အောက်တိုဘာ ၃-၂၀၂၁ GH ( VOM ) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်ကြပ် ကျော်စိုးမိုးဆိုသူဟာ ဒီကနေ့ညနေပိုင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရဲတပ်ကြပ်ကျော်စိုးမိုးကို သူ့ရဲ့နေအိမ်အနီးက ဖက္ကလိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” သူက ဖက္ကလိပ်ရွာမှာနေတာ။ ညနေ ၆ နာရီလောက် တံမြက်စည်းလှည်းနေချိန်မှာ သေနတ်နဲ့ပစ်ခံလိုက်ရတာ။၆ ချက်ပစ်သွားတယ်လို့သိရတယ်။နေရာမှာပွဲချင်းပြီးပဲ ” လို့ ဒေသခံတဦးကပြောပါတယ်။ ရဲတပ်ကြပ် ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲက ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြိး အခုချိန်ထိ စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပစ်ခတ်မှုကိုတော့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ မနေ့ အောက်တိုဘာ၂ ရက်နေ့က မွန်ပြည်နယ်၊…
Read MoreDay: October 3, 2021
အုတ်ဖိုမြို့က ကျန်းမာရေးဝန်ထမ်းလင်မယား ဖမ်းဆီးခံရ
အောက်တိုဘာ ၃-၂၀၂၁ GH (VOM ) ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းလင်မယားကို မနေ့ အောက်တိုဘာ ၂ရက်နေ့ ညပိုင်းက သူတို့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။ ဖမ်းဆီးခံလိုက်ရသူတွေဟာ အုတ်ဖို့မြို့နယ်က ကျန်းမာရေးမှူး ဦးအေးမင်းထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောအေးမွန်တို့ဖြစ်ပြီး မနေ့က ည ၈ နာရီလောက်မှာ အုတ်ဖိုရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” မနေ့ကညမှာ ဆရာမတို့အိမ်ကို ရဲတွေလာပြီးဖမ်းကြတာ။ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိရသေးဘူး။ဆရာမက cdm လုပ်နေတာ ၊ဆရာရော ဆရာမရောကကျနော်တို့မြို့အတွက် အရမ်းကိုအားထားရတဲ့သူတွေပါ၊ ” လို့ မြို့ခံဖြစ်သူတဦးကပြောပြပါတယ်။ ဆရာမဒေါ်စောအေးမွန်ဟာ အုတ်ဖိုမြို့နယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့သူနာပြုဆရာမကြီး ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အုတ်ဖိုမြို့နယ်ရဲစခန်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။…
Read Moreမုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ကိုင်းချောင်းတံတား မိုင်းကွဲမှုဖြစ်ပွားပြီး ခရီးသွားကားတွေ ပိတ်မိနေ
အောက်တိုဘာ ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ်-၆၀ အနီးဝန်းကျင်မှာရှိ အင်တောပျန့်ရွာနားက ကိုင်းချောင်း သံကူကွန်ကရစ်တံတားမှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းခွဲခံရတဲ့အတွက် တံတားပျက်စီးတာတွေရှိခဲ့ပြီး ခရီးသွားတချို့ ပိတ်မိနေတယ်လို့ ကျောမြို့ခံတွေက ပြောပါတယ်။ ” မိုင်းခွဲခံရတဲ့တံတားက ပုံတောင်နတ်ထိပ်နဲ့ ၆ မိုင်ပဲဝေးတယ်၊ ကိုင်းချောင်သျှိုထဲမှာ ရှိတာဆိုတော့ ဂန့်လမ်းအတွက် အဓိကကျတဲ့ တံတားဖြစ်ပြီး ကွင်းလမ်းနေရာ မရှိဘူး ” လို့ မုံရွာ-ဂန့်ဂေါ-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ပုလဲမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းပရိုင်မိတ် ရှေးဟောင်းနယ်မြေဆီကို မုံရွာ-ဂန့်ဂေါလမ်းကနေ ဖြတ်ဖောက်ထားတဲ့ ဝမ်းပြင်းရွာနားမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကိုင်းချောင်းတံတား ဖောက်ခွဲခံရတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့…
Read Moreကိုဗစ်နဲ့ နိူင်ငံရေးမတည်ငြိမ်မှုတွေကြားက အလုပ်သမားတွေရဲ့ဘဝ
အောက်တိုဘာ ၃-၂၀၂၁ အေးချမ်းသူ(VOM) ကိုဗစ်ကပ်ရောဂါနဲ့နိူင်ငံရေးမတည်ငြိမ်မှုတွေဟာ မြန်မာနိူင်ငံမှာရှိတဲ့ စက်မှုဇုန်ပေါင်းစုံက အလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။ ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိူင်ငံမှာ ခေတ္တယာယီနဲ့ အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံ (၄၄၈) ရုံရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရုံးကနေ သိရပါတယ်။ အဲဒီလို ပိတ်သိမ်းလိုက်တဲ့အထဲမှာ ရန်ကုန် နဲ့မန္တလေးက စက်ရုံအလုပ်ရုံတွေက ပိုမိုများပြားပြီး စက်ရုံပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားဦးရေ တစ်သိန်းကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်းသွားလို့ အလုပ်သမား(၈၀၀)ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရ ပါသေးတယ်။ “အဓိက ပြဿနာက အော်ဒါမရတာ၊ အော်ဒါမရတော့ ချုပ်ပြီးသားအထည်တွေလည်း ပို့လို့ရမရဘူးဖြစ်နေတယ်၊ ကိုဗစ်ကာလမှာ…
Read More