အာဆီယံနိုင်ငံတွေကို ကြီးစိုးအနိုင်ကျင့်တာ မလုပ်ဘူးလို့ တရုတ်သမ္မတပြော

ပေကျင်း၊ နို၀င်ဘာ-၂၂-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ကြီးစိုးအနိုင်ကျင့်တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတရှီကျင်းပင်က နို၀င်ဘာ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့တို့အကြား ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံ-တရုတ်ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းကတဆင့်ကျင်းပရာမှ တရုတ်သမ္မတက ခုလိုက်ပြောကြားလိုက်ပါတယ်ဖြစ်ပါတယ်။
 
လက်ရှိမှာတော့ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုအရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား တင်းမာမှုတွေရှိနေပါတယ်။
 
တရုတ်နိုင်ငံအနေနဲ့ အဓမ္မကြီးစိုးရေးဝါဒနဲ့ နိုင်ငံရေးသြဇာအသုံးချတာတွကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနီးမှုကို ထိန်းသိမ်းပြီး ဒေသတွင်းမှာ အနိုင်ကျင့်တာမျိုးတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတကဆိုပါတယ်။
 
အဲဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့ သံသတမန်သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်။
 
ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံဘက်က နစကဥက္ကဌကို အာဆီယံအဖွဲ့က အစည်းအဝေးဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။
 
Ref:The Columbian
Photo: AP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW