သားသမီးတွေကို နိူင်ငံ့ဂုဏ်ဆောင်သူတွေဖြစ်စေချင်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာ

အေးချမ်းသူ(VOM) လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာ၊ ဓမ္မပါလလမ်းဘေးက ကျူး ကျော်တဲလေးအတွင်းမှာ ပစ္စည်းသိမ်းသူတွေ၊ ထုပ်ပိုးသူတွေနဲ့ မိ သားစုတွေ အလုပ်ရှုပ်လို့ နေပါတယ်။ ကားလမ်းဘေးမှာ ဆောက်ထားတဲ့ အိမ်ဖြစ်လို့ လမ်းမနဲ့တပြေးညီ မြေစိုက်အိမ်ပုံစံဆောက်လုပ်ထားပြီး အတွင်းမှာတော့ စကိတ်စီးဖိနပ်တွေ၊ တာဝေးပြေးဖိနပ်တွေ၊ ဝူးရူးအားကစားဝတ်စုံတွေနဲ့ ဝါးထရံပေါ်က နှစ်အလိုက် ဆုတံဆိပ်တွေ၊ ဒိုင်းဆုတွေက အားကစားသမားတွေ နေထိုင်တဲ့အိမ်ဆိုတာ သိသာစေပါတယ်။ ဖခင်ဖြစ်သူက စကိတ်စီးဖိနပ်တွေကို ပီနံအိတ်ထဲသေချာထည့်ကာ အသက်ဆယ်နှစ်ကျော် ကလေးငယ်ကတော့ သူ့ကိုဝိုင်းကူညီပေးနေ ပါတယ်။ အသက်ဆယ်နှစ်ဝန်းကျင် ကလေးမလေးကတော့ သူ့ရဲ့ညီမဖြစ်သူနဲ့အဝတ်အစားတွေကို သိမ်းဆည်းကာ နီးစပ်ရာမှာ စုပုံနေကြပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာတွေက ကားလမ်း ဘေးဝဲယာတလျှောက်မှာရှိနေတဲ့ ကျူးကျော်တဲတွေကို ဖျက်သိ မ်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက အမိန့်စာထုတ်ပြန်ပြီးနောက် ကြို တင် ပြောင်းရွှေ့ဖို့ သူတို့မိသားစု စီစဉ်နေတာဖြစ်ပါတယ်။ ဓမ္မပါလလမ်းဘေးက ကျူးကျော်တဲက ပြောင်းရွှေ့ဖို့ စီစဉ်နေသူတွေကတော့ နိူင်ငံ့လက်ရွှေးစင်…

Read More

ဒေါက်တာသန်းထွန်း မန္တလေးမှာ ခေါင်းချသွားတာ ၁၆နှစ်ပြည့်ပြီ

ဆူးငှက် ကျွန်တော်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ၁၉၇၅-၇၆ စာသင်နှစ်မှ ရောက်သည်။ ဒါတောင် ကံကောင်းထောက်မစွာဖြင့် တက္ကသိုလ်သို့ ပထမနှစ်ကတည်းက တက်ခွင့်ရသည့် ပညာရေးစနစ်ကို မှီလိုက်၍ဖြစ်သည်။ ကျွန်တော်တို့နောက်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက မန္တလေးမြို့လယ်ခေါင် ယခင် ကဉ္စဏနှင့် နန်းကေသီ အမျိုးသမီးဆောင်များနှင့် ယခင် ဖားသားလဖုန်း (အ.ထ.က ၁၄) ကျောင်းဝင်းများနှင့် နန်းရှေ့ ယခင်ပွဲကုန်းကျောင်းနေရာများတွင် မန္တလေးတိုင်းဒေသကောလိပ်ဟု ဖွင့်လှစ်ပြီး ထိုဒေသကောလိပ်မှာ ၂ နှစ်နေပြီးမှ တက္ကသိုလ်သို့ ဆက်တက်ခွင့်ရသည်။ တက္ကသိုလ်သို့ တက်ခွင့်ရပြီဆိုကတည်းက စိတ်ထဲမှာ ချဉ်ခြင်းတက်နေတာက တက္ကသိုလ်အဝန်းအဝိုင်းနှင့် စပ်ဟပ်သက်ဆိုင်သော နေထိုင်ခြင်းအနုပညာနှင့် တက္ကသိုလ်မှ နာမည်ကျော်ဆရာကြီးများကို တွေ့မြင်လိုလှခြင်းဖြစ်သည်။ ဝတ္ထုတွေထဲက တက္ကသိုလ်သည် လွမ်းဆွတ် ဖွယ်ကောင်းလှ၏။ ဆွတ်ပျံ့ဖွယ်ကာင်းလှ၏။ ရဲရင့်တက်ကြွဖွယ်ကောင်းလှ၏။ ဂုဏ်ယူအားတက်ဖွယ်ကာင်းလှ၏။ ကိုယ့်ကိုယ်နှိုက်က စာပေအနုပညာမှာ ဝါသနာ အထုံပါခဲ့တော့ … တက္ကသိုလ်က ပညာရှင်ကြီးများထံ…

Read More

မြန်မာနယ်စပ်အနီး အင်ဖာမြို့ထိ မီးရထားလမ်းဖောက်ဖို့ အိန္ဒိယအစိုးရစီစဉ်

ဒေလီ၊ နို၀င်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ သာကွာဝေးတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့ထိဆက်သွယ်မယ့် မီးရထားလမ်းကို လာမည့်နှစ်နှစ်အတွင်းဖောက်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။   ဒီလိုမီးရထားလမ်းဖောက်လုပ်လိုက်မယ်ဆိုရင် မရှိမဖြစ်ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ရေးမှာ မော်တော်ကားလမ်းကိုသာ အားထားနေရတဲ့ မဏိပူရပြည်နယ် မြို့တော်အင်ဖာအတွက် အဓိကအားထားရာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြစ်လာမှာပါ။   အာသံပြည်နယ်နယ်စပ် ဂျီရီဘမ်ကနေ ၁၁၁ ကီလိုမီတာရှည်လျားတဲ့ အဲဒီရထားလမ်း ဖောက်လုပ်ဖို့ကို အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပေမယ့် လက်ရှိမှာတော့ လုပ်ငန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်နေပြီးလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။   မဏိပူရလူဦးရေရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါးနေထိုင်တဲ့ မဏိပူရမြို့အတွက် ဒီရထားလမ်းဟာ လက်ရှိမှာ အရေးပါယုံမျှမက နောက်ပိုင်းမှာတော့ Trans-Asian ရထားလမ်းရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနယ်စပ်ထိပါ တိုးချဲ့ဖောက်လုပ်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။   ဂျီရီဘမ်-အင်ဖာ ရထားလမ်းကြောင့် မြို့နှစ်မြို့အကြားကို မော်တော်ကားနဲ့သွားရင်…

Read More

ရုရှားရဲ့ Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ် မြန်မာကိုရောင်းချမယ်

မော်စကို၊ နို၀င်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   ရုရှားနိုင်ငံဟာသူု့ရဲ့Pantsir-C1လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို မြန်မာနိုင်ငံအား ပေးပို့သွားမှာဖြစ်တယ်လို့ ရုရှားစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Dmitry Shugaev ကအတည်ပြုပြောဆိုလိုက်တယ်လို့ Urdupoint သတင်းဌာနကဖော်ပြထားပါတယ်။   အဲဒီ လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခုကို ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပေးပို့ဖို့ မျှော်လင့်ထားတယ်လို့ သူကဆိုပါတယ်။ အဲဒီစနစ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဇန်နဝါရီလကတည်းက သဘောတူစာချုပ်ခဲ့တယ်လို့ သိရပါတယ်။   Pantsir-C1လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ KBP Instrument Design ဗျူရိုရဲ့အစိတ်အပိုင်းဖြစ်တဲ့ Shcheglovskaya Zasek ကနေထုတ်လုပ်တဲ့ မြေပြင်မှဝေဟင်ပစ် တာလတ်ပစ်ဒုံးပျံအမျိုးအစားဖြစ်ပါတယ်။   အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ လေယာဉ်၊ ရဟတ်ယာဉ်၊ ခရုဇ်ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်နဲ့ လေကြောင်းမှခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ဒီဇိုင်ထုတ်လုပ်ထားတာ့ဖြစ်ပါတယ်။   Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ရွေ့လျားနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲက တခုဖြစ်ပြီး လက်ရှိချိန်ထိ အယ်လ်ဂျီးရီးယား၊ အာမေးနီးယား၊…

Read More

ပြည်ပနိုင်ငံသားအားလုံးကို ဂျပန်က ပြည်၀င်ခွင့် ပိတ်လိုက်ပြီ

တိုကျို၊ နို၀င်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုတွေကို စိုးရိမ်ပူပန်မှုကြောင့် ဂျပန်နိုင်ငံဟာ ပြည်ပနိုင်ငံသားတွေ အားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်ပြီဖြစ်ပါတယ်။   နိုင်ငံတွင်းကို နိုင်ငံတကာကျောင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ သင်တန်းသားတွေအတွက် ဖြေလျှော့မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာပြီးများမကြာခင်မှာ အခုလိုပြည်၀င်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။   အခုလိုပြည်ပနိုင်ငံသားတွေအားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ကီရှီဒါဖူမီအိုက ဒီနေ့မှာကြေညာလိုက်တာဖြစ်ပါတယ်။   အရေးပေါ်အစီအမံအရ ကမ္ဘာတ၀န်းက ပြည်ပနိုင်ငံသားတွေအားလုံးကို နို၀င်ဘာ ၃၀ ရက်ကစပြီး ပြည်၀င်ခွင့်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သူကဆိုပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဆိုးဆုံးအခြေအနေတွေမဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့သူကဆိုပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လဲဆိုတာကို ပညာရှင်တွေက သိရှိလာချိန်ထိ အခုအစီအမံတွေကို ချမှတ်ထားမယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။   တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာ ၂၄ ရက်ကစတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေးတို့တွင် ကူးစက်မှုတွေရှိနေပြီး…

Read More
VOM News

FREE
VIEW