ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၃နှစ်ကလေးအပါအဝင် လူ၃ ဦးသေဆုံး

ဒီဇင်ဘာ ၂၅-၂၀၂၁ GH (VOM)   ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိုင်တိုင်အမှတ် (၁၇၈/၄)နှင့် (၁၇၈/၅)ကြားမှာ ဒီကနေ့ နေ့လယ်ပိုင်းက Pajero အမျိုးအစားကားတစီး အရှိန်လွန်တိမ်းမှောက်ခဲ့လို့ အသက် ၃ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သာဂရအမြန်လမ်းရဲစခန်းကနေ သိရပါတယ်။   “ကနဦး သိရှိချက်အရ ကားကဝိတ်များတယ်၊အရှိန်များတယ်၊လူကလည်း များတယ်၊ ဟိုက်လိုက် ပါဂျဲရိုးကားလေးကားကလည်းသေးတယ်၊ဒါကြောင့်အရှိန်များပြီးမှောက်တယ်လို့သုံးသပ်တယ်။ အရင်က မလင်းလင်းထွန်းဆိုတဲ့ အသက် ၃၈ နှစ်ဆုံးတယ်၊နောက်မောင်ခွန်ဆန်ဖြိုးလင်းဆိုတာအသက်၃နှစ်ကျော်ဆုံးတယ်။နောက်ထပ်ယာဉ်မောင်းကိုအောင်ဇော်ဝင်းထပ်ဆုံးပါတယ်။ဆေးရုံမှာဆုံးတာပါ။အားလုံး ၃ ယောက်ပေါ့။ ဒဏ်ရာရတဲ့သူ ရှိ၊မရှိကိုလည်း စိစစ်နေပါတယ်”လို့ သာဂရအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။   တိမ်ူမှောက်တဲ့ယာဉ်ပေါ်မှာ ကျား(၄)ဦး၊ မ(၄)ဦးနဲ့ ကလေး(၅)ဦး အားလုံးစုစုပေါင်း(၁၃)ဦး လိုက်ပါလာတာဖြစ်ကြောင်း၊ သေဆုံးသူတွေကတော့ ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဥိးတို့ဖြစ်တယ်လို့သိရပါတယ်။   ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦးအနက် (၅)ဦးကိုတော့ သာဂရ RESCUE AMBULANCE…

Read More

အီရန်က ပဲ့ထိန်းဒုံးပျံတွေပစ်ခတ် စစ်ရေးလေ့ကျင့်ပြီး အစ္စရေးကိုသတိပေး

တီဟီရန်၊ ဒီဇင်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   အီရန်ဟာ ပင်လယ်ကွေ့ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးကို သတိပေးလိုက်တာဖြစ်တယ်လို့ အီရန်စစ်ဘက်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီဇင်ဘာ ၂၄ ရက်မှာပြီးဆုံးခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာတော့ အီရန်ဟာ ပဲ့ထိန်းဒုံးပျံတွေနဲ့ ခရုဇ်ဒုံးပျံတွေပါ ပစ်လွှတ်ခဲ့ပါတယ်။   အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးအာဏာပိုင်တွေအမှားအယွင်းတွေကို သတိပေးဖို့ အလွန်ရှင်းလင်းတဲ့ သတင်းစကားဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ပြောပါတယ်။   စစ်ရေးလေ့ကျင့်မှုမှာ အီရန်စစ်ဘက်ဟာ အမျိုးအစားမတူတဲ့ ပဲ့ထိန်းဒုံးပျံ ၁၆ စင်းကိုပစ်လွှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။   စစ်ရေးလေ့ကျင့်မှုအတွင်း ပဲ့ထိန်းဒုံးပျံတွေကို အီရန်ကပစ်လွှတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဗြိတိန်ကပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  …

Read More

အသံထက်မြန်တဲ့ဒုံးပျံ စမ်းသပ်အောင်မြင်သွားပြီလို့ ရုရှားသမ္မတပူတင် အခိုင်အမာဆို

မော်စကို၊ ဒီဇင်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   ရုရှားနိုင်ငံဟာ အသံထက်ငါးဆမြန်တဲ့ ဒုံးပျံတွေကို ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက အောင်မြင်စွာစမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီလို့ သမ္မတပူတင်က အခိုင်အမာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   Tsirkon အမျိုးအစားအသံထက်မြန်တဲ့ ဒုံးပျံစနစ်တွေကို ယမန်နေ့ကအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၊ သိပ္ပံနှင့်ပညာရေးကောင်စီတို့ရဲ့ ပူးတွဲအစည်းအဝေးမှာ သမ္မတပူတင်ကပြောဆိုခဲ့တာဖြစ်တယ်လို့ အာအိုင်အေသတင်းဌာနကဆိုပါတယ်။   အဲဒီဒုံးပျံစနစ်ဟာ မြေပြင်နဲ့ရေပြင်ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ မိမိတို့ရဲ့ နောက်ဆုံးပေါ်ဒုံးပျံအမျိုးအစားဖြစ်ကြောင်း သမ္မတပူတင်ကပြောဆိုပါတယ်။   စမ်းသပ်မှုကို အောင်မြင်ချောမွေ့စွာပြုလုပ်နိုင်ခဲ့ပြီးဒါဟာ ရုရှားရဲ့လုံခြုံရေးနဲ့ ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သူကပြောပါတယ်။   အသံထက်မြန်သည့်ဒုံးပျံစနစ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်နာတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ဒုံးပျံတွေကို ရုရှားရေတပ်မှာ လာမည့်နှစ်အတွင်းတပ်ဆင်ဖို့ ရည်ရွယ်ထားကြောင်း သမ္မတပူတင်ကပြောပါတယ်။   Ref: Reuters Photo: AFP #voiceofmyanmar #VOM #မော်စကို

Read More

မြန်မာဒုက္ခသည်တွေကို ကူညီပေးသွားမယ်လို့ ထိုင်း၀န်ကြီးချုပ်ကတိပြု

ဘန်ကောက်၊ ဒီဇင်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံကရင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်ကိုထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကတိပြုပြောဆိုလိုက်ပါတယ်။ မြန်မာဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရေး ပြင်ဆင်ထားဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၄ ရက်မှာပြောပါတယ်။   ထိုင်းနိုင်ငံအတွင်းလာရောက်တဲ့ ဒုက္ခသည်ဟာ အရင်ကတည်းက ကိုးသောင်းကျော်ရှိနေပေမယ့် ဒုက္ခသည်တွေဟာ အခြေအနေတည်ငြိမ်လာရင် နေရပ်ပြန်ဖို့လိုအပ်တာကြောင့် ဒုက္ခသည်စခန်းသစ်တစ်ခု တည်ဆောက်မှမဟုတ်ဘူးလို့သူကဆိုပါတယ်။   မြန်မာဘက်ခြမ်းမှာတိုက်ပွဲတွေဖြစ်ပွားရာမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၀န်းကျင်းက ကျေးရွာတွေကို လက်နက်ကြီးကျည်ဆံတွေ ကျရောက်မှုတွေလည်းရှိနေပါတယ်။   အဲဒီလိုအန္တရာယ်ရှိတဲ့အခြေအနေကြောင့် အဲဒီလိုကျေးရွာကလူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ မလိုအပ်ကြောင်းနဲ့ ထိုင်းပိုင်နက်အတွင်း အဲဒီလိုလက်နက်ကြီးပစ်ခတ်မှုတွေမကျရောက်ဖို့ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို သတိပေးထားတယ်လို့ ထိုင်း၀န်ကြီးချုပ်ကပြောပါတယ်။   ဒီအတောအတွင်းမှာပဲ ဒုက္ခသည်တွေအတွက် အမိုးအကာတွေထောက်ပံ့ပေးဖို့နဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ နယ်စည်းမခြားမိတ်ဆွေများအဖွဲ့က…

Read More

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဘော့စ်ကို ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

ဒီဇင်ဘာ ၂၄-၂၀၂၁ GH (VOM )   ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဘော့စ်ကိုဟာ ဒီနေ့ ဒီဇင်ဘာ၂၄ ရက်နေ့မနက်ပိုင်းက ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။   ဦးဘော့စ်ကိုဟာ ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း ဖမ်းဆီးခံရပေမယ့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း၊ လွတ်မြောက်လာပြီးနောက် တိမ်းရှောင်နေစဉ်မှာ အခုလို ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။   ” မနက်အစောပိုင်းက သေတယ်လို့