ထိုင်၀မ်နဲ့မဖြစ်မနေ ပြန်လည်ပေါင်းစည်းရမယ်လို့ တရုတ်သမ္မတပြော

ပေကျင်း၊ အောက်တိုဘာ-၉-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံဟာ ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က မိန့်ခွန်းတရပ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးဟာ ငြိမ်းချမ်းစွာဖြစ်သင့်တယ်လို့ သူကဆိုပါတယ်။
 
ဒါပေမယ့် တရုတ်ပြည်သူတွေဟာ ခွဲထွက်ရေးဝါဒကို ဆန့်ကျင်တဲ့ အစဉ်အလာရှိတယ်လို့ သမ္မတရှီကျင်းပင်က သတိပေးပြောဆိုပါတယ်။
 
ထိုင်၀မ်ကျွန်းရဲ့ အနာဂါတ်ဟာ ထိုင်၀မ်ပြည်သူတွေရဲ့လက်ထဲမှာပဲရှိတယ်လို့ တရုတ်သမ္မတရဲ့ ပြောကြားချက်ကို ထိုင်၀မ်သမ္မတရုံးက တုန့်ပြန်လိုက်ပါတယ်။
 
တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းကိုသူရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ကိုယ်ပိုင် အချုပ်အခြာနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
 
ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်လာရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ တရုတ်ဘက်က ပြောဆိုထားပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ထိုင်၀မ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် အစင်း ၁၅၀ နီးပါးထိ ၀င်ရောက်ပျံသန်းခဲ့ပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

VOM News

FREE
VIEW