မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု ထိုင်းနိုင်ငံခြားရေး၀န်ကြီး မထုတ်ပြန်

ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၁
မျိုးဆက်(VOM)
 
ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နို၀င်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ဆွေးနွေးမှုအသေးစိတ်တွေကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။
 
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံအချို့က ထိပ်တန်းတာ၀န်ရှိသူတွေလာရောက်ခဲ့ရာမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးလည်းပါ၀င်ခဲ့ပါတယ်။
 
ဆွေးနွေးမှုအသေးစိတ်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေးဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အကူအညီတွေပေးဖို့ သဘောတူထားတယ်လို့ သူကဆိုပါတယ်။
 
ထိုင်းပုဂ္ဂလိကကဏ္ဍကနေ မြန်မာနိုင်ငံအတွက်ပေးအပ်တဲ့ ပစ္စည်း ၁၇ တန်ကို ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။
 
ဒါပေမယ့် မြန်မာအာဏာကပိုင်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ သူက တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။
 
သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်ကို သတင်းဌာနတွေက ဖော်ပြပြီးနောက်မှာတော့ ခရီးစဉ်အပေါ် အများပြည်သူတွေ အာရုံစိုက်ခဲ့ပြီး ထိုင်းအစိုးရအနေနဲ့ ပိုမိုပွင့်လင်းမြင်သာရှိဖို့ ကာဇက်စတန်နဲ့ မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်းဖြစ်တဲ့ Russ Jalichandra က တိုက်တွန်းတောင်းဆိုထားပါတယ်။
 
Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW