ညအိပ်ချိန်တွေမှာတောင် လုံခြုံမှုမရှိတော့တဲ့ ကလေးမြို့နယ်ထဲက သာစည်ကျေးရွာ

နိုဝင်ဘာ ၂၂-၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေမှာ မကြာခဏပစ်ခတ်မှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံရွာသားတွေအနေနဲ့ မိမိတို့ရဲ့ရပ်ရွာနေအိမ်တွေမှာ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိတော့ဘဲ မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီအထဲမှာ ကလေးမြို့ရဲ့တောင်ဘက် (၃) မိုင်အကွာမှာရှိတဲ့ သာစည်ကျေးရွာလည်း အပါအဝင်ဖြစ်ပါတယ်။

သာစည်ကျေးရွာမှာ အိမ်‌ခြေ တစ်ထောင်ကျော်ရှိနေပြီး ပြီခဲ့တဲ့စက်တင်ဘာ (၂၆) ရက်နေ့က ရွာထဲကိုစစ်သားတွေဝင်လာခဲ့ပြီး ဒေသခံ (PDF)အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရွာသားတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့အချိန်အထိ စိုးရိမ်စိတ်တွေနဲ့ ရွာထဲမှာ စိတ်ချလက်ချမနေရဲတော့ဘူးလို့ ဒေသခံရွာသားတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆) ရက်နေ့ ပစ်ခတ်မှုမှာ အဲ့ဒီဒေသက CDM ရဲဝန်ထမ်းကိုဇော်မျိုးထွဋ်နဲ့ လူငယ်တဦးအဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

အဲ့ဒီသေဆုံးမှုဟာ အဖမ်းခံရပြီးမှ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာဖြစ်ပြီး ဖမ်းမိတဲ့တရားခံကို နိုင်ငံတကာကျင့်သုံးနေတဲ့ စစ်သုံ့ပန့် ဥပဒေအတိုင်းသာ အရေးယူစေလိုပြီး အခုလိုဖမ်းမိတာနဲ့သတ်ဖြတ်နေမယ်ဆိုရင် တိုင်းပြည်အေးချမ်းသာယာမှုရှိလာမှာမဟုတ်ဘူးလို့ သေဆုံးသွားတဲ့ CDM ရဲဝန်ထမ်းကိုဇော်မျိုးထွဋ်ရဲ့ဇနီးဖြစ်သူက သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ကလေး #ပစ်ခတ်မှု #ဒေသခံတွေ #လုံခြုံမှုမရှိ

Youtube Link – https://youtu.be/K9vk78OpSC0

Related posts

Leave a Comment

VOM News

FREE
VIEW