ထန်းတပင်မြို့နယ် မရွှေဥကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ လူ(၃) ဦး သေနတ်နဲ့ပစ်ခံရ

ရန်ကုန်၊အောက်တိုဘာ ၈-၂၀၂၁
KK(VOM)
 
ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မရွှေဥကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်ပြင်ဆိုင်မှာ ဘီးဖာနေချိန် အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးအပါအဝင် (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
“အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်ပြင်ဆိုင်မှာပစ်တာ၊ သူ့ရော ဆိုင်ကယ်ပြင်ဆိုင်က ကောင်လေးနှစ်ယောက်ရောထိသွားတယ်၊ အခုဆေးရုံမှာပါ”လို့ သူက ရှင်းပြပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ခတ်ခံရသူဟာ မရွှေဥကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်ဆိုသူနဲ့ (လမင်းသံစဥ်)ဆိုင်ကယ်ပြင်ဆိုင်က လူငယ်နှစ်ဦးတို့ဖြစ်ပြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးပိုင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ မရွှေဥကျေးရွာမှာ သေနတ်နဲ့ပစ်ခတ်မှုကို စုံစမ်းနေပြီး လမ်းသွားလမ်းလာနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီကနေ့ သေနတ်ပစ်ခတ်မှုဟာ ထန်းတပင်မြို့နယ်မှာ ပထမဦးဆုံးပစ်ခတ်မှုဖြစ်ခဲ့ပြီး သတင်းပေးလို့ နာမည်ထွက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့တာလည်းဖြစ််တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
 
#voiceofmyanmar #VOM #ထန်းတပင် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW