မြန်မာနယ်စပ်အနီး အင်ဖာမြို့ထိ မီးရထားလမ်းဖောက်ဖို့ အိန္ဒိယအစိုးရစီစဉ်

ဒေလီ၊ နို၀င်ဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ သာကွာဝေးတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့ထိဆက်သွယ်မယ့် မီးရထားလမ်းကို လာမည့်နှစ်နှစ်အတွင်းဖောက်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။
 
ဒီလိုမီးရထားလမ်းဖောက်လုပ်လိုက်မယ်ဆိုရင် မရှိမဖြစ်ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ရေးမှာ မော်တော်ကားလမ်းကိုသာ အားထားနေရတဲ့ မဏိပူရပြည်နယ် မြို့တော်အင်ဖာအတွက် အဓိကအားထားရာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြစ်လာမှာပါ။
 
အာသံပြည်နယ်နယ်စပ် ဂျီရီဘမ်ကနေ ၁၁၁ ကီလိုမီတာရှည်လျားတဲ့ အဲဒီရထားလမ်း ဖောက်လုပ်ဖို့ကို အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပေမယ့် လက်ရှိမှာတော့ လုပ်ငန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်နေပြီးလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
မဏိပူရလူဦးရေရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါးနေထိုင်တဲ့ မဏိပူရမြို့အတွက် ဒီရထားလမ်းဟာ လက်ရှိမှာ အရေးပါယုံမျှမက နောက်ပိုင်းမှာတော့ Trans-Asian ရထားလမ်းရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနယ်စပ်ထိပါ တိုးချဲ့ဖောက်လုပ်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။
 
ဂျီရီဘမ်-အင်ဖာ ရထားလမ်းကြောင့် မြို့နှစ်မြို့အကြားကို မော်တော်ကားနဲ့သွားရင် ၁၁ နာရီနဲ့ ၁၂ နာရီကြား ကြာမြင့်ချိန်ကို ရထားနဲ့သွားရင်တော့ နှစ်နာရီကျော်ကြာမြင့်မှာဖြစ်ပါတယ်။
 
Photo: Times of India
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW