အိန္ဒိယမှာ ရေဘေးကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ဒေလီ၊ အောက်တိုဘာ-၁၈-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီးကာ ရေကြီးရေလျှံဖြစ်ပွားနေတာကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံးသွားပြီး မြို့နဲ့ ကျေးရွာတွေ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။
 
သေဆုံးသူတွေထဲမှာ ကလေးငါးဦးပါ၀င်ပြီး လူအများအပြားပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။။
 
ရေကြီးရေလျှံမှုကြောင့် နေအိမ်အများအပြား ရေမျောသွားပြီး ကီရာလာပြည်နယ် ကိုတာရမ်ခရိုင်ရှိ လူအများအပြားမှာ ပိတ်မိနေပါတယ်။
 
ကိုတာရမ်နဲ့ အိုင်ဒူကီခရိုင်တို့ဟာ ပြည်နယ်အတွင်းရှိ ရေဘေးဒဏ်အခံရဆုံးဖြစ်ပြီး ရက်အတန်ကြာ မိုးရွာသွန်းမှုတွေကြောင့် လူသေဆုံးစေတဲ့ မြေပြိုမှုတွေဖြစ်ပေါ်နေပါတယ်။
 
ရေဘေးကြောင့် ပိတ်မိနေသူတွေကို ကယ်တင်ဖို့နဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ စစ်ဘက်ရဟတ်ယာဉ်တွေကို အသုံးပြုနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
 
လက်ရှိချိန်ထိ ပြည်နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်မှာ လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးထားကြောင်း ကီရာလာပြည်နယ် ၀န်ကြီးချုပ်ကပြောဆိုပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW