ပုဂံမှာ မိုးရွာသွန်းမှုများပြီး ပြသာဒ်ကြီးဘုရားနဲ့ ဘုရားအချို့၊ အုတ်ကျောင်းအချို့ပါ ပျက်စီးမှုတွေရှိခဲ့

အောက်တိုဘာ ၁၈-၂၀၂၁
GH ( VOM )
 
ပုဂံမှာ မနေ့ အောက်တိုဘာ ၁၇ရက်ကရွာခဲ့တဲ့ မိုးကြောင့် ပြသာဒ်ကြီးဘုရားအပါအဝင် ဘုရား နဲ့ အုတ်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ ပုဂံဒေသခံတွေဆီက သိရပါတယ်။
 
စိုးမင်းကြီးဘုရား၊ စေတနာကြီးဘုရားက အုတ်တံတိုင်း၊ ပုထိုးသားများဘုရား၊ မြင်းကပါရွာအနီးက အုတ်ကျောင်း၊ တောင်မြေရွာက အုတ်ကျောင်းတစ်ကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။
 
” ပြသာဒ်ကြီးဘုရားရဲ့အနောက်ဘက်မုဒ်က ပြိုကျတာပေါ့။ အပေါ်ကနေ ရေတွေစိမ့်ဝင်ပြီး အိပြီးပြိုကျတာ။ အရင်တုန်းက ကန်ထရိုက်စနစ်နဲ့လုပ်ခဲ့တဲ့အပိုင်းပေါ့။ နောက်ထပ်ပြိုကျတဲ့အုတ်ကျောင်းတွေရှိတယ်။ဘုရားတွေရှိတယ် ၊စူဠာမဏိဘုရားထဲလည်း ရေတွေပြန်ဝင်နေတယ်” လို့ ပုဂံဒေသခံလူမှုကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
 
မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ဘုရားတွေ၊အုတ်ကျောင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံကွင်းဆင်းစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
 
အခုလိုပြိုကျတာတွေနဲ့ပတ်သက်ပြီး ပုဂံရှေး/သုဌာနခွဲကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
 
ပုဂံညောင်ဦးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မနေ့ကညပိုင်းအထိ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် စူဠာမဏိဘုရားအပါအဝင် ဘုရားတချို့မှာလည်း ရေဝင်ရောက်မှုတွေရှိနေတယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလ ထဲတုန်းကလည်း ပုဂံဒေသမှာ မိုးရွာသွန်းမှူများပြီး ဘုရား ၅ဆူထက်မနည်း ပြိုကျပျက်စီးမှုရှိခဲ့တဲ့အပြင် အုတ်ကျောင်းအချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ် ။
 
#voiceofmyanmar #VOM #ပုဂံ #ပြသာဒ်ကြီးဘုရားပြိုကျ #မိုးရွာသွန်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW