မင်္ဂလာဒုံစက်မှုဇုန်ရှိ Yum Yum ခေါက်ဆွဲစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ဒီဇင်ဘာ ၂-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း စက်မှုဇုန် ၁၀လမ်းမှာရှိတဲ့ ရသာချိုစက်မှုလုပ်ငန်းလီမီတက်ပိုင် Yum Yumခေါက်ဆွဲစက်ရုံဟာ မနေ့ ဒီဇင်ဘာ ၁ရက် ည ၁၁နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
 
ဇေကမ္ဘာဝင်းအတွင်း နေထိုင်သူတဦးက “မီးကအရမ်းကများတယ် ၂နာရီလောက်မှ မီးငြိမ်းသွားတာ၊ ၁၁ခွဲက လောင်တာ ၁နာရီခွဲငြိမ်းတာတောင် မီးက မသေဘူး”လို့ ပြောပါတယ်။
 
မီးလောင်မှုကို Level-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရာ မနက် ၁နာရီခွဲအချိန်မှာ မီးငြိမ်းနိူင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။
 
လက်ရှိအခြေအနေမှာ မီးလောင်တဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းနေပြီး ဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နေတယ်လို့လည်း သူကပြောပါတယ်။
 
” မီးလောင်တဲ့အကြောင်းအရင်းက စုံစမ်းနေတုန်းမသိရသေးဘူး ဆုံးရှုံးမှုတန်ဖိုးလည်း တွက်နေတုန်းပါ”လို့ သူကပြောပါတယ်။
 
ရသာချိုကုမ္မဏီဟာ မြန်မာနိူင်ငံမှာ ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Yum Yum ခေါက်ဆွဲခြောက်အပြင် Xctie ခေါက်ဆွဲခြောက်တို့လည်း ထုတ်လုပ်တဲ့ကုမ္မဏီဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ယံယံခေါက်ဆွဲစက်ရုံ #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW