ကမ္ဘာ့လူဦးရေ ၂၇၄ သန်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ လိုအပ်နေ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂-၂၀၂၁
မျိုးဆက်(VOM)
 
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ လာမယ့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၂၇၄ သန်းမဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေလိုအပ်လာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
 
အဲဒီအရေအတွက်ဟာ ယခုနှစ်ထက် ၁၇ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ကုလသမဂ္ဂနဲ့အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက ပံ့ပိုးပေးတဲ့ အရေးပေါ်အကူအညီဆိုင်ရာ အစီရင်ခံစာမှာ အခုလို့ အကဲဖြတ်ခန့်မှန်းထားခြင်းဖြစ်ပြီး ကူညီမှုတွေထဲမှာ အစားအသောက်နဲ့ ကာကွယ်ဆေးတွေလည်း ပါ၀င်ပါတယ်။
 
ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတဲ့ ယီမင်၊ ဆီးရီးယားအပါအ၀င် နိုင်ငနဲ့ ဒေသပေါင်း ၆၃ ခုအတွက် အကူအညီအလိုအပ်ဆုံးသူတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၄၁ ဘီလီယံလိုအပ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
အကူအညီလိုအပ်တဲ့ နိုင်ငံတွေစာရင်းမှာ အာဖဂန်နစ္စတန်နဲ့ အီသီယိုးပီးယားနိုင်ငံတို့လည်းပါ၀င်နေပါတယ်။
 
အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ကထိန်းချုပ်ပြီးနောက် စီးပွားရေးမငြိမ်သက်မှုများ ဖြစ်ပေါ်နေပြီး အီသီယိုးပီးယားမှာတော့ အစိုးရတပ်ဖွဲ့၀င်တွေနဲ့ မျိုးနွယ်စုလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
 
Ref: NHK
Photo:Oxfam
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW