၀ါရှင်တန်၊ အောက်တိုဘာ-၁၈-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်ဟာ ဒေသတွင်း သူ့ရဲ့ကတိက၀တ်တွေကို အတည်ပြုဖို့နဲ့ မြန်မာနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းနိုင်ငံကို စေလွှတ်သွားမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်ဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၂၂ ရက်ထိဖြစ်ပြီး အင်ဒိုနီးရှားနဲ့စင်ကာပူတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေးတွေပြန်လည်နာလန်ထူရေးအပါအ၀င် အရှေ့တောင်ရှနဲ့ အမေရိကန် ပိုမိုပူးပေါင်းဖို့ ၊ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အဖွဲ့၀င်နိုင်ငံတွေရဲ့ ပြသနာအချို့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအပေါ် အမေရိကန်ရဲ့ ကတိက၀တ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် အာဏာပိုင်တွေကို ဖိအားပေးဖို့တွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ…
Read MoreMonth: October 2021
ပုဂံမှာ မိုးရွာသွန်းမှုများပြီး ပြသာဒ်ကြီးဘုရားနဲ့ ဘုရားအချို့၊ အုတ်ကျောင်းအချို့ပါ ပျက်စီးမှုတွေရှိခဲ့
အောက်တိုဘာ ၁၈-၂၀၂၁ GH ( VOM ) ပုဂံမှာ မနေ့ အောက်တိုဘာ ၁၇ရက်ကရွာခဲ့တဲ့ မိုးကြောင့် ပြသာဒ်ကြီးဘုရားအပါအဝင် ဘုရား နဲ့ အုတ်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ ပုဂံဒေသခံတွေဆီက သိရပါတယ်။ စိုးမင်းကြီးဘုရား၊ စေတနာကြီးဘုရားက အုတ်တံတိုင်း၊ ပုထိုးသားများဘုရား၊ မြင်းကပါရွာအနီးက အုတ်ကျောင်း၊ တောင်မြေရွာက အုတ်ကျောင်းတစ်ကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ ” ပြသာဒ်ကြီးဘုရားရဲ့အနောက်ဘက်မုဒ်က ပြိုကျတာပေါ့။ အပေါ်ကနေ ရေတွေစိမ့်ဝင်ပြီး အိပြီးပြိုကျတာ။ အရင်တုန်းက ကန်ထရိုက်စနစ်နဲ့လုပ်ခဲ့တဲ့အပိုင်းပေါ့။ နောက်ထပ်ပြိုကျတဲ့အုတ်ကျောင်းတွေရှိတယ်။ဘုရားတွေရှိတယ် ၊စူဠာမဏိဘုရားထဲလည်း ရေတွေပြန်ဝင်နေတယ်” လို့ ပုဂံဒေသခံလူမှုကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ဘုရားတွေ၊အုတ်ကျောင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံကွင်းဆင်းစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ အခုလိုပြိုကျတာတွေနဲ့ပတ်သက်ပြီး ပုဂံရှေး/သုဌာနခွဲကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။ ပုဂံညောင်ဦးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မနေ့ကညပိုင်းအထိ…
Read Moreအိန္ဒိယမှာ ရေဘေးကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
ဒေလီ၊ အောက်တိုဘာ-၁၈-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီးကာ ရေကြီးရေလျှံဖြစ်ပွားနေတာကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံးသွားပြီး မြို့နဲ့ ကျေးရွာတွေ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငါးဦးပါ၀င်ပြီး လူအများအပြားပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။။ ရေကြီးရေလျှံမှုကြောင့် နေအိမ်အများအပြား ရေမျောသွားပြီး ကီရာလာပြည်နယ် ကိုတာရမ်ခရိုင်ရှိ လူအများအပြားမှာ ပိတ်မိနေပါတယ်။ ကိုတာရမ်နဲ့ အိုင်ဒူကီခရိုင်တို့ဟာ ပြည်နယ်အတွင်းရှိ ရေဘေးဒဏ်အခံရဆုံးဖြစ်ပြီး ရက်အတန်ကြာ မိုးရွာသွန်းမှုတွေကြောင့် လူသေဆုံးစေတဲ့ မြေပြိုမှုတွေဖြစ်ပေါ်နေပါတယ်။ ရေဘေးကြောင့် ပိတ်မိနေသူတွေကို ကယ်တင်ဖို့နဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ စစ်ဘက်ရဟတ်ယာဉ်တွေကို အသုံးပြုနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ ပြည်နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်မှာ လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးထားကြောင်း ကီရာလာပြည်နယ် ၀န်ကြီးချုပ်ကပြောဆိုပါတယ်။…
Read Moreမန္တလေး မြို့တော်ခန်းမအနီးမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွား
အောက်တိုဘာ ၁၈-၂၀၂၁ Ko HiK (VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမအနီး ၂၇လမ်းနဲ့ ၇၁လမ်းထောင့်မှာ ဒီကနေ့မနက် ၁၁နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ သတင်းရင်းမြစ်တဦးကတော့ “မြို့တော်ခန်းမရဲ့ တောင်ဘက် အုတ်နံရံမှာ ပေါက်ကွဲတာ၊ အဲ့ဒီနားရပ်ထားတဲ့ ကားအချို့နဲ့ အုတ်နံရံ နည်းနည်းပျက်စီးသွားတယ်”လို့ ပြောပါတယ်။ “ကျနော်က ၂၈လမ်းဘက်ကနေ ဆိုင်ကယ်မောင်းလာတာ အုန်းဆိုတဲ့အသံကို ကြားတာပဲ၊ မြို့တော်ခန်းမဘက်ကို ကွေ့ဖို့လုပ်ချိန် စစ်သားတွေက လမ်းပိတ်ပြီး ပြန်ကွေ့ခိုင်းတာပဲ၊ အရင်က အဲ့နေရာမပေါက်ဖူးဘူး၊ ရပ်ကျေးရုံးတို့ ရဲစခန်းတို့လောက်ပဲ ပေါက်တာ”လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုအတိအကျကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒါ့အပြင် မြို့တော်ခန်းမအနီး ပေါက်ကွဲမှုဖြစ်ပွားအပြီး မန္တလေးမြို့က နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ ပုံစာ- ၂၇လမ်းနှင့် ၇၁လမ်းထောင့်…
Read Moreဆန္ဒပြမှုကြောင့် ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသား/သူ ၁၃၀၀ကျော်ကို ပြန်လွှတ်၊ ကြားနားစစ်ဆေးဆဲအမှုက ၄၃၀၀ကျော်ကို အမှုပိတ်သိမ်း
အောက်တိုဘာ ၁၈-၂၀၂၁ KT(VOM) အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား/သူ ၁၃၀၀ကျော်ကို ပြန်လွှတ်ပေးမှာဖြစ်ပြီး ၅၀၅နဲ့ သက်ဆိုင်တဲ့ ကြားနားစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုတွေကို ပြန်လည်ပိတ်သိမ်းပေးသွားမယ် ဒီကနေ့မှာ နစက ကောင်စီက ကြေညာခဲ့ပါတယ်။ ” အကျဥ်းသူ/အကျဥ်းသားတွေလွှတ်ပေးမယ်၊၁၃၁၆ ဦးလွှတ်ပေးမယ်၊ဒုတိယအမိန့်စာကတော့ ၅၀၅ နဲ့စွဲထားသူတွေကိုအမှုပိတ်မယ်၊ ၄၃၂ ၀ဦးဖြစ်ပါတယ်၊လွှတ်ပေးမယ့်အထဲမှာ အနုပညာရှင်တွေပါမယ်၊အမှုပိတ်တဲ့အထဲမှာလည်း အနုပညာရှင်တွေပါမယ်၊ လွှတ်ပေးမယ့်အထဲမှာ CDM ကြောင့်ဖမ်းထားသူတွေလည်းပါမယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ #voiceofmyanmar #VOM #အကျဉ်းသား #၅၀၅အမှုပိတ်သိမ်း
Read Moreတန့်ဆည်နယ်မှာ ရဲမိသားစုနေအိမ်တွေ နဲ့ ရဲစခန်းတချို့ပါ မီးလောင်
အောက်တိုဘာ ၊ ၁၈ -၂၀၂၁ VOM စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့မှာ နေထိုင်တဲ့ ရဲမိသားစုတချို့ရဲ့နေအိမ်တွေ မီးလောင်ခဲ့ပြီးနောက် ဒီကနေ့ မနက် အစောပိုင်းက ရဲကင်းစခန်းတခု ထပ်မံမီးလောင်ခဲ့တယ်လို့ တန့်ဆည်နယ်တွေက ပြောပါတယ်။ ဒီမနက် ရဲကင်းစခန်း ၁ ခု မီးလောင်တာနဲ့ ပတ်သက်လို့ တန့်ဆည်နယ်ခံတယောက်က” အခုမနက် အစောပိုင်း ၁ နာရီခွဲအချိန်လောက်မှာ နဘက်ကြီးရဲစခန်း မီးလောင်သွားတယ် ၊ သွားမကြည့်ရဲလို့ ဘယ်လောက် လောင်းသွားတယ် မသိဘူး ၊ မီးကတော့များတယ် “လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ ကျီကုန်း(တောင်)ရွာက ရဲမိသားစု ၄ ယောက် အသတ်ခံရပြီး နေအိမ်ပါ မီးလောင်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီရွာထဲက တခြား လူနေအိမ် ၁…
Read Moreပွင့်ဖြူနယ်က ကျောင်းတော်ရာသမိုင်းစေတီ(၈)ဆူ မိုးသက်လေပြင်းဒဏ်ကြောင့် ပျက်စီး
အောက်တိုဘာ ၊ ၁၈ -၂၀၂၁ VOM မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ၊ ကျောင်းတော်ရာ ကျေးရွာဘက်မှာ မနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းကစလို့ မိုးသက်လေပြင်း ကျရောက်ခဲ့တဲ့အတွက် ရှေးဟောင်းသမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာက စေတီ (၈)ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးရဲ့ ဒုတိယအဆင့်ထီးတော်မှ စိန်ဖူးတော်ငှက်မြတ်နားတော်အထိ ထီးမဏ္ဍိုင် မြောက်ဘက်ကို ကွေးညွတ်သွားတယ် ၊ အရံစေတီ(၁၀၈)ဆူအနက်မှ ရာဟုထောင့်အရံစေတီ(၂)ဆူ ၊ စနေထောင့် အရံစေတီ (၂)ဆူ ၊ အင်္ဂါထောင့်အရံစေတီ(၄)ဆူက မြောက်ဘက်သို့ ယိမ်းယိုင်သွားခဲ့တယ် ၊ ဒိအပြင် အရှေ့ဘက်ရှိ နတ်လမ်း ပြဿဒ်ထီးတော်ပြုတ်ကျခဲ့ပြီး မာမကာတန်ဆောင်းပန်းဆွဲများလည်း ပြုတ်ကျပျက်စီးသွားတာ “လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာန ၊ ရှာဖွေကယ်ဆယ်ရေး…
Read Moreပျဉ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်ရုံးရှေ့မှာ ဗုံးပေါက်
အောက်တိုဘာ ၁၇-၂၀၂၁ KT(VOM) နေပြည်တော်၊ပျဉ်းမနားမြို့၊ရန်အောင်(၂)ရပ်ကွက်ရုံးရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၁၇ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “အသံတော့ကျယ်တယ် ဗုံးသံကြားလို့ ထွက်ကြည့်တာ ဆိုင်ကယ်နဲ့ပဲလာပစ်တာ၊ ရပ်ကွက်ရုံးထဲကိုပစ်တာ ထင်တယ်၊ ဗုံးကမဝင်ဘဲ တခုခုနဲ့ထိပြီး ရုံးအပေါက်ဝနားမှာပဲပေါက်သွားတယ်”လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့က ရေမြောင်းအတွင်းကိုကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ ညပိုင်းကလည်း ပျဉ်းမနားမြို့က မြဝတီဘဏ်နောက်ကျောမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွားခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #ပျဉ်းမနား #ပေါက်ကွဲမှု
Read Moreရွှေတွေကို ဘဏ်ကနေ ရောင်းချပေးတဲ့အခါ ဘဏ်အကောင့်အဟောင်းကငွေနဲ့ ဝယ်ယူလို့မရ
အောက်တိုဘာ ၁၇-၂၀၂၁ GH (VOM ) ရွှေစျေးနူန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နူန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ကာ ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။ အဲ့ဒီလိုရောင်းချရာမှာ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။ “ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ အဲ့ဒီ စနစ်အဟောင်းကကျန်ခဲ့ပြီ အခုက စနစ်သစ်၊ အကုန်အကောင့်အသစ်တွေနဲ့ အကုန်သွားတာပဲ။အကောင့်အသစ်ဖွင့်ရမယ်၊ရွှေရော သွင်းလို့ထုတ်လို့ရမယ်။စနစ်ဟောင်းကတော့ တဖြည်းဖြည်းချင်းသွားပါလိမ့်မယ်။ cash ပေးချေရမယ့်သဘောပါပဲ။ ” လို့ YGEAဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။ ရောင်းချပေးမယ့် ရွှေတွေကိုတော့ YGEA အသင်းက ဘဏ်မှာအပ်ပေးထားမှာဖြစ်ပြီး အဲ့ဒီရွှေတွေကို ပြည်သူလူထုက ဘဏ်မှာတိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ဝယ်ယူပြီးနောက် ရွှေတွေကို…
Read Moreမန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရ
အောက်တိုဘာ ၁၇-၂၀၂၁ Ko Hik (VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးတိုက်တန်းရှိ ရွှေဆိုင်တစ်ဆိုင်မှာ ဒီကနေ့နေလယ်ပိုင်းက ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တဦးဆီကနေ သိရပါတယ်။ “ဖြစ်တာက နေ့လယ် ၁ချက်ထိုးလောက်ပဲ၊ လူ၃ယောက် ဆိုင်ကယ်နဲ့ Maskတပ်ပြီးလာတာ၊ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်တယ် (၂)ချက်၊ ကောင်တာ မှန်ဘီဒိုကို တူနဲ့ထုပြီးရွှေလက်ကောက်နဲ့ ၊ ရွှေဟန်းချိန်းတွေယူသွားတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ရွှေဆိုင်ပိုင်ရှင်မှာ နောက်ကျောရှပ်ထိဒဏ်ရာနဲ့ ဆေးရုံမှာကုသနေရပြီး ဓားပြတိုက်သူတွေဟာ ပြန်ထွက်ချိန်မှာ CCTVမော်နီတာကို သေနတ်နဲ့ပစ်သွားသေးတယ်လို့လည်း သိရပါတယ်။ ဓားပြတိုက်တဲ့သူတွေ ယူဆောင်သွားတဲ့ ရွှေပစ္စည်းတွေရဲ့ တန်းဖိုအတိအကျကို VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး မန္တလေးမြို့ကနေရာ အတော်များများမှာ ဆိုင်ကယ်စီးနေသူကို ဒုတ်နဲ့ရိုက် ဓားနဲ့ခုတ်ကာ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို လုယူသွားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့သလို…
Read More