မြောက်ဒဂုံက တန်ဖိုးနည်း ‘ဝိုင်းခြုံမ’အကြော်ဆိုင်

အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းထဲမှာ ကားကြီးကားငယ်မျိုးစုံအောင် စီတန်းလို့နေပါတယ်။ ကားပေါ်မှာ စောင့်နေသူတွေ၊ ကားအောက်ဆင်းကာ စောင့်သူတွေနဲ့စည်းကားနေပါတယ်။စောင့်ဆိုင်းနေတဲ့သူအများစုမှာ မြန်မာ့ရိုးရာအကြော်မျိုးစုံကို လာရောက်ဝယ်ယူကြတာဖြစ်ပါတယ်။ မြေကြီးကိုအခြေစိုက်ပြီး တာပေါ်လင်မိုးထားတဲ့ အကြော်တဲအတွင်းမှာလည်း အမျိုးသမီသုံးဦးဟာ အကြော်မျိုးစုံကို လက်မလည်အောင် ချွေးသံတစ်ရွဲရွဲနဲ့ကြော်နေပါတယ်။ အကြော်တဲရဲ့အရှေမှာတော့ လာရောက်ဝယ်ယူသူတွေနဲ့ ထိုင်ပြီးစားသောက်လို့ရအောင် ၁၀ပေ အခန်းလေးကို စီစဥ်ထားပြန်ပါတယ်။ အကြော်တဲရဲ့အပေါ်မှာတော့ “ဝိုင်းခြုံမ “ဆိုတဲ့ ဆိုင်နာမည်ကို မြန်မာဆန်ဆန် သစ်သားနဲ့ထွင်းထုထားပြီး ချိတ်ဆွဲထားပါတယ်။ “ဝိုင်းခြုံမ “ဆိုတဲ့ အကြော်ဆိုင်ကို ဦးစီးဦးဆောင်သူမှာ အသက် ၂၀ သာရှိသေးတဲ့ မရွန်းလဲ့ဝေဖြစ်ပြီး မကွေးတိုင်း၊ ချောက်မြို့နယ်က အညာသူမိန်းမပျိုလေးတဦးပဲဖြစ်ပါတယ်။ “ဝိုင်းခြုံမဆိုတာ ငယ်ငယ်က ညီမနာမည်လေ အညာဘက်မှာ ဝိုင်းကြီးအကျယ်ကြီးတွေထဲမှာ စုနေကြတယ်၊ အဲ့ဒီ တမျိုးလုံးထဲမှာ ညီမတစ်ယောက်ထဲရှိတော့ အကုန်လုံးက ခြုံပြီးချစ်ရတဲ့အတွက်ကြောင့် ဝိုင်းခြုံမဆိုပြီးခေါ်ကြတာ၊ ဆိုင်နာမည်ပေးတော့ ဗေဒင်တွေဘာ တွေ…

Read More

တရားမင်၍ ပုဂ္ဂိုလ်ခင်

(လူထုဒေါ်အမာ ၁၀၆နှစ်ပြည့် မွေးနေ့ဂါရဝ) ———————————————— ဆူးငှက် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့်မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာ အေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်းပြောဆိုကြရင်း ပီတိတွေဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော် မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက်မှ ရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး) ကတော့ တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့် လမ်းကြုံသော စာရေးဆရာ…

Read More

ညအိပ်ချိန်တွေမှာတောင် လုံခြုံမှုမရှိတော့တဲ့ ကလေးမြို့နယ်ထဲက သာစည်ကျေးရွာ

နိုဝင်ဘာ ၂၂-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေမှာ မကြာခဏပစ်ခတ်မှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံရွာသားတွေအနေနဲ့ မိမိတို့ရဲ့ရပ်ရွာနေအိမ်တွေမှာ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိတော့ဘဲ မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲ့ဒီအထဲမှာ ကလေးမြို့ရဲ့တောင်ဘက် (၃) မိုင်အကွာမှာရှိတဲ့ သာစည်ကျေးရွာလည်း အပါအဝင်ဖြစ်ပါတယ်။ သာစည်ကျေးရွာမှာ အိမ်‌ခြေ တစ်ထောင်ကျော်ရှိနေပြီး ပြီခဲ့တဲ့စက်တင်ဘာ (၂၆) ရက်နေ့က ရွာထဲကိုစစ်သားတွေဝင်လာခဲ့ပြီး ဒေသခံ (PDF)အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရွာသားတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့အချိန်အထိ စိုးရိမ်စိတ်တွေနဲ့ ရွာထဲမှာ စိတ်ချလက်ချမနေရဲတော့ဘူးလို့ ဒေသခံရွာသားတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆) ရက်နေ့ ပစ်ခတ်မှုမှာ အဲ့ဒီဒေသက CDM ရဲဝန်ထမ်းကိုဇော်မျိုးထွဋ်နဲ့ လူငယ်တဦးအဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။ အဲ့ဒီသေဆုံးမှုဟာ အဖမ်းခံရပြီးမှ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာဖြစ်ပြီး ဖမ်းမိတဲ့တရားခံကို နိုင်ငံတကာကျင့်သုံးနေတဲ့ စစ်သုံ့ပန့် ဥပဒေအတိုင်းသာ အရေးယူစေလိုပြီး အခုလိုဖမ်းမိတာနဲ့သတ်ဖြတ်နေမယ်ဆိုရင် တိုင်းပြည်အေးချမ်းသာယာမှုရှိလာမှာမဟုတ်ဘူးလို့ သေဆုံးသွားတဲ့ CDM ရဲဝန်ထမ်းကိုဇော်မျိုးထွဋ်ရဲ့ဇနီးဖြစ်သူက သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar…

Read More
VOM News

FREE
VIEW