ပြည်ပနိုင်ငံသားအားလုံးကို ဂျပန်က ပြည်၀င်ခွင့် ပိတ်လိုက်ပြီ

တိုကျို၊ နို၀င်ဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုတွေကို စိုးရိမ်ပူပန်မှုကြောင့် ဂျပန်နိုင်ငံဟာ ပြည်ပနိုင်ငံသားတွေ အားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်ပြီဖြစ်ပါတယ်။
 
နိုင်ငံတွင်းကို နိုင်ငံတကာကျောင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ သင်တန်းသားတွေအတွက် ဖြေလျှော့မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာပြီးများမကြာခင်မှာ အခုလိုပြည်၀င်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။
 
အခုလိုပြည်ပနိုင်ငံသားတွေအားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ကီရှီဒါဖူမီအိုက ဒီနေ့မှာကြေညာလိုက်တာဖြစ်ပါတယ်။
 
အရေးပေါ်အစီအမံအရ ကမ္ဘာတ၀န်းက ပြည်ပနိုင်ငံသားတွေအားလုံးကို နို၀င်ဘာ ၃၀ ရက်ကစပြီး ပြည်၀င်ခွင့်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သူကဆိုပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဆိုးဆုံးအခြေအနေတွေမဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့သူကဆိုပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လဲဆိုတာကို ပညာရှင်တွေက သိရှိလာချိန်ထိ အခုအစီအမံတွေကို ချမှတ်ထားမယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။
 
တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာ ၂၄ ရက်ကစတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေးတို့တွင် ကူးစက်မှုတွေရှိနေပြီး အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် နိုင်ငံအများအပြားဟာ တောင်အာဖရိနဲ့ အိမ်နီးချင်းနိုင်ငံတွေမှ ခရီးသွားတွေကို ကန့်သတ်မှုတွေ လုပ်ဆောင်နေကြပါတယ်။
 
Ref: NHK
Photo:Kyodo
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW