ပြည်ပ၀င်ရောက်စွက်ဖက်မှုမပါဘဲ မြန်မာ့အရေး ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတ ပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ-၂-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြည်ပက၀င်ရောက်စွက်ဖက်မှုတွေမရှိဘဲ ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတပူတင်က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒီဇင်ဘာ ၁ ရက်မှာပြုလုပ်တဲ့ ပြည်ပသံတမန်တွေကို လက်ခံတဲ့ အခမ်းအနားမှာ သမ္မတပူတင်က အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ပြည်တွင်း နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဂိုဏ်းဂဏ အခြေအနေနဲ့ပတ်သက်တဲ့ပြသနာတွေကို ပြည်ပက၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံကိုယ်၌က ပြေလည်အောင်ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။
 
မြန်မာနိုင်ငံနဲ့ ရုရှားတို့ဟာ ယခင်ကတည်းက ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း၊ ပူးတွဲအားထုတ်ခြင်းဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာနှင့် ပညာရေးကဏ္ဍတွေမှာ အောင်မြင်တဲ့ အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတပူတင်က ပြောပါတယ်။
 
Ref: TASS
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

VOM News

FREE
VIEW