…
Read Moreလောင်းလုံနယ်မှာ ပေါက်ကွဲမှုဖြစ်လို့ အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရ
စက်တင်ဘာ ၂၁၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ် ၊ သောကြာပြင်ကျေးရွာ ၊ ဆင်ဘုရားအနီးမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးအနက် ၁ ဦးသေဆုံးကာ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးဆောင်ရွက်ပေးခဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ပေါက်ကွဲစတွေ ထိမှန်ပြီး အမျိုးသမီး ၂ ယောက်ထဲက ၁ ယောက်သေတယ် ၊ တယောက်ကတော့ ဒဏ်ရာပြင်းတယ် ” လို့ ဇဗ္ဗူသီရိ လူမှုကူညီရေး စေတနာ့ဝန်ထမ်း တစ်ယောက်ကပြောပါတယ်။ လောင်းလုံထွေ/အုပ် အသိုင်းအဝိုင်းကတော့ အဲ့ဒီပေါက်ကွဲမှုဟာ သောကြာပြင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းရဲ့ အိမ်ဖြစ်ပြီး ဒဏ်ရာရသူဟာ သူ့မိန်မနဲ့ သေဆုံးသူဟာ…
Read Moreမိုးကုတ်မြို့က ကျောက်ကုန်သည်တစ်ဦးရဲ့နေအိမ် နေ့ခင်းအချိန်မှာ ဓားပြတိုက်ခံရ
စက်တင်ဘာ ၂၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ၊သဒွတ်သျှိုးကျေးရွာမှာနေတဲ့ ဂေါ်ရခါးမျိုးနွယ် ကျောက်ကုန်သည်တစ်ဦးရဲ့နေအိမ်ကို မနေ့ စက်တင်ဘာ ၂၀ နေ့လယ်ပိုင်းက ဓားပြဝင်တိုက်ခံရတဲ့အတွက် အတွင်းပစ္စည်း ရွှေ၊ငွေတွေအပြင် ကျောက်ထုပ်တွေပါသွားတယ်လို့ ကျောက်ကုန်သည်တွေပြောပြချက်အရ သိရပါတယ်။ ” ကျောက်ထုပ် ၁၇ ထုပ် ၊ ရွှေ ၃၀ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာ ပါသွားတယ်လို့ ကြားရတယ် ” လို့ ကျောက်ကုန်သည်တစ်ယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သဒွတ်သျှိုရွာခံတစ်ယောက်က ” လူ ၆ ယောက်ကလာပြီး အိမ်ရှေ့မှာ လူ ၂ ယောက်ကျန်ခဲ့တယ် ၊ ကျန် ၄ ယောက်က အိမ်ထဲ ဝင်သွားတယ် ၊…
Read Moreမြဝတီမြို့မှာ ဗုံးပေါက် တယောက်သေ၊ ၂ယောက်အပြင်းထန်ဒဏ်ရာရ
စက်တင်ဘာ ၂၁-၂၀၂၁ GH ( VOM ) မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံ ၂ လမ်းက နေအိမ်တစ်လုံးမှာ စက်တင်ဘာ ၂၀ မနေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး တယောက်သေ၊ ၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ညက ၇ နာရီ ကျော်လောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်တော့သိရတာက ၁ ဦးကပွဲချင်းပြီးသေတယ်။နောက်နှစ်ယောက်ကလည်း ဒဏ်ရာစိုးရိမ်ရလို့ ဆေးရုံခေါ်သွားကြတယ်၊ဆေးကုပေးနေတယ်သိရတယ် ” လို့ ဒေသခံတယောက်ကပြောပါတယ်။ ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကိုလည်း အိမ်နောက်ဖေးမှာ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်ဆီကသိရပါတယ်။ ” သူတို့ကအောင်မြေရွှေဘုံ (၂) လမ်းကအိမ်မှာ ငှါးနေကြတာလို့ပြောတယ်။ လက်လုပ်ဗုံးစမ်းရင်း ပေါက်တာလို့ ပြောနေကြတာပဲ သေချာတော့မသိကြဘူး…
Read Moreရန်ကုန်က မြို့နယ်လေးမြို့နယ်မှာ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ပြီးနောက် လက်နက်တချို့ သိမ်းဆည်းခံရ
ရန်ကုန်၊စက်တင်ဘာ ၂၁၊၂၀၂၁ KK(VOM) ရန်ကုန်တိုင်းမှာရှိတဲ့ ဒဂုံမြိုနယ် ၊သင်္ဃန်းကျွန်း၊ သာကေတနဲ့ မြောက်ဥက္ကလာတို့မှာ စက်တင်ဘာ ၂၀ရက်က ဗုံးပေါက်ကွဲတာတွေ သေနတ်နဲ့ပစ်ခတ်တာတွေ လက်နက်တွေဖမ်းမိတာတွေဖြစ်ခဲ့တယ်လို့ အဲဒီမြို့နယ်တွင်း နေသူတွေဆီက သိရပါတယ်။ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက် ဦးဝိစာရအိမ်ယာနားက အမှိုက်ပုံမှာ မနေ့ညနေ ၅နာရီက ဗုံးပေါက်ကွဲခဲ့တာမှာ ကားတစ်စီးထိခိုက် ပျက်စီးခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ နတ်စင်လမ်း၊ စနိုးဂါးဒင်းအိမ်ယာရှေ့မှာလည်း မနေ့မနက် ၁၁နာရီက စက်ဘီးစီးလာသူတစ်ဦးကနေ လက်လုပ်ဗုံးနဲ့ အိမ်ယာဝင်ထွက်ပေါက်ကို ပစ်ခတ်ခဲ့လို့ ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ အိမ်ယာမှာ နေသူတယောက်က ပြောပါတယ်။ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း၊ ရေစက်ဆုံရာစားသောက်ဆိုင်ရှေ့မှာလည်း မနေ့မနက် ၁၂နာရီဝန်းကျင်က ဆိုက်ကားနင်းတဲ့ ကိုအောင်ကျော်စိုးကို ဆိုင်ကယ်စီးလာသူလူငယ်နှစ်ဦးက နောက်မှသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆေးရုံသို့ပို့ဆောင်ကုသထားရကြောင်း မြို့ ခံတယောက်က ပြောပါတယ်။ …
Read Moreစစ်ကိုင်းတိုင်းမှာ မြို့နယ် တချို့က ရွာတွေမှာ ဖုန်းအင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေ
စက်တင်ဘာ ၊ ၂၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်းထဲက ဆက်သွယ်ရေး တာဝါတိုင်တချို့ ပျက်စီးနေတာကြောင့် မြို့နယ် ၅ ခုထက်မနည်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆက်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။ မေလပိုင်းကစလို့ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြား ဆက်သွယ်ရေးတာဝါတိုင်တချို့ ဖျက်စီးခံရတာကနေ စက်တင်ဘာလ ၂၀ ရက်အထိ ၄ လတာကာလအတွင်း တာဝါတိုင် ၄၀ နီးပါး ပျက်စီးနေတယ်လို့လည်းသိရပါတယ်။ မင်းကင်း ဒေသခံ တစ်ယောက်က သူတို့ကြုံရတဲ့ အခက်အခဲကို ပြောပြတာက” ကျောင်းပိတ်ရက်တွေရှည်လာတာတော့ ကလေးတွေ ပညာရေးနောက်မကျအောင်ဆိုပြီး အွန်လိုင်းစာသင်ဝိုင်းနဲ့ တက်ခိုင်းတယ် ၊ ရွာမှာက ကေဘယ်လ် အင်တာနက်လိုင်း မရှိတော့ မီနီဝိုင်ဖိုင်နဲ့ အသုံးပြုပြီး အွန်လိုင်းကျောင်းတက်ခိုင်းရတာပါ ၊ ခုလ ၉ ရက်ကစပြီး အဲ့ဒီ…
Read Moreပြည်သူ့ထံက ပြည်သူ့အသံ
ကချင်ပြည်နယ် ရွှေကူမြို့ အထက်နား ရွှေပေါ်ကျွန်း စေတီတော်မြတ်ကြီး တည်ရှိရာ ရေလယ်ကျွန်ဦးထိပ် ငါးဘတ်ဝရွာ ရှေ့ ဧရာဝတီ မြစ်ကြောင်းထဲတွင် နိုင်ငံတော်အား အခွန်ပေးဆောင်ခြင်းလဲ မရှိပဲ ရွှေကူ မြို့နှင့် အနီးတဝိုက်မြို့နယ်များမှ ရွှေစက်လှေ ပိုင်ရှင်များသည် သဲမှုန်စုပ်များဖြင့် ရွှေ မျေားများထောင်ကာ စက်လှေ ၂၀ကျော် ၃၀ စီးဝန်ကျင်ခန့် တရားမဝင် ရွှေများတူးဖော်နေကြပါသည် ။ ၎င်းအချင်အရာအား ငါးဘတ်ဝကျေးရွာ အုပ်ချုပ်ရေးမူးမှ လက်ရှိ မြစ်ကမ်းပါး များပြိုနေသည့် အချင်းအရာ အား စိုးရိမ်သဖြင့် အုပ်စုအုပ်ချုပ်ရေးမူးနှင့် မြို့နယ် ဌာန ဆိုင်ရာ အသီးသီး သို့ အရေးယူပေးပါရန် တင်ပြသော်လဲ အရေးယူပေးခြင်းမရှိပါ ။ နေပြည်တော် တိုင်စာဌာနသို့ ဖုန်းဆက် အကြောင်း ကြားသေားအခါ မြို့နယ် စခန်းသို့တိုင်ရန်လမ်ညွန်ပါသည် ။ မြို့နယ်အဆင့်မှ လည်း…
Read More‘NAC’ HIVကူညီစောင့်ရှောက်ရေးဂေဟာမှာ စားဝတ်နေရေးနဲ့ ဆေးဝါးတွေလိုအပ်နေ
ရန်ကုန်၊စက်တင်ဘာ ၂၀-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ကုသနေတဲ့လူနာတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဂေဟာတာဝန်ရှိသူဆီကနေ သိရပါတယ်။ အဲ့ဒီဂေဟာမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက လူနာပေါင်း ၁၆၀ ကျော်ရှိပြီး ကလေး ၁၀၁ဦးနဲ့ လူကြီး ၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ဂေဟာတာဝန်ခံကိုစိုးရာဇာထွန်းက ” အခုကာလမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်ချက်ရှိနေတယ်၊ ကလေးက အသက်၅လကနေစပြီး အသက်၁၈နှစ်ရှိတယ်၊ လူကြီးဆို ၁၈နှစ်ကနေ ၈၂နှစ်အထိရှိတယ်၊ ဒီကာလမှာ ပိုပြီးခက်ခဲတယ်၊ နိူင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကလည်း မပြီးသေးတော့ ဆေးထုတ်ဖို့ အခက်အခဲရှိတယ်၊ ARTဆေးတောင် ထုတ်ဖို့မလွယ်ဘူး”လို့ ပြောပါတယ်။ အဲ့ဒီဂေဟာမှာ ရောဂါသက်သာလာပြီး မွေးရပ်မြေ ပြန်ချင်ပေမယ့် လမ်းစရိတ်မတက်နိူင်တာကြောင့် ဂေဟာမှာပဲနေထိုင်ကာ ကလေးတွေကို ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုပေးတဲ့အလုပ်ကို…
Read More