၀ါရှင်တန်၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM) တရုတ်နိုင်ငံ ပေကျင်းမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နို၀င်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီလို သံတမန်ရေးအရ သပိတ်မှောက်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီး စဉ်းစားနေကြောင်း မက္ကဆီကို၊ ကနေဒါခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမကျင်းပမီ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။ သံတမန်ရေးအရ သပိတ်မှောက်တာဟာ အဲဒီအားကစားပြိုင်ပွဲသို့ အမေရိကန်အရာရှိတွေကို စေလွှတ်ခြင်းမပြုတာဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာနေစဉ်မှာ အမေရိကန်သမ္မတက ယခုကဲ့သို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။ နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ သူတို့ရဲ့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲကို နို၀င်ဘာ ၁၅ ရက်မှာ အွန်လိုင်းမှကျင်းပခဲ့ပြီး သုံးနာရီကြာဆွေးနွေးပွဲမှာတော့ အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး မဆွေးနွေးခဲ့ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ သပိတ်မှောက်ဖို့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်…
Read MoreMonth: November 2021
မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု ထိုင်းနိုင်ငံခြားရေး၀န်ကြီး မထုတ်ပြန်
ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM) ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နို၀င်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ဆွေးနွေးမှုအသေးစိတ်တွေကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံအချို့က ထိပ်တန်းတာ၀န်ရှိသူတွေလာရောက်ခဲ့ရာမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးလည်းပါ၀င်ခဲ့ပါတယ်။ ဆွေးနွေးမှုအသေးစိတ်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေးဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အကူအညီတွေပေးဖို့ သဘောတူထားတယ်လို့ သူကဆိုပါတယ်။ ထိုင်းပုဂ္ဂလိကကဏ္ဍကနေ မြန်မာနိုင်ငံအတွက်ပေးအပ်တဲ့ ပစ္စည်း ၁၇ တန်ကို ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။ ဒါပေမယ့် မြန်မာအာဏာကပိုင်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ သူက တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်ကို သတင်းဌာနတွေက ဖော်ပြပြီးနောက်မှာတော့ ခရီးစဉ်အပေါ် အများပြည်သူတွေ အာရုံစိုက်ခဲ့ပြီး ထိုင်းအစိုးရအနေနဲ့ ပိုမိုပွင့်လင်းမြင်သာရှိဖို့ ကာဇက်စတန်နဲ့…
Read Moreတရုတ်-အာဆီယံဆွေးနွေးပွဲ နကစဥက္ကဌကိုဖိတ်ကြားရေး တရုတ်ကြိုးပမ်းမှု ကန့်ကွက်မှုတွေကြုံနေရ
ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM) လာမယ့်သီတင်းပတ်မှာ တရုတ်သမ္မတကလက်ခံကျင်းပမယ့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နစကကောင်စီဥက္ကဌတက်ရောက်ခွင့်ပြုဖို့ တရုတ်အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေဟာ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတယ်လို့ သံတမန်သတင်းရင်းမြစ်တွေက နို၀င်ဘာ ၁၈ ရက်မှာပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြပ်အတည်း၊ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေကို ဖိအားပေးမှုအဖြစ် ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာတာ၀န်ရှိသူတွေကို အစည်းအဝေးကနေ ဖယ်ထုတ်ပြီး အာဆီယံအဖွဲ့က ဖိအားပေးခဲ့ပါတယ်။ လက်ရှိမှာလည်း နို၀င်ဘာ ၂၂ ရက်မှာပြုလုပ်မယ့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နစကကောင်စီဥက္ကဌကို မဖိတ်ဖို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူတို့က ကန့်ကွက်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီလေးနိုင်ငံဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲကလိုပဲ မြန်မာနိုင်ငံကို အစည်းအဝေးမဖိတ်ဖို့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲဖို့ သဘောတူထားကြောင်း အမည်မဖော်လိုတဲ့ သံတမန်ရင်းမြစ်တွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့…
Read Moreအမေဇုန်သစ်တောပြုန်းတီးမှု (၁၅ )နှစ်အတွင်း အဆိုးရွားဆုံးဖြစ်နေ
