သားသမီးတွေကို နိူင်ငံ့ဂုဏ်ဆောင်သူတွေဖြစ်စေချင်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာ

အေးချမ်းသူ(VOM)

လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာ၊ ဓမ္မပါလလမ်းဘေးက ကျူး
ကျော်တဲလေးအတွင်းမှာ ပစ္စည်းသိမ်းသူတွေ၊ ထုပ်ပိုးသူတွေနဲ့ မိ
သားစုတွေ အလုပ်ရှုပ်လို့ နေပါတယ်။

ကားလမ်းဘေးမှာ ဆောက်ထားတဲ့ အိမ်ဖြစ်လို့ လမ်းမနဲ့တပြေးညီ မြေစိုက်အိမ်ပုံစံဆောက်လုပ်ထားပြီး အတွင်းမှာတော့ စကိတ်စီးဖိနပ်တွေ၊ တာဝေးပြေးဖိနပ်တွေ၊ ဝူးရူးအားကစားဝတ်စုံတွေနဲ့ ဝါးထရံပေါ်က နှစ်အလိုက် ဆုတံဆိပ်တွေ၊ ဒိုင်းဆုတွေက အားကစားသမားတွေ နေထိုင်တဲ့အိမ်ဆိုတာ သိသာစေပါတယ်။

ဖခင်ဖြစ်သူက စကိတ်စီးဖိနပ်တွေကို ပီနံအိတ်ထဲသေချာထည့်ကာ အသက်ဆယ်နှစ်ကျော် ကလေးငယ်ကတော့ သူ့ကိုဝိုင်းကူညီပေးနေ
ပါတယ်။ အသက်ဆယ်နှစ်ဝန်းကျင် ကလေးမလေးကတော့ သူ့ရဲ့ညီမဖြစ်သူနဲ့အဝတ်အစားတွေကို သိမ်းဆည်းကာ နီးစပ်ရာမှာ စုပုံနေကြပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာတွေက ကားလမ်း
ဘေးဝဲယာတလျှောက်မှာရှိနေတဲ့ ကျူးကျော်တဲတွေကို ဖျက်သိ
မ်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက အမိန့်စာထုတ်ပြန်ပြီးနောက် ကြို
တင် ပြောင်းရွှေ့ဖို့ သူတို့မိသားစု စီစဉ်နေတာဖြစ်ပါတယ်။

ဓမ္မပါလလမ်းဘေးက ကျူးကျော်တဲက ပြောင်းရွှေ့ဖို့ စီစဉ်နေသူတွေကတော့ နိူင်ငံ့လက်ရွှေးစင် ဝူရူးအားကစားသမား ဦးဝင်းဇော်နိူင်
တို့မိသားစုပဲဖြစ်ပါတယ်။

သူဟာ တချိန်က နိုင်ငံ့လက်ရွေးစင်အားကစားတစ်ဦးဖြစ်ခဲ့တာ
ကြောင့် သားသမီးတွေကိုလည်း နိူင်ငံဂုဏ်ဆောင်တဲ့ ကလေးငယ်တွေ ဖြစ်စေချင်တဲ့ ဆန္ဒရှိသူလည်း ဖြစ်ပါတယ်။

“ကျူးကျော်မှာနေပြီး ဒီကောင်တွေ ဘာမှမဟုတ်ပါဘူးကွာ ဆန်ကုန်
မြေလေးတွေပါလို့ အပြောမခံနိူင်လို့ မြေတောင်မြောက်ပေးတာ၊ အ
ခုဆို သားသမီးတွေက နိူင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေဖြစ်
နေပြီ” လို့ ပြောပါတယ်။

စီးပွားအခြေအနေကြောင့် အားကစားလောကကနေ အနားယူပြီးနောက် မင်္ဂလာဒုံမြို့နယ်မှ လှိုင်သာယာမြို့နယ်ကို ပြောင်းရွှေ့နေထိုင်ရတဲ့အခါ ကျူးကျော်မှာနေထိုင်ရပေမယ့် ကြိုးစားရုန်းကန်ပြီး သားသမီးတွေကို မြေတောင်မြှောက်ပေးခဲ့ပါတယ်။

ဦးဇော်ဝင်းနိူင်မှာ သားသမီး(၄)ယောက်ရှိပြီး သားသမီးသုံးဦးကို ငယ်စဉ်အချိန်မှစ၍ ထမင်းအငတ်ခံပြီး အားကစားမှာထူးချွန်စေဖို့ အချိန်ပြည့်လေ့ကျင့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့သင်ပြပေးမှုကြောင့် မောင်နှမနှစ်ဦးဖြစ်တဲ့ အသက်ရှ
စ်နှစ်အရွယ် မောင်အင်အားနဲ့မေခွန်အား တို့ဟာ ၂၀၁၈ ခုနှစ်မှာ အသက်အငယ်ဆုံး နိူင်ငံ့လက်ရွေးစင်အားကစားသမားတွေဖြစ်ခဲ့ပါတယ်။

အသက် ၁၀နှစ်အရွယ်ရှိတဲ့ မောင်အင်အားဟာ နိူင်ငံတော်အဆင့်ပြိုင်ပွဲတွေမှာ ပထမဆုတွေရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ မှာကျင်းပတဲ့ ဗီယက်နမ်အာဆီယံစကိတ်စီးပြိုင်ပွဲမှာ အဆင့် ၅ ချိတ်နိူင်ခဲ့သလို အရှေတောင်အာရှ ဂိမ်းပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့အိုလံပစ်မာရသွန်ပြိုင်ပွဲမှာလည်း အဆင့် ၁၀ အထိ ရရှိခဲ့ပါတယ်။

မေခွန်အားဆိုတဲ့ သမီးငယ်ကတော့ ပြည်နယ်နဲ့တိုင်းအာကစားပြိုင်
ပွဲမှာ သုံးနှစ်ဆက်တိုက် ရွှေတံဆိပ်ရရှိခဲ့ပြီးနောက် နိူင်ငံတကာပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စကိတ်စီးအားကစားမှာ အဆင့် ၅နဲ့ အဆင့် ၁၀ ရရှိခဲ့ပါသေးတယ်။

လက်တလောမှာ အသက် ၆နှစ်သာရှိသေးတဲ့ မေစွမ်းအားဆိုတဲ့ သ
မီးငယ်လေးကလည်း ပြိုင်ပွဲဝင်ဖို့အတွက် စကိတ်စီးလေ့ကျင်နေတယ်လို့ ဦးဇော်ဝင်းနိုင်ကပြောပါတယ်။

“မြန်မာပြည်မှာ မွေးတဲ့အတွက် မြန်မာနိူင်ငံအပေါ် ငါတို့တာဝန်ကျေ
ရမယ်၊ ကိုယ့်ရဲ့အဖေကလည်း အဲ့ဒီလိုသင်ပေးသွားတယ်၊ သားသမီး
တွေကိုလည်း အဲ့ဒီလိုဖြစ်စေချင်တယ်”လို့ ဦးဇော်ဝင်းနိူင်က ပြောပါ
တယ်။

ငွေကြေးမတက်နိူင်တာကြောင့် သားသမီးတွေကို လေ့ကျင့်ပေးရာမှာ အခက်အခဲတွေ ရှိတယ်လို့လည်း သူကရှင်းပြပါတယ်။

“တခါတလေ လေ့ကျင့်ပေးရင်း သူတို့ကိုသနားတယ်၊ အစ်ကိုက
အာဟာရမလိုက်နိူင်ဘူးလေ ကြံဖန်ပြီး အားရှိအောင်စားရတာပေါ့၊
မြေပဲတို့ဘာတို့ကျွေးတယ် ပဲဆိုအသားဓာတ်ရှိတယ် ဈေးလည်းနည်းတဲ့ လတ်ဆတ်တဲ့အသီးအရွက်လေးတွေကျွေးတာပေါ့၊ ဒီလိုနဲ့ပဲ ပျိုးထောင်ရတာလေ”လို့ သူကပြောပါတယ်။

သားသမီးတွေရဲ့ အားကစားနဲ့ပတ်သက်တဲ့ပစွည်းတွေကို မိသားစုအ
နေနဲ့ ဝယ်ပေးရတာ နည်းပါးပြီး အလှူရှင်တချို့က ထောက်ပံ့ပေးမှု
ကလည်း များစွာအထောက်အကူပြုတယ်လို့ သူကပြောပါတယ်။ လက်တလော နိူင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကြောင့် ကလေး
ငယ်သုံးဦးမှာ ကျောင်းတက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

မြန်မာနိူင်ငံမှာ အားကစားနဲ့ပတ်သက်လို့ နိူင်ငံတော်အနေနဲ့ ပံ့ပိုးမှု
အားနည်းပြီး စေတနာရှင်တွေနဲ့အလှူရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် ကလေး
တွေရဲ့ အားကစားပညာရပ်တိုးတက်လာတာဖြစ်တယ်လို့လည်း သူ
ရဲ့ပြောပြချက်အရ သိရပါတယ်။

လှိုင်သာယာမြို့နယ်ရဲ့ ကားလမ်းဘေးဝဲယာမှာရှိတဲ့ ကျူးကျော်တွေ
ဟာ မရှိလို့ နေထိုင်တဲ့သူတွေရှိသလို အချို့မှာစီးပွားဖြစ်နေရာဦး၍
ပြန်လည်ရောင်းချခဲ့လို့ မသိနားမလည်ဘဲ ဝယ်ယူခဲ့သူတွေမှာ သနား
ဖို့ကောင်းတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မရှိလို့နေပေမယ့် ဖျက်ဖို့ပြောလာတဲ့အခါ ဖျက်ပေးမှာ၊ ဘာလို့လဲဆို
တော့ ကိုယ့်မှာ သားသမီးတွေနဲ့ နေရင်းထိုင်ရင်းပြဿနာအတက်မခံ
နိူင်ဘူး”လို့ ကိုဇော်ဝင်းနိူင်က ပြောပါတယ်။

ကျူးကျော်တဲမှာနေထိုင်ရပေမယ့် သားသမီးတွေကို ကျူးကျော်မှာနေ
ရတယ်ဆိုတဲ့ စိတ်ဝင်ပြီး အားငယ်သွားမှာကိုလည်း ဖခင်ဖြစ်သူတစ်
ဦးအနေနဲ့ စိုးရိမ်ပူပန်နေပါတယ်။

“ကလေးတွေကတော့ ကျူးကျော်မှာနေတယ်တော့ ဘယ်သိမလဲ၊ အိမ်ပဲသိတာပေါ့၊ ဒါပေမယ့် ကျနော်ကတော့ စိုးရိမ်တယ်ဗျ သူတို့ စိတ်အားငယ်သွားမှာ”လို့ သူကပြောပါတယ်။

ကားလမ်းဘေးဝဲယာရှိ ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ်တွေကို
အမြန်ဆုံးဖျက်သိမ်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စာထုတ်ပြန်
ခဲ့ပြီးနောက် စိတ်ဆင်းရဲမှုတွေကြုံတွေ့ရတယ်လို့လည်း ပြောပါတယ်

သားသမီးတွေအပေါ်ထားခဲ့တဲ့ သူရဲ့ဖြူစင်တဲ့မေတ္တာတရားကြောင့်
လူမှုကွန်ရက်စာမျက်နှာကနေ အလှူရှင်တစ်ဦးက ကျန်စစ်မင်းအိမ်
ရာက တိုက်ခန်းကို ခြောက်လစာ စာချုပ်နဲ့ ဌာရမ်းပေးခဲ့လို့ အတိုင်း
မသိဝမ်းသာခဲ့တယ်လို့လည်း ပြောပါတယ်။

“ဖျက်နေရတဲ့အချိန် ဝမ်းသာတာပေါ့ဗျာ၊ ကျနော့်သားသမီးကို ပိုပြီး
လေ့ကျင့်ပေးလို့ရပြီ ကျူးကျော်မှာမဟုတ်တော့လို့ ဒီထက်ပိုပြီး ကြိုးစားမယ်လို့ “သူကပြောပါတယ်။

ပစ္စည်းတွေသိမ်းနေတဲ့ သားသမီးတွေကိုကြည့်ရင်း တစ်ချိန်ကနိူင်ငံ့လက်ရွှေးစင်အားကစားသမားတစ်ယောက်ဖြစ်တဲ့ ဦးဇော်ဝင်းနိူင်ဟာ
“ကျနော့်ကလေးတွေ တစ်ချိန် နိူင်ငံကိုအကျိုးပြုမယ့် လူတော်လူကောင်းတွေဖြစ်ရမယ် ကျနော်ကတိပေးတယ်ဗျာ “လို့ ပြောရင်း သူရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ ဝဲနေပါတော့တယ်……..။

#voiceofmyanmar #VOM #ဆောင်းပါး #

Related posts

Leave a Comment

VOM News

FREE
VIEW