ရုရှားရဲ့ Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ် မြန်မာကိုရောင်းချမယ်

မော်စကို၊ နို၀င်ဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
ရုရှားနိုင်ငံဟာသူု့ရဲ့Pantsir-C1လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို မြန်မာနိုင်ငံအား ပေးပို့သွားမှာဖြစ်တယ်လို့ ရုရှားစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Dmitry Shugaev ကအတည်ပြုပြောဆိုလိုက်တယ်လို့ Urdupoint သတင်းဌာနကဖော်ပြထားပါတယ်။
 
အဲဒီ လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခုကို ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပေးပို့ဖို့ မျှော်လင့်ထားတယ်လို့ သူကဆိုပါတယ်။ အဲဒီစနစ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဇန်နဝါရီလကတည်းက သဘောတူစာချုပ်ခဲ့တယ်လို့ သိရပါတယ်။
 
Pantsir-C1လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ KBP Instrument Design ဗျူရိုရဲ့အစိတ်အပိုင်းဖြစ်တဲ့ Shcheglovskaya Zasek ကနေထုတ်လုပ်တဲ့ မြေပြင်မှဝေဟင်ပစ် တာလတ်ပစ်ဒုံးပျံအမျိုးအစားဖြစ်ပါတယ်။
 
အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ လေယာဉ်၊ ရဟတ်ယာဉ်၊ ခရုဇ်ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်နဲ့ လေကြောင်းမှခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ဒီဇိုင်ထုတ်လုပ်ထားတာ့ဖြစ်ပါတယ်။
 
Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ရွေ့လျားနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲက တခုဖြစ်ပြီး လက်ရှိချိန်ထိ အယ်လ်ဂျီးရီးယား၊ အာမေးနီးယား၊ ဂီနီ၊ အီသီယိုးပီးယား၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ဆာဘီးယား၊ ဆီးရီးယား၊ ယူအေအီးနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အသုံးပြုနေပါတယ်။
 
ဒါ့အပြင် အာဂျင်တီးနားနဲ့ ဘရာဇီးလိုမျိုး အခြားနိုင်ငံတွေကလည်း ရုရှားရဲ့ Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ၀ယ်ယူဖို့စိတ်၀င်စားနေကြပါတယ်။
 
Ref: Urdupoint /Army recognition
Photo: MoD
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW