ဖမ်းဆီးခံ သတင်းသမားတွေကို လွတ်မြာက်ခွင့်ပေးပါ

နိုဝင်ဘာ-၂၃-၂၀၂၁ GH ( VOM )   မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေနောက်က နစက အာဏာယူပြီးချိန်ကစလို့ ခုချိန်ထိဖမ်းဆီးခံထားရတဲ့ ပြည်တွင်းသတင်းထောက် ၄၀ နီးပါး ရှိနေဆဲဖြစ်ပါတယ်။   ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ၅၀၅ -ကနဲ့ တရားစွဲဆိုခံထားရသူတွေရှိသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ပါစွဲဆိုခံထားရသူတွေရှိနေပါတယ်။   အထက်ပါ ဥပဒေပုဒ်မ၂ခုအပါမဝင် ပုဒ်မပေါင်း ၅ ခုနဲ့စွဲဆိုခံထားရတဲ့ အမေရိကန်သတင်းသမားDanny Fenster ကိုတော့ ထောင် ၁၁ နှစ်ချမှတ်ပြီးမှ နိုဝငင်ဘာလ ၁၅ ရက်နေ့က ပြည်နှင်ဒဏ်ပေးကာ လွှတ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ဖမ်းဆီးခံပြည်တွင်းသတင်းထောက်တွေကိုလည်း သေချာစစ်ဆေးပြီး နိုင်ငံခြားသတင်းထောက်တွေနည်းတူ ပြန်လွှတ်ပေးသင့်တယ်လို့ ရှေ့နေအသိုင်းဝိုင်းနဲ့ သ တင်းသမားအသိုင်းအဝိုင်းကပြောဆိုကြပါတယ်။   “သူက တရားစွဲဆိုတဲ့အမှုတိုင်းမှာသူမလုပ်တော့တဲ့သတင်းဌာနကအယ်ဒီတာပါဆိုပြီးစွဲတာ။အဲ့တော့သတင်းဌာနကလုပ်တဲ့ဟာမှန်သမျှသည် သူ့မှာတာဝန်ရှိတယ်ဆိုပြီးဖမ်းတာ။ဒီဟာသည်အစောကြီးထဲကမဖမ်းသင့်တဲ့ကိစ္စ၊ဖမ်းဆီးစစ်ဆေးဆဲကာလမှာတင် အဖြေတခုထွက်ပြီးပြန်လွတ်ပေးရမှာ။ပြောရမယ်ဆိုရင် အနည်းဆုံး ၅လ အချုပ်ခံလိုက်ရတာသူ့အတွက်တော်တော်နာသွားတယ်။သူမလုပ်တဲ့သတင်းကိစ္စတွေအတွက်သူ့ကိုဖမ်းတာ။ကျန်တဲ့သူတွေ သတင်းထောက်တွေဖမ်းထားတာ ရှိတယ်လို့လည်းသိရတယ်၊သို့သော် ဒီလူတွေလည်း…

Read More

မုံရွာထောင်မှာ ၁ နှစ်ကျော်ကြာ ဖမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၆ ဦးကို ပြည်နှင်ဒဏ်ပေး

နိုင်ဝင်ဘာ ၊ ၂၃ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ အကျဥ်းထောင်မှာ ၁ နှစ်ကျော်ကြာ အကျဥ်းခံနေရတဲ့ မဏိပူရ် ပြည်သူ့ လွတ်မြောက်ရေး တပ်က ဗိုလ်ကြီး ၁ ဦး အပါအဝင် အိန္ဒိယနိုင်ငံ မဏိပူရ် (ကသည်း)လူမျိုး ၆ ယောက်ကို ဒီကနေ့မှာ ပြည်နှင်ဒဏ်ပေးဖို့ ပြင်ဆင်နေတယ်လို့ မုံရွာ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။   ” ဗိုလ်ကြီး နော်ရာ ခေါ် Devanl အပါအဝင် သူတို့ ၆ ယောက်စလုံးက မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ် မဏိပူရ်ပြည်နယ် ပြည်သူ့ လွတ်မြောက်ရေးတပ် ( People Liberation Army –…