ဘရာဆီးလီးယား၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံရှိ အမေဇုန်သစ်တောသစ်တောပြုန်းတီးမှုဟာ ၁၅ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိနေတယ်လို့ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။ ဘရာဇီးနိုင်ငံ အာကာသသုတေသနအေဂျင်စီရဲ့ အစီရင်ခံစာအရ အမေဇုန်သစ်တောပြုန်းတီးမှုဟာ တစ်နှစ်အတွင်း ၂၂ ရာခိုင်နှုန်းထိ တိုးမြင့်လာတယ်လို့ ဆိုပါတယ်။ အခုအချက်အလက်တွေဟာ စိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုနေပြီး သစ်တောပြုန်းတီးမှုနဲ့ ဆက်နွယ်တဲ့ရာဇ၀တ်မှုတွေကို ပိုမိုကိုင်တွယ်သွားရမှာဖြစ်ကြောင်း ဘရာဇီးသဘာ၀ပတ်၀န်းကျင်၀န်ကြီးကပြောပါတယ်။ ဘရာဇီးနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုကို အဆုံးသတ်ဖို့ COP26 ရာသီဥတုပြောင်းလဲမှုညီလာခံမှာ ကတိပြုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အမေဇုန်သစ်တောမှာ အပင်၊ တိရိစ္ဆာန်မျိုးစိတ်ပေါင်း သုံးသန်းခန့်ရှိပြီး ဌာနေတိုင်းရင်းသား တစ်သန်းခန့်နေထိုင်နေကြကာ ကမ္ဘာကြီးပူနွေးလာမှုအရှိန်ကို နှေးကွေးစေတဲ့ အရေးပါတဲ့ ကာဗွန်ထိန်းသိမ်းပေးရာ သစ်တောဖြစ်ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဘရာဆီးလီးယား
Read Moreနယ်စည်းမခြား ရာသီဥတု ပြောင်းလဲမှုများကို သတိပြုဖို့ လိုပြီ
သွေး (စစ်ကိုင်း) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ပိုပြီး ခံစားနေကြရပါပြီ။ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှု၊ ကမ္ဘာကြီး ပိုမိုပူနွေးလာမှု၊ ရေခဲတောင်တွေ အရည်ပျော်ကျမှုတွေက လူသားတွေရဲ့ ရှင်သန်, ရပ်တည်မှုကိုပါ ခြိမ်းခြောက်လာနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုကို တားဆီးနိုင်ဖို့ နည်းလမ်းတွေကို ကမ္ဘာတဝှမ်းက အလေးအနက်ထား စဉ်းစားလာကြရပါပြီ။ မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ COP 26 ကုသလမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က သဘောတူညီချက်အသစ် ချမှတ်နိုင်ခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပခဲ့တဲ့ မြေကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကနေ UNFCCC လို့ ခေါ်တဲ့ United Nations Framework Convention on Climate Change (ရာသီတု…
Read Moreတောင်တရုတ်ပင်လယ်မှာ အမေရိကန်-ဂျပန် ပထမဆုံး စစ်ရေးလေ့ကျင့်
တိုကျို၊ နို၀င်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နို၀င်ဘာ ၁၆ ရက်တွင်ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုအတွက် ရေငုပ်သင်္ဘောတစ်စင်းကိုလည်း စေလွှတ်ခဲ့ကြောင်း ဂျပန်ရေတပ်ကထုတ်ပြန်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောအပြင် ဖျက်သင်္ဘောတွေနဲ့ ကင်းလှည့်လေယာဉ်တွေ လည်းပါ၀င်ကြောင်း ဂျပန်ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တောင်တရုတ်ပင်လယ်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် ပြုလုပ်တာလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်-ဂျပန် မိတ်ဖက်ဆက်ဆံရေး၊ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်နဲ့ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ဖို့ ရည်ရွယ်ပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်အခြစိုက်စခန်းတွေ ထူထောင်ဖို့အတွက် ကျွန်းတုများတည်ဆောက်ခြင်းကဲ့သို့သောနည်းလမ်းနဲ့ သူ့ရဲ့တည်ရှိမှုကို မြှင့်တင်နေပါတယ်။ အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်ကိုလွှမ်းခြုံထားတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ လုံခြုံရေးဆိုင်ရာ မူဘောင်သစ်တစ်ခုဖန်တီးပြီး တရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ကြိုးစားနေပါတယ်။ Ref: NHK Photo: US…
Read Moreဒေလီမြို့မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းနဲ့ကောလိပ်တွေအကုန် ပိတ်ထားရ
ဒေလီ၊ နို၀င်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် စာသင်ကျောင်းနဲ့ ကောလိပ်တွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်ဆို့ အာဏာပိုင်တွေကအမိန့်ထုတ်လိုက်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း နို၀င်ဘာ ၂၁ ရက်ထိပိတ်ပင်ထားပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေကိုတော့ခြွင်းချက်အဖြစ် ဆက်လက်လည်ပတ်လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ဒေလီမြို့ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၁၁ ရုံအနက် ငါးရုံကိုသာ လည်ပတ်ခွင့်ပြုထားပါတယ်။ ဒေလီမြို့မှာ ဒီပါ၀လီပွဲတော်ပြီးနောက်ပိုင်းကစလို့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေဟာ လူတွေရဲ့အဆုတ်ကို ပိတ်ဆို့စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် လက်ရှိမှာကျော်လွန်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွင်း လေထုညစ်ညမ်းမှုမှာ အလွန်ဆိုးရွားနေတာကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစီအမံတွေကို ပြည်နယ်နဲ့ဖက်ဒရယ်အစိုးရတွေကို အိန္ဒိယအထူးတရားရုံးက ညွှန်ကြားထားပါတယ်။ Ref: BBC Photo:Getty Images…
Read Moreဓားသွေးကတ်ကြေးသွေးရင်း ဝမ်းရေးဖြေရှင်းနေရတဲ့ စက္ခုအလင်းမဲ့နေသူ ဦးမောင်ကြိုင်
အေးချမ်းသူ(VOM) မနက်အလင်းရောင်နဲ့အတူ အင်းစိန်-ပေါက်တောဝ ကားမှတ်တိုင်မှာ ရုံးသွားသူတွေ၊အလုပ်သွားသူတွေ စျေးရောင်းစျေးဝယ်နဲ့အတူ YBS ကားတွေလည်း ရှုပ်လို့နေပါတယ်။ လှိုင်သာယာကနေ အင်းစိန်ဘက်ကို မောင်းနှင်လာတဲ့ YBS-6ကားဟာ ပေါက်တောဝမှတ်တိုင်အနီး ရပ်လိုက်ပါတယ်။ကားပေါ်မှ အသက် ၇၀ နီးပါးရှိတဲ့ အဘိုးအိုတစ်ဦးနဲ့ဟာ အသက်ရှစ်နှစ်အရွယ် ကလေးမကိုတွဲပြီး ကားပေါ်ကဆင်းလာပါတယ်။ ကားပေါ်မှ ဆင်းလာတဲ့ အဘိုးအိုဟာ မျက်စိမမြင်တဲ့အပြင် လေပါဖြတ်ထားပြီး ခြေထောက်ကမသန်လို့ လက်တစ်ဖက်က တောင်ဝှေးကိုအားပြုကာ မြေးမလေးကိုတွဲပြီး ဆင်းလာပါတယ်။ ကားပေါ်ကနေ အောက်ကိုရောက်လျှင် မြေးမလေးက အဘိုးအိုရဲ့လက်ကိုဆွဲ အဘိုးအိုက တောင်ဝှေးကိုအဖော်ပြုကာ မှတ်တိုင်အနီးက လမ်းတွေကို တစ်လမ်းဝင်တစ်လမ်းထွက် ပါးစပ်မှ “ဓားတွေသွေးတယ် ကတ်ကြေးတွေသွေးတယ်”လို့ အော်ကာ သူရဲ့အလုပ်ကို စတင်ပါတော့တယ်။ သူ့အမည်က ဦးမောင်ကြိုင် လှိုင်သာယာမြို့နယ်၊ ၂ရပ်ကွက်၊ ဗထူး ၈လမ်း ဒ၊ အိမ်အမှတ်…
Read Moreတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေရပ်ပေးဖို့ ကျောက်မဲစစ်ရှောင်တွေ ဆန္ဒဖော်ထုတ်
နိုဝင်ဘာ ၁၅-၂၀၂၁ Shy V(VOM) တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ပေးဖို့ ကျောက်မဲစစ်ရှောင်တွေနဲ့ ရှမ်းပြည်နယ်က ပြည်သူအချို့ဟာ မနေ့နိုဝင်ဘာ၁၄ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စစ်ရှောင် ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အပါအဝင် ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက် အမြို့မြို့အနယ်နယ်ကလာတဲ့ ဧည့်သည်တွေနဲ့ ဆရာတော်တွေ၊ လာကူတဲ့သူတွေ ပါဝင်သူအားလုံး ၈၀၀ ခန့်ရှိတယ်လို့ ဒေသခံ ၁ ဦး ဖြစ်တဲ့ ဦးစိုင်းကူးက ပြောပါတယ်။ “အဓိက စစ်ပွဲကို ရပ်ပေးဖို့၊ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူး ဆိုတာရယ် ငြိမ်းချမ်းရေးအတွက် စားပွဲခုံမှာ ဆွေးနွေးပေးပါဆိုတဲ့အချက်ရယ် စစ်ပွဲ အလိုမရှိ စသဖြင့် အဓိက တောင်းဆိုချက် ၄ ချက်”…
Read Moreထန်းတပင် တာဆုံရဲကင်းပစ်ခတ်မှု ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေ
ရန်ကုန်၊နိုဝင်ဘာ ၁၅-၂၀၂၁ KK(VOM) ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တာဆုံရဲကင်းမှာ ဒီကနေ့မင်္ကအိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ထန်းတပင်တာဆုံမှာရှိတဲ့ ရဲကင်းစခန်းကို ကားတစ်စီးက လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တဦးနဲ့ရဲတပ်သားနှစ်ဦးတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုဖြစ်ပြီးနောက် လူမှုရေးအသင်းက ကားတွေနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “သုံးဦးသေတယ်လို့ကြားတယ် ပရဟိတအဖွဲ့မှာပါတဲ့ အစ်ကိုတစ်ယောက်ပြောတာ “လို့ သူက ပြောပါတယ်။ တာဆုံရဲကင်းပစ်ခတ်မှုကြောင့် သေဆုံးသူတွေဟာ ဒုရဲအုပ် ဒုရဲအုပ်အောင်သူလွင်၊ ရဲတပ်သားလွင်မိုးနိူင်နဲ့ နိူင်နိူင်လတ် တို့ဖြစ်တယ်လို့ အမည်မဖော်လို ရဲအရာရှိတဦးက ပြောပါတယ်။ အလားတူ ဒီကနေ့မနက်ပိုင်းက တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်က ယာဥ်ထိန်းရဲကင်းနဲ့ သန်လျှင်တံတားအဆင်းက ရဲကင်းမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ သန်လျှင်နဲ့ထန်းတပင်က လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး…
Read More