ဟေတီမှာ အမေရိကန်သာသနာပြုအဖွဲ့ ပြန်ပေးဆွဲခံထားရ

ပို့အော့ပရင့်၊ အောက်တိုဘာ-၁၈-၂၀၂၁
မျိုးဆက် (VOM)
 
ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်အနီးမှာ အမေရိကန်သာသနာပြုအဖွဲ့တစ်ဖွဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး ဒါဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုက လုပ်ဆောင်တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
အမျိုးသားငါးဦး၊ အမျိုးသမီး ခုနှစ်ဦးနဲ့ ကလေးငါးဦးတို့ဟာ မိဘမဲ့ဂေဟာတစ်ခုကိုသွားရောက်ပြီး အပြန်မှာ ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။
 
ဧပြီလအတွင်းကလည်း ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြန်ပေးဆွဲခဲ့တာကြောင့် မာဝိုဇိုဂိုဏ်းက အဖွဲ့၀င် ၄၀၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
ဟေတီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြန်ပေးဆွဲမှုအဖြစ်ပွားဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာတော့ အဆိုးရွားဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ ပြန်ပေးဆွဲမှု ၆၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပါတယ်။
 
ဒီအရေအတွက်ဟာ ယမန်နှစ်အလားတူကာလကထက် ၂၃၁ မှုပိုမိုများပြားတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေကဆိုပါတယ်။
 
ရဲတပ်ဖွဲ့နဲ့ ဂိုဏ်းတွေအကြား ထိပ်တိုက်တွေ့မှုတွေဟာလည်း သမ္မတမွိုင်ဆီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မြင့်တက်လာနေပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ပို့အော့ပရင့်

Related posts

✕
VOM News

FREE
VIEW