ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာရောက်ဖို့ ဖိတ်ကြား

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၊ ၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံ နစကက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်သီတင်းပတ်မှာ ကမ္ဘောဒီးယားသို့ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။   လာမည့်လမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဋ္ဌတာဝန်ယူမည့် ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ မငြိမ်မသက်ဖြစ်မှုတွေ အဆုံးသတ်ရေးအားထုတ်မှုတွေတိုးတက်မှုရရှိစေဖို့ သံတမန်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နေပုံရပါတယ်။   မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ မျှော်မှန်းထားပေမယ့်လည်း လျင်မြန်စွာပျံ့နှံ့နေသော Omicron ကိုရိုနာဗိုင်းရပ်မျိုးကွဲအတွက် စိုးရိမ်မှုတွေကြောင့် ခရီးသွားလာမှုကန့်သတ်ချက်တွေရှိမယ်ဆိုရင် သူ့ရဲ့ခရီးစဥ်အပေါ် ထိခိုက်လာနိုင်ပါတယ်။   အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့ပေမယ့် သူ့ရဲ့မြန်မာနိုင်ငံခရီးစဥ် ဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။   ဘုံသဘောတူညီချက်တွေကို မြန်မာဘက်ကအကောင်အထည်ဖော်မှာအားနည်းတယ်ဆိုကာ အောက်တိုဘာကစပြီး ဆာဆီယံနဲ့ဆက်စပ်တဲ့ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာထိပ်တန်းတာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပါဘူး။…

Read More

Omicron ကိုဗစ်မျိုးကွဲ ကူးစက်မလာစေဖို့ သတိပြုပါ

သွေး (စစ်ကိုင်း) ကမ္ဘာတဝှမ်း လူသားတွေရဲ့ လူနေမှုဘဝနဲ့ စီးပွားရေးတွေကို ထိခိုက်စေခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါပိုးဟာ မျိုးကွဲအမျိုးမျိုးနဲ့ အသွင်ပြောင်းပြီး ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိလာရတဲ့ မျိုးကွဲကိုတော့ Omicron လို့ အမည်ပေးထားတဲ့ မျိုးကွဲပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ဒီမျိုးကွဲဟာ အရင်တွေ့ရှိထားတဲ့ ကိုဗစ်မျိုးကွဲတွေထက် ကူးစက်နိုင်မှု ပိုမိုမြန်ဆန်, မြင့်မားတာကြောင့် နိုင်ငံတွေ အနေနဲ့ ပြင်ဆင်သင့်တာ ပြင်ဆင်ထားကြဖို့ သတိပေးထား ပါတယ်။ ကိုဗစ် တတိယလှိုင်း ဖြစ်ပွားခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အများအပြား ရှိခဲ့ရုံသာမက သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Omicron မျိုးကွဲ ကူးစက်ခံရမှု မရှိအောင် တစ်ဦးချင်းစီ, တစ်ယောက်ချင်းစီက ကြိုတင်ကာကွယ်ကြဖို့ အထူးလိုအပ်နေပါတယ်။ ကိုဗစ်အသွင်ပြောင်းကူးစက်မျိုးကွဲဖြစ်တဲ့ B.1.1.529 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Omicron လို့…

Read More

ဆောင်းဦးပေါက်

ဆူးငှက် (က) မကြာမီ် ဆောင်းက ညာသံပေး ဝင်လာတော့မည်။ စာအုပ်တွေထဲကဆောင်းကာလကိုတော့ ဤသို့မှတ်သားဖူးသည်။ ၁၉၄၂ ခုမေလ ၁ ရက်မှ၊ ၁၉၄၅ ခုမတ်လ ၂၀ ရက်နေ့အထိ မန္တလေးကို ဂျပန်ကသိမ်းပိုက်ပြီး အဝင်မှာရော အထွက်မှာပါ စစ်မြေတလင်းဖြစ်ခဲ့သည်။ မန္တလေးမှာ ရွှေနန်းတော်ကြီးမှအစ မြို့၏ နေရာအတော်များများ ပြာပုံဘဝရောက်ခဲ့ရသည်။ စစ်ကြီးကြောင့် မန္တလေး၏ ရုပ်ဝတ္တုပစ္စည်းအများအပြားပျက်စီးရသည့်အပြင် မန္တလေးသူ မန္တလေးသားများ၏ စိတ်ဓာတ်များလည်း ပြိုလဲပျက်စီးခဲ့ရသည်။ အထူးသဖြင့် လူငယ်များ၏ စိတ်ဓာတ်ပျက်ပြားမှုကအဆိုးရွားဆုံးဖြစ်၏။ မီးလောင်ပြင် စစ်တလင်းမှာ အိုးအိမ်များကို ဖြစ်သလို ကုပ်ကပ်နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေးများကို လျစ်လျူရှုပြီး အင်္ဂလိပ်စစ်တပ်က အမွေပေးခဲ့သော အရက်ဘီယာနှင့် အပျော်အပါးလိုက်စားမှုများဖြင့်သာ ဒုစရိုက်မျိုးစုံနောက် ရေစုန်မျောပါခဲ့သည့် လူငယ်များချည်းဖြစ်နေတော့၏။ မီးလောင်သွင်ပြား အတွန့်အလိန်များဖြင့် ရရာသစ်သားတိုစများတိုင်ထူပြီး ရွှံ့ထဲဗွက်ထဲ ရောဂါဘယဘေးအမျိုးမျိုးဖြင့် နေထိုင်ရသော်လည်း ညနေစောင်းသည်နှင့် ရုံတော်ကြီးရှိဟိုတယ်များ၊…

Read More

တရုတ်ကိုတင်ပို့မယ့် မြန်မာကြက်သွန်နီတွေ ပိတ်မိနေလို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေ

ဒီဇင်ဘာ ၂-၂၀၂၁ Shy V (VOM)   မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး ဇုံ ၁ ခု ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိုဒေါင်တွေမှာ တရုတ်နိုင်ငံကိုတင်ပို့မယ့် မြန်မာ့ကြက်သွန်နီတွေ ပိတ်မိပျက်စီးကုန်လို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ မြန်မာကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။   “၁၇ တန်ပါတဲ့ကား အစီး ၁၆၀ ကျော်လောက် ပျက်စီးသွားတာ။ ၁ တန်ကို ၁ သိန်း ၈ သောင်း ဝယ်ရတာကို ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မှီ မပို့နိုင်ဘဲ ပိတ်မိနေလို့ အပင်တွေပေါက်ပြီး ပျက်စီးသွားတာ။ ကားခ‌နဲ့ဆိုရင် ၁ စီးကို သိန်း ၄၀ ကျော် ကုန်ကျတယ်။ ဂိုဒေါင်ခ မပါသေးဘူး၊ မကြာခဏ လှူဒါန်းပေးပေမယ့် အပင် ပေါက်သွားတာတွေနဲ့ ပုပ်ပြီး ပျက်စီးသွားတာတွေရော…

Read More

ရန်ကုန်ရှိ မြို့နယ်အချို့က ကားလမ်းဘေး ကျူးကျော်ဆိုင်တွေကို ဖျက်သိမ်း

ရန်ကုန်၊ဒီဇင်ဘာ ၂-၂၀၂၁ KK(VOM)   ရန်ကုန်အတွင်းရှိ မြို့နယ်အချို့က စည်ပင်သာယာနယ်နမိတ်အတွင်းမှာရှိနေတဲ့ ကားလမ်းဘေးတလျှောက် ကျူးကျော်ဆိုင်တွေကို မနေ့ဒီဇင်ဘာ ၁ ရက်မှစတင်ကာ စတင်ဖျက်သိမ်းမှုတွေပြုလုပ်နေတယ်လို့ ဖျက်သိမ်းခံရတဲ့မြို့နယ်တွေဆီက သိရပါတယ်။   မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံက ဆိုင်ရှင်တစ်ဦးက “မနေ့ကပဲ စဖျက်တာပါ အကုန်ဖျက်တာ စစ်တပ်ရော ရဲရော အင်အားမနည်းဘူး၊ မဖျက်လို့မရဘူး အကုန်လုံးကို စောင့်ကြည့်နေတာ”လို့ ပြောပါတယ်။   မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ ကားလမ်းကြီးရဲ့လမ်းဘေးဝဲယာမှာရှိနေတဲ့ ဆိုင်တွေကို နိုဝင်ဘာ ၁၉ ရက်က စတင်ပြီး ၁၄ ရက်အတွင်းဖျက်သိမ်းပေးဖို့ မြို့နယ်ထွေ/အုပ်က စာထုတ်ပြန်ခဲ့ပြီး ဆိုင်ရှင်တွေက သိရှိ ကြောင်း လက်မှတ်ထိုးပေးရတယ်လို့ ရွှေပေါက်ကံက ဆိုင်ရှင်တဦးက ပြောပါတယ်။   “ကိုယ့်ဘာသာကိုယ်ဖျက်မလား သူတို့ဖျက်ရင်တော့ဖျက်ခဆိုပြီးပေးရတယ် ဒီနေ့နောက်ဆုံးဖျက်ပေးရတာ၊ လမ်းဘေးကဆိုင်တွေအကုန်လုံးပဲ “လို့ သူကပြောပါတယ်။   တောင်ဒဂုံမြို့နယ်မှာတော့ စစ်တပ်၊ရဲတွေနဲ့…

Read More

မန္တလေး – မုံရွာကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ကုန်တင်တွဲကား ၁ စင်း ပျက်စီး ၊ လူ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မန္တလေး – မုံရွာ အဝေးပြေးကားလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုတရပ်ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် ကုန်တင်တွဲကား ၁ စီး ပျက်စီးကာ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာနေသူ၂ ယောက်လည်း မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့လိုက်တဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။   မျက်မြင်တွေ့လိုက်ရတဲ့ မုံရွာမြို့ခံတယောက်က ” ကျွန်တော့် ကားရှေ့မှာတင် ဖြစ်သွားတာပါ ၊ ကျွန်တော်က မုံရွာဘက်ကနေ ချောင်းဦးဘက်ကိုအသွား မျက်နှာချင်းဆိုင် ယာဥ်ကြောဘက်မှာ ပေါက်ကွဲတာဖြစ်တယ် ၊ ၂၂ ဘီးကုန်တင်ကား ၁ စီးက ဘီးအလုံး ၂၀ ကွဲထွက်သွားတာ ၊ အဲ့ဒီနားကို ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ် ၂ စီး ၊ လူ ၂…

Read More

ဘုန်းကြီးမောင်းတဲ့ ကားနဲ့တိုက်မိလို့ ၁၂ နှစ်အရွယ် မိန်းကလေးသေဆုံး

ဒီဇင်ဘာ ၂-၂၀၂၁ GH ( VOM )   မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ဘုန်းကြီးမောင်းလာတဲ့ကားက စက်ဘီးစီးလာတဲ့ မိန်းကလေးကိုတိုက်မိပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းဆီကသိရပါတယ်။   ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၂ နာရီခွဲကျော်ခန့်က သံဖြူဇရပ်မြို့ ၊ ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ကလေးငယ်က စက်ဘီးနဲ့ လမ်းကြားကနေအထွက် တဖက်လမ်းဘက်ကို လမ်းဖြတ်ကူးချိန် ဘုန်းကြီးကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ စက်ဘီးကိုတိုက်မိတာကြောင့် ဦးခေါင်းကြေဒဏ်ရာနဲ့သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။   ” ၁၂ နာရီ ၄၅ လောက်ကဖြစ်တာပေါ့။ကလေးမလေးက လမ်းကြားကနေ လမ်းဖြတ်ကူးတာ၊အဲ့ဒီနေရာက ကုန်းအစင်းလေးလည်းဖြစ်နေတယ်၊ အဲ့ဒီမှာ ဆရာတော်မောင်းလာတဲ့ကားနဲ့ တိုက်မိတာ၊ဆရာတော်ကားကတော့ လမ်းမှန်လာနေတာ။ ကလေးက လမ်းဖြတ်ကူးတော့ အရှိန်မထိန်းနိုင်တော့ တိုက်မိသွားတဲ့သဘောလို့သိရတယ်။ ဆရာတော်ကတော့ အစည်းအဝေးတစ်ခုတက်ဖို့လာတယ်လို့သိရတယ်။ ကျနော်တို့ရောက်တော့ ကလေးလေးက အသက်မရှိတော့ဘူး…

Read More

ကမ္ဘာ့လူဦးရေ ၂၇၄ သန်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ လိုအပ်နေ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂-၂၀၂၁ မျိုးဆက်(VOM)   ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ လာမယ့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၂၇၄ သန်းမဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေလိုအပ်လာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။   အဲဒီအရေအတွက်ဟာ ယခုနှစ်ထက် ၁၇ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ကုလသမဂ္ဂနဲ့အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက ပံ့ပိုးပေးတဲ့ အရေးပေါ်အကူအညီဆိုင်ရာ အစီရင်ခံစာမှာ အခုလို့ အကဲဖြတ်ခန့်မှန်းထားခြင်းဖြစ်ပြီး ကူညီမှုတွေထဲမှာ အစားအသောက်နဲ့ ကာကွယ်ဆေးတွေလည်း ပါ၀င်ပါတယ်။   ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတဲ့ ယီမင်၊ ဆီးရီးယားအပါအ၀င် နိုင်ငနဲ့ ဒေသပေါင်း ၆၃ ခုအတွက် အကူအညီအလိုအပ်ဆုံးသူတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၄၁ ဘီလီယံလိုအပ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  …

Read More

ပြည်ပ၀င်ရောက်စွက်ဖက်မှုမပါဘဲ မြန်မာ့အရေး ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတ ပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ-၂-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြည်ပက၀င်ရောက်စွက်ဖက်မှုတွေမရှိဘဲ ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတပူတင်က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီဇင်ဘာ ၁ ရက်မှာပြုလုပ်တဲ့ ပြည်ပသံတမန်တွေကို လက်ခံတဲ့ အခမ်းအနားမှာ သမ္မတပူတင်က အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ပြည်တွင်း နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဂိုဏ်းဂဏ အခြေအနေနဲ့ပတ်သက်တဲ့ပြသနာတွေကို ပြည်ပက၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံကိုယ်၌က ပြေလည်အောင်ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။   မြန်မာနိုင်ငံနဲ့ ရုရှားတို့ဟာ ယခင်ကတည်းက ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း၊ ပူးတွဲအားထုတ်ခြင်းဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာနှင့် ပညာရေးကဏ္ဍတွေမှာ အောင်မြင်တဲ့ အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတပူတင်က ပြောပါတယ်။   Ref: TASS Photo: Reuters #voiceofmyanmar #VOM #မော်စကို

Read More

မင်္ဂလာဒုံစက်မှုဇုန်ရှိ Yum Yum ခေါက်ဆွဲစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ဒီဇင်ဘာ ၂-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း စက်မှုဇုန် ၁၀လမ်းမှာရှိတဲ့ ရသာချိုစက်မှုလုပ်ငန်းလီမီတက်ပိုင် Yum Yumခေါက်ဆွဲစက်ရုံဟာ မနေ့ ဒီဇင်ဘာ ၁ရက် ည ၁၁နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။   ဇေကမ္ဘာဝင်းအတွင်း နေထိုင်သူတဦးက “မီးကအရမ်းကများတယ် ၂နာရီလောက်မှ မီးငြိမ်းသွားတာ၊ ၁၁ခွဲက လောင်တာ ၁နာရီခွဲငြိမ်းတာတောင် မီးက မသေဘူး”လို့ ပြောပါတယ်။   မီးလောင်မှုကို Level-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရာ မနက် ၁နာရီခွဲအချိန်မှာ မီးငြိမ်းနိူင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။   လက်ရှိအခြေအနေမှာ မီးလောင်တဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းနေပြီး ဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နေတယ်လို့လည်း သူကပြောပါတယ်။   ” မီးလောင်တဲ့အကြောင်းအရင်းက စုံစမ်းနေတုန်းမသိရသေးဘူး ဆုံးရှုံးမှုတန်ဖိုးလည်း တွက်နေတုန်းပါ”လို့ သူကပြောပါတယ်။   ရသာချိုကုမ္မဏီဟာ မြန်မာနိူင်ငံမှာ ၁၉၉၆ ခုနှစ်က…

Read More
VOM News

FREE
VIEW