ဟေတီမှာ အမေရိကန်သာသနာပြုအဖွဲ့ ပြန်ပေးဆွဲခံထားရ

ပို့အော့ပရင့်၊ အောက်တိုဘာ-၁၈-၂၀၂၁ မျိုးဆက် (VOM)   ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်အနီးမှာ အမေရိကန်သာသနာပြုအဖွဲ့တစ်ဖွဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး ဒါဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုက လုပ်ဆောင်တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။   အမျိုးသားငါးဦး၊ အမျိုးသမီး ခုနှစ်ဦးနဲ့ ကလေးငါးဦးတို့ဟာ မိဘမဲ့ဂေဟာတစ်ခုကိုသွားရောက်ပြီး အပြန်မှာ ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။   ဧပြီလအတွင်းကလည်း ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြန်ပေးဆွဲခဲ့တာကြောင့် မာဝိုဇိုဂိုဏ်းက အဖွဲ့၀င် ၄၀၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   ဟေတီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြန်ပေးဆွဲမှုအဖြစ်ပွားဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာတော့ အဆိုးရွားဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ ပြန်ပေးဆွဲမှု ၆၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပါတယ်။   ဒီအရေအတွက်ဟာ ယမန်နှစ်အလားတူကာလကထက် ၂၃၁ မှုပိုမိုများပြားတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေကဆိုပါတယ်။   ရဲတပ်ဖွဲ့နဲ့ ဂိုဏ်းတွေအကြား ထိပ်တိုက်တွေ့မှုတွေဟာလည်း သမ္မတမွိုင်ဆီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်…

Read More

သီတင်းကျွတ်ကာလ ချောင်းသာကမ်းခြေမှာ ရဲနဲ့တပ်အင်အား ၅၀ခန့်နဲ့ စောင့်ကြည့်သွားမယ်

အောက်တိုဘာ ၁၈-၂၀၂၁ GH ( VOM )   သီတင်းကျွတ်ပွဲတော်ကာလ ချောင်းသားကမ်းခြေမှာ ရဲ၊ စစ်တပ်နဲ့ ရေပြင်အသက်ကယ်အဖွဲ့အပါအဝင် အင်အား ၅၀ လောက်နဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ချောင်းသာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။   “ကမ်းခြေမှာဆို ရဲတပ်ဖွဲရှိမယ်၊ ပြီးတော့နယ်မြေခံတပ် ရှိမယ်။အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာပေါင်းထားတဲ့စည်းကမ်းထိန်းသိမ်းရေးကလည်း ၂၀ လောက်ရှိမယ်။ ဒီတော့ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့နဲ့ တပ်နဲ့ပေါင်းရင် ၂၇ လောက်ရှိမယ်၊ ကမ်းခြေမှာ မိုးတွင်းကာလတွေမှာပါ ဆောင်ရွက်နေတဲ့အရပ်သားဝန်ထမ်း ၁၀ ယောက်ရှိမယ်၊ရေပြင်အသက်ကယ် ၁၀ ယောက်လည်းရှိမယ်။ ဆိုတော့ တနေ့ကို အယောက် ၅၀ လောက်ရှိနေမယ်။ မလိုလားအပ်တာတွေမဖြစ်ဖို့နဲ့ ခရီးသွားတွေဘေးကင်းလုံခြုံဖို့အတွက်ပါ” လို့ ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦ်းကျော်သူကပြောပါတယ်။   ဒါ့အပြင် အထက်လူကြီး ခေါင်းဆောင်ပိုင်းတွေကလည်း mobile team နဲ့ စောင့်ကြည့်နေမှာဖြစ်ပြီး ချောင်းသာမြို့တွင်း မြို့ပြင်ကိုလည်း ၂၄…

Read More

မြန်မာ့အရေးဖြေရှင်းဖို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်းမှာလာရောက်ဆွေးနွေးမယ်

၀ါရှင်တန်၊ အောက်တိုဘာ-၁၈-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်ဟာ ဒေသတွင်း သူ့ရဲ့ကတိက၀တ်တွေကို အတည်ပြုဖို့နဲ့ မြန်မာနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းနိုင်ငံကို စေလွှတ်သွားမှာဖြစ်ပါတယ်။   ကိုယ်စားလှယ်အဖွဲ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်ဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၂၂ ရက်ထိဖြစ်ပြီး အင်ဒိုနီးရှားနဲ့စင်ကာပူတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။   အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေးတွေပြန်လည်နာလန်ထူရေးအပါအ၀င် အရှေ့တောင်ရှနဲ့ အမေရိကန် ပိုမိုပူးပေါင်းဖို့ ၊ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အဖွဲ့၀င်နိုင်ငံတွေရဲ့ ပြသနာအချို့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။   မြန်မာပြည်သူတွေအပေါ် အမေရိကန်ရဲ့ ကတိက၀တ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် အာဏာပိုင်တွေကို ဖိအားပေးဖို့တွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။   ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ…

Read More

ပုဂံမှာ မိုးရွာသွန်းမှုများပြီး ပြသာဒ်ကြီးဘုရားနဲ့ ဘုရားအချို့၊ အုတ်ကျောင်းအချို့ပါ ပျက်စီးမှုတွေရှိခဲ့

အောက်တိုဘာ ၁၈-၂၀၂၁ GH ( VOM )   ပုဂံမှာ မနေ့ အောက်တိုဘာ ၁၇ရက်ကရွာခဲ့တဲ့ မိုးကြောင့် ပြသာဒ်ကြီးဘုရားအပါအဝင် ဘုရား နဲ့ အုတ်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ ပုဂံဒေသခံတွေဆီက သိရပါတယ်။   စိုးမင်းကြီးဘုရား၊ စေတနာကြီးဘုရားက အုတ်တံတိုင်း၊ ပုထိုးသားများဘုရား၊ မြင်းကပါရွာအနီးက အုတ်ကျောင်း၊ တောင်မြေရွာက အုတ်ကျောင်းတစ်ကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။   ” ပြသာဒ်ကြီးဘုရားရဲ့အနောက်ဘက်မုဒ်က ပြိုကျတာပေါ့။ အပေါ်ကနေ ရေတွေစိမ့်ဝင်ပြီး အိပြီးပြိုကျတာ။ အရင်တုန်းက ကန်ထရိုက်စနစ်နဲ့လုပ်ခဲ့တဲ့အပိုင်းပေါ့။ နောက်ထပ်ပြိုကျတဲ့အုတ်ကျောင်းတွေရှိတယ်။ဘုရားတွေရှိတယ် ၊စူဠာမဏိဘုရားထဲလည်း ရေတွေပြန်ဝင်နေတယ်” လို့ ပုဂံဒေသခံလူမှုကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။   မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ဘုရားတွေ၊အုတ်ကျောင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံကွင်းဆင်းစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။   အခုလိုပြိုကျတာတွေနဲ့ပတ်သက်ပြီး ပုဂံရှေး/သုဌာနခွဲကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။   ပုဂံညောင်ဦးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မနေ့ကညပိုင်းအထိ…

Read More

အိန္ဒိယမှာ ရေဘေးကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ဒေလီ၊ အောက်တိုဘာ-၁၈-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီးကာ ရေကြီးရေလျှံဖြစ်ပွားနေတာကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံးသွားပြီး မြို့နဲ့ ကျေးရွာတွေ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။   သေဆုံးသူတွေထဲမှာ ကလေးငါးဦးပါ၀င်ပြီး လူအများအပြားပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။။   ရေကြီးရေလျှံမှုကြောင့် နေအိမ်အများအပြား ရေမျောသွားပြီး ကီရာလာပြည်နယ် ကိုတာရမ်ခရိုင်ရှိ လူအများအပြားမှာ ပိတ်မိနေပါတယ်။   ကိုတာရမ်နဲ့ အိုင်ဒူကီခရိုင်တို့ဟာ ပြည်နယ်အတွင်းရှိ ရေဘေးဒဏ်အခံရဆုံးဖြစ်ပြီး ရက်အတန်ကြာ မိုးရွာသွန်းမှုတွေကြောင့် လူသေဆုံးစေတဲ့ မြေပြိုမှုတွေဖြစ်ပေါ်နေပါတယ်။   ရေဘေးကြောင့် ပိတ်မိနေသူတွေကို ကယ်တင်ဖို့နဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ စစ်ဘက်ရဟတ်ယာဉ်တွေကို အသုံးပြုနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။   လက်ရှိချိန်ထိ ပြည်နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်မှာ လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးထားကြောင်း ကီရာလာပြည်နယ် ၀န်ကြီးချုပ်ကပြောဆိုပါတယ်။…

Read More

မန္တလေး မြို့တော်ခန်းမအနီးမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွား

အောက်တိုဘာ ၁၈-၂၀၂၁ Ko HiK (VOM)   မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမအနီး ၂၇လမ်းနဲ့ ၇၁လမ်းထောင့်မှာ ဒီကနေ့မနက် ၁၁နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။   သတင်းရင်းမြစ်တဦးကတော့ “မြို့တော်ခန်းမရဲ့ တောင်ဘက် အုတ်နံရံမှာ ပေါက်ကွဲတာ၊ အဲ့ဒီနားရပ်ထားတဲ့ ကားအချို့နဲ့ အုတ်နံရံ နည်းနည်းပျက်စီးသွားတယ်”လို့ ပြောပါတယ်။   “ကျနော်က ၂၈လမ်းဘက်ကနေ ဆိုင်ကယ်မောင်းလာတာ အုန်းဆိုတဲ့အသံကို ကြားတာပဲ၊ မြို့တော်ခန်းမဘက်ကို ကွေ့ဖို့လုပ်ချိန် စစ်သားတွေက လမ်းပိတ်ပြီး ပြန်ကွေ့ခိုင်းတာပဲ၊ အရင်က အဲ့နေရာမပေါက်ဖူးဘူး၊ ရပ်ကျေးရုံးတို့ ရဲစခန်းတို့လောက်ပဲ ပေါက်တာ”လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုအတိအကျကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။   ဒါ့အပြင် မြို့တော်ခန်းမအနီး ပေါက်ကွဲမှုဖြစ်ပွားအပြီး မန္တလေးမြို့က နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။   ပုံစာ- ၂၇လမ်းနှင့် ၇၁လမ်းထောင့်…

Read More

ဆန္ဒပြမှုကြောင့် ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသား/သူ ၁၃၀၀ကျော်ကို ပြန်လွှတ်၊ ကြားနားစစ်ဆေးဆဲအမှုက ၄၃၀၀ကျော်ကို အမှုပိတ်သိမ်း

အောက်တိုဘာ ၁၈-၂၀၂၁ KT(VOM)   အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား/သူ ၁၃၀၀ကျော်ကို ပြန်လွှတ်ပေးမှာဖြစ်ပြီး ၅၀၅နဲ့ သက်ဆိုင်တဲ့ ကြားနားစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုတွေကို ပြန်လည်ပိတ်သိမ်းပေးသွားမယ် ဒီကနေ့မှာ နစက ကောင်စီက ကြေညာခဲ့ပါတယ်။   ” အကျဥ်းသူ/အကျဥ်းသားတွေလွှတ်ပေးမယ်၊၁၃၁၆ ဦးလွှတ်ပေးမယ်၊ဒုတိယအမိန့်စာကတော့ ၅၀၅ နဲ့စွဲထားသူတွေကိုအမှုပိတ်မယ်၊ ၄၃၂ ၀ဦးဖြစ်ပါတယ်၊လွှတ်ပေးမယ့်အထဲမှာ အနုပညာရှင်တွေပါမယ်၊အမှုပိတ်တဲ့အထဲမှာလည်း အနုပညာရှင်တွေပါမယ်၊ လွှတ်ပေးမယ့်အထဲမှာ CDM ကြောင့်ဖမ်းထားသူတွေလည်းပါမယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။   #voiceofmyanmar #VOM #အကျဉ်းသား #၅၀၅အမှုပိတ်သိမ်း

Read More

တန့်ဆည်နယ်မှာ ရဲမိသားစုနေအိမ်တွေ နဲ့ ရဲစခန်းတချို့ပါ မီး​လောင်

အောက်တိုဘာ ၊ ၁၈ -၂၀၂၁ VOM   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့မှာ နေထိုင်တဲ့ ရဲမိသားစုတချို့ရဲ့နေအိမ်တွေ မီးလောင်ခဲ့ပြီးနောက် ဒီကနေ့ မနက် အစောပိုင်းက ရဲကင်းစခန်းတခု ထပ်မံမီးလောင်ခဲ့တယ်လို့ တန့်ဆည်နယ်တွေက ပြောပါတယ်။   ဒီမနက် ရဲကင်းစခန်း ၁ ခု မီးလောင်တာနဲ့ ပတ်သက်လို့ တန့်ဆည်နယ်ခံတယောက်က” အခုမနက် အစောပိုင်း ၁ နာရီခွဲအချိန်လောက်မှာ နဘက်ကြီးရဲစခန်း မီးလောင်သွားတယ် ၊ သွားမကြည့်ရဲလို့ ဘယ်လောက် လောင်းသွားတယ် မသိဘူး ၊ မီးကတော့များတယ် “လို့ ပြောပါတယ်။   ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ ကျီကုန်း(တောင်)ရွာက ရဲမိသားစု ၄ ယောက် အသတ်ခံရပြီး နေအိမ်ပါ မီးလောင်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီရွာထဲက တခြား လူနေအိမ် ၁…

Read More

ပွင့်ဖြူနယ်က ကျောင်းတော်ရာသမိုင်းစေတီ(၈)ဆူ မိုးသက်လေပြင်းဒဏ်ကြောင့် ပျက်စီး

အောက်တိုဘာ ၊ ၁၈ -၂၀၂၁ VOM   မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ၊ ကျောင်းတော်ရာ ကျေးရွာဘက်မှာ မနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းကစလို့ မိုးသက်လေပြင်း ကျရောက်ခဲ့တဲ့အတွက် ရှေးဟောင်းသမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာက စေတီ (၈)ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။   “သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးရဲ့ ဒုတိယအဆင့်ထီးတော်မှ စိန်ဖူးတော်ငှက်မြတ်နားတော်အထိ ထီးမဏ္ဍိုင် မြောက်ဘက်ကို ကွေးညွတ်သွားတယ် ၊ အရံစေတီ(၁၀၈)ဆူအနက်မှ ရာဟုထောင့်အရံစေတီ(၂)ဆူ ၊ စနေထောင့် အရံစေတီ (၂)ဆူ ၊ အင်္ဂါထောင့်အရံစေတီ(၄)ဆူက မြောက်ဘက်သို့ ယိမ်းယိုင်သွားခဲ့တယ် ၊ ဒိအပြင် အရှေ့ဘက်ရှိ နတ်လမ်း ပြဿဒ်ထီးတော်ပြုတ်ကျခဲ့ပြီး မာမကာတန်ဆောင်းပန်းဆွဲများလည်း ပြုတ်ကျပျက်စီးသွားတာ “လို့ မကွေးတိုင်း မီးသတ်ဦးစီးဌာန ၊ ရှာဖွေကယ်ဆယ်ရေး…

Read More
VOM News

FREE
VIEW