Read More

မြောက်ဒဂုံက တန်ဖိုးနည်း ‘ဝိုင်းခြုံမ’အကြော်ဆိုင်

အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းထဲမှာ ကားကြီးကားငယ်မျိုးစုံအောင် စီတန်းလို့နေပါတယ်။ ကားပေါ်မှာ စောင့်နေသူတွေ၊ ကားအောက်ဆင်းကာ စောင့်သူတွေနဲ့စည်းကားနေပါတယ်။စောင့်ဆိုင်းနေတဲ့သူအများစုမှာ မြန်မာ့ရိုးရာအကြော်မျိုးစုံကို လာရောက်ဝယ်ယူကြတာဖြစ်ပါတယ်။ မြေကြီးကိုအခြေစိုက်ပြီး တာပေါ်လင်မိုးထားတဲ့ အကြော်တဲအတွင်းမှာလည်း အမျိုးသမီသုံးဦးဟာ အကြော်မျိုးစုံကို လက်မလည်အောင် ချွေးသံတစ်ရွဲရွဲနဲ့ကြော်နေပါတယ်။ အကြော်တဲရဲ့အရှေမှာတော့ လာရောက်ဝယ်ယူသူတွေနဲ့ ထိုင်ပြီးစားသောက်လို့ရအောင် ၁၀ပေ အခန်းလေးကို စီစဥ်ထားပြန်ပါတယ်။ အကြော်တဲရဲ့အပေါ်မှာတော့ “ဝိုင်းခြုံမ “ဆိုတဲ့ ဆိုင်နာမည်ကို မြန်မာဆန်ဆန် သစ်သားနဲ့ထွင်းထုထားပြီး ချိတ်ဆွဲထားပါတယ်။ “ဝိုင်းခြုံမ “ဆိုတဲ့ အကြော်ဆိုင်ကို ဦးစီးဦးဆောင်သူမှာ အသက် ၂၀ သာရှိသေးတဲ့ မရွန်းလဲ့ဝေဖြစ်ပြီး မကွေးတိုင်း၊ ချောက်မြို့နယ်က အညာသူမိန်းမပျိုလေးတဦးပဲဖြစ်ပါတယ်။ “ဝိုင်းခြုံမဆိုတာ ငယ်ငယ်က ညီမနာမည်လေ အညာဘက်မှာ ဝိုင်းကြီးအကျယ်ကြီးတွေထဲမှာ စုနေကြတယ်၊ အဲ့ဒီ တမျိုးလုံးထဲမှာ ညီမတစ်ယောက်ထဲရှိတော့ အကုန်လုံးက ခြုံပြီးချစ်ရတဲ့အတွက်ကြောင့် ဝိုင်းခြုံမဆိုပြီးခေါ်ကြတာ၊ ဆိုင်နာမည်ပေးတော့ ဗေဒင်တွေဘာ တွေ…

Read More

တရားမင်၍ ပုဂ္ဂိုလ်ခင်

(လူထုဒေါ်အမာ ၁၀၆နှစ်ပြည့် မွေးနေ့ဂါရဝ) ———————————————— ဆူးငှက် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့်မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာ အေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်းပြောဆိုကြရင်း ပီတိတွေဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော် မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက်မှ ရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး) ကတော့ တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့် လမ်းကြုံသော စာရေးဆရာ…

Read More

ညအိပ်ချိန်တွေမှာတောင် လုံခြုံမှုမရှိတော့တဲ့ ကလေးမြို့နယ်ထဲက သာစည်ကျေးရွာ

နိုဝင်ဘာ ၂၂-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေမှာ မကြာခဏပစ်ခတ်မှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံရွာသားတွေအနေနဲ့ မိမိတို့ရဲ့ရပ်ရွာနေအိမ်တွေမှာ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိတော့ဘဲ မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲ့ဒီအထဲမှာ ကလေးမြို့ရဲ့တောင်ဘက် (၃) မိုင်အကွာမှာရှိတဲ့ သာစည်ကျေးရွာလည်း အပါအဝင်ဖြစ်ပါတယ်။ သာစည်ကျေးရွာမှာ အိမ်‌ခြေ တစ်ထောင်ကျော်ရှိနေပြီး ပြီခဲ့တဲ့စက်တင်ဘာ (၂၆) ရက်နေ့က ရွာထဲကိုစစ်သားတွေဝင်လာခဲ့ပြီး ဒေသခံ (PDF)အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရွာသားတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့အချိန်အထိ စိုးရိမ်စိတ်တွေနဲ့ ရွာထဲမှာ စိတ်ချလက်ချမနေရဲတော့ဘူးလို့ ဒေသခံရွာသားတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆) ရက်နေ့ ပစ်ခတ်မှုမှာ အဲ့ဒီဒေသက CDM ရဲဝန်ထမ်းကိုဇော်မျိုးထွဋ်နဲ့ လူငယ်တဦးအဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။ အဲ့ဒီသေဆုံးမှုဟာ အဖမ်းခံရပြီးမှ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာဖြစ်ပြီး ဖမ်းမိတဲ့တရားခံကို နိုင်ငံတကာကျင့်သုံးနေတဲ့ စစ်သုံ့ပန့် ဥပဒေအတိုင်းသာ အရေးယူစေလိုပြီး အခုလိုဖမ်းမိတာနဲ့သတ်ဖြတ်နေမယ်ဆိုရင် တိုင်းပြည်အေးချမ်းသာယာမှုရှိလာမှာမဟုတ်ဘူးလို့ သေဆုံးသွားတဲ့ CDM ရဲဝန်ထမ်းကိုဇော်မျိုးထွဋ်ရဲ့ဇနီးဖြစ်သူက သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar…

Read More

နန်းဖာလုံဈေးပိတ်ထားတာနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ နလံမထူနိုင်သေးတဲ့ တမူးမြို့က အလုပ်အကိုင်အခွင့်အလမ်းများ

နိုဝင်ဘာ ၂၁-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း ၊ တမူးမြို့မှာရှိတဲ့ ဒေသခံအများစုဟာ အိန္ဒိယနယ်ဈေးဖြစ်တဲ့ နန်းဖာလုံဈေးကို အမှီပြုပြီး ကုန်စည်ကူးသန်း ရောင်းဝယ်မှုလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။ အဲ့ဒီဈေးမှာ အထည်ဆိုင်ဖွင့်လှစ်ရာင်းချသူတွေရှိသလို တချို့ကလည်း ဒေသထွက်သီးနှံတွေကို ရောင်းချကြပါတယ်။ အရင်က တမူးမြို့မှာ နေ့စဉ်ယာဉ်အစီးရေ (၁၀၀) ဝန်းကျင် ပြေးဆွဲနေတာကြောင့် တနေ့လုပ်တနေ့စား ကုန်ထမ်းသမားတွေဟာ တရက်ကို လုပ်အားခ (၈၀၀၀) ကနေ (၃၀၀၀၀) အထိရရှိတာကြောင့် တမူးမြို့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးရော စီးပွားရေးပါအပူအပင်မရှိ အဆင်ပြေနေကြတယ်လို့ မြို့ခံတဦးကပြောပါတယ်။ အခုလိုအခြေအနေမှာ ပြီးခဲ့တဲ့ covid ပထမလှိုင်းကစတင်ပြီး နန်းဖာလုံဈေးပိတ်လိုက်တာကြောင့် ဒီဈေးကိုအမှီပြုနေရတဲ့ ဈေးရောင်းဈေးဝယ်သမားတွေ အခက်အခဲကြုံတွေ့ခဲ့ကြရသလို နယ်စပ်ဖြတ်ကျော်ပြီး ကုန်စည်သယ်ယူပို့ဆောင်ပေးတဲ့ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေ နည်းပါးလာခဲ့ပါတယ်။ အရင်က ညအချိန်တွေမှာ တခြားနယ်စပ်လမ်းတွေကနေ သယ်ယူရောင်းချလို့ရနေသေးတာကြောင့် အရောင်းအဝယ်နဲ့ စားဝတ်နေရေးအခြေအနေတွေ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ပေမယ့်…

Read More

ကျိုက္ခမီ-စက်စဲကားလမ်းမှာ ဘုရားဖူးကားမှောက်လို့ ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၀-၂၀၂၁ GH ( VOM )   သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-စက်စဲကားလမ်းမှာ ဒီနေ့မနက်ပိုင်းက ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ၁ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုရေးအသင်းတွေဆီကသိရပါတယ်။   ဒဏ်ရာရရှိသူ ၈ ယောက်ထဲက ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အခြေအနေရှိကြောင်း၊ နောက် ၄ ယောက်ကတော့ ခေါင်းပေါက်တာ၊လက်ကျိုးတာမျိုးရှိပြီး ဒဏ်ရာရသူတွေထဲ ကလေးတွေများတယ်လို့ သိရပါတယ်။   ” စက်စဲ-ကျိုက်က္ခမီမရောက်ခင် လမ်းခွဲလမ်းဆုံ ဆီဆိုင်အနားမှာဖြစ်တာပါ။သေဆုံးသူက ယာဉ်မောင်းအမျိုးသားဖြစ်တယ်။သူ့ဘော်ဒီကိုပြန်ယူမယ်ဆိုလို့ အခုသွားပို့နေတာပါ။ ကားက အမျိုးတွေစုပြီး ကျိုက္ခမီဘုရားဖူးသွားတဲ့ပုံပါ။ကျနော်တို့ရောက်တော့ ကားကတနေရာလူတွေကအကုန်ပျံ့နေတယ် “လို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးသွားရောက်နေသူတဦးကပြောပါတယ်။   ကားပေါ်ပါသူတွေဟာ မော်လမြိုင်မြို့ကဖြစ်လို့ ဒဏ်ရာရရှိသူအားလုံးကို သံဖြူဇရပ်ဆေးရုံက မော်လမြိုင်ပြည်သူ့ဆေးရုံကိုပြန်လွှဲတာကြောင့် လူနာတွေကိုပို့ဆောင်ပေးနေတယ်လို့ပြောပါတယ်။   နှစ်စဉ်ဘုရားဖူးရာသီရောက်တိုင်း ကျိုက္ခမီ-စက်စဲကားလမ်းမှာ ယာဉ်တိမ်းမှောက်တာတွေရှိကြောင်း၊ အခုနိုဝင်ဘာလအတွင်း ဘုရားဖူးကားတိမ်းမှောက်မှုက ၄…

Read More

ရှေးဟောင်းကျောင်းတိုက်ကြီးများနှင့် ဥယျာဉ်တော်

ဆူးငှက် “ဂါထာနတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံပယောဂ၊ တလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း” ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင် တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများမြှုပ်နှံပြီးလေသောအခါ ခုနှစ်ဌာနကို အုတ်စီခင်း၍ တံခါး ၁၂ရပ် တိုင်ထူခဲ့သည်။ ခုနှစ်ဌာနတွင် မဟာလောကမာရဇိန်စတီတော်ပါ၏။ အတုလဝေယံကျောင်းတော် ပါရှိ၏။ မဟာလောကမာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁-ခု၊ ကဆုန်လပြည့်ကျော် ၇ ရက်နေ့တွင် ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် အုတ်စီခင်း စတင်တည်လုပ်ခဲ့ရာ ၁၂၂၄-ခု၊ ဝါဆိုလတွင် ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့ နေ့တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုကုသိုလ်တော်ဖြစ်၏။ မြို့တော်သူ မြို့တော်သားတို့က “ကုသိုလ်တော်ဘုရား”ဟု ခေါ်ဆိုခဲ့ကြသည်။ ဘုရားပရိဝုဏ်တွင် ပိဋကတ် ကျောက်စာတော်ပေါင်း…

Read More

ကလေးဝ-တန့်ဆည်ကားလမ်းမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်း မိုင်းဆွဲခံရ

နိုဝင်ဘာ ၊ ၁၉-၂၀၂၁ နှင်းဝေဖြူ (VOM)   စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ကလေးဝ-တန့်ဆည်ကားလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ယာဉ်တန်း မိုင်းဆွဲခံရတယ်လို့ အောင်ချမ်းသာကျေးရွာခံတွေက ပြောပါတယ်။   ” တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဥ်ကျင်းပတဲ့ မဟာမြိုင် ရွှေတိဂုံပုံတူ လေးကျွန်းရန်အောင် ဘုရားပွဲကနေ အပြန် အောင်ချမ်းသာရွာကနေ ကလေးဝဘက်ကို ၁၃ မိုင်အကြားနေရာလောက်မှာ မိုင်းဆွဲခံရတာပါ ၊ လမ်းဘေးထောင် မြေမြုတ်မိုင်း သုံးလေးလုံးပေါက်ကွဲတယ် ၊ ယာဥ်တန်းကျော်ပြီးမှ ပေါက်တာပါ ၊ မပေါက်သေးတဲ့ မိုင်းတွေလည်း ရှင်းလင်းဖယ်ရှား သက်မဲ့ လုပ်ခဲ့တယ် ” လို့ အဲ့ဒီကားတန်းမှာ လိုက်ပါခဲ့တဲ့ ယာဥ်မောင်းတယောက်က ပြောပါတယ်။   ဒါ့အပြင် အဲ့ဒီကားတန်းကို မိုင်းခွဲခံရအပြီးမှာ ကားတန်းအဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး လူ…

Read More

ဆောမြို့နယ်မှာ မြေပြင်ရော ဝေဟင်ပါ ပစ်ခတ်မှုတွေဖြစ်ပေါ်ပြီး ရွာ ၂ ရွာက လူတွေ တိမ်းရှောင်နေရ

နိုဝင်ဘာ ၊ ၁၉ -၂၀၂၁ နှင်းဖြူဝေ(VOM)   မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ကျိန်ချောင်းရွာနဲ့ တောမရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး အဲ့ဒီရွာတွေက လူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။   ဒီမနက် ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး ဆောမြို့နယ် ၊ တောမရွာခံတယောက်က ” စစ်ရေးပြင်နေတာက လေးငါးရက်ရှိနေပြီ ၊ ဆောမြို့ပေါ်က ဆေးရုံကျန်းမာရေး ဝန်ထမ်းတွေကို အခုလ ၁၄ ရက် နောက်ဆုံးထားပြီး CDM မှာပါဝင်ဖို့ ဒေသလက်နက်ကိုင်အဖွဲ့တွေက ကြေညာတာတွေလုပ်ပြီးနောက်ပိုင်း ၊ အဲ့ဒီ အဖွဲ့တွေနဲ့ စစ်တပ်တွေအကြား တင်းမာမှုတွေဖြစ်နေခဲ့တာပါ ၊ အခုလ ၁၅ ရက်နောက်ပိုင်းမှာ ၂ ဘက် ပစ်ခတ်မှုတွေ နေရာ အတော်များများမှာဖြစ်တယ် ၊ ၂ ဘက်…

Read More
VOM News

FREE
VIEW