ဆန္ဒပြမှုကြောင့် ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသား/သူ ၁၃၀၀ကျော်ကို ပြန်လွှတ်၊ ကြားနားစစ်ဆေးဆဲအမှုက ၄၃၀၀ကျော်ကို အမှုပိတ်သိမ်း

အောက်တိုဘာ ၁၈-၂၀၂၁
KT(VOM)
 
အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား/သူ ၁၃၀၀ကျော်ကို ပြန်လွှတ်ပေးမှာဖြစ်ပြီး ၅၀၅နဲ့ သက်ဆိုင်တဲ့ ကြားနားစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုတွေကို ပြန်လည်ပိတ်သိမ်းပေးသွားမယ် ဒီကနေ့မှာ နစက ကောင်စီက ကြေညာခဲ့ပါတယ်။
 
” အကျဥ်းသူ/အကျဥ်းသားတွေလွှတ်ပေးမယ်၊၁၃၁၆ ဦးလွှတ်ပေးမယ်၊ဒုတိယအမိန့်စာကတော့ ၅၀၅ နဲ့စွဲထားသူတွေကိုအမှုပိတ်မယ်၊ ၄၃၂ ၀ဦးဖြစ်ပါတယ်၊လွှတ်ပေးမယ့်အထဲမှာ အနုပညာရှင်တွေပါမယ်၊အမှုပိတ်တဲ့အထဲမှာလည်း အနုပညာရှင်တွေပါမယ်၊ လွှတ်ပေးမယ့်အထဲမှာ CDM ကြောင့်ဖမ်းထားသူတွေလည်းပါမယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
 
#voiceofmyanmar #VOM #အကျဉ်းသား #၅၀၅အမှုပိတ်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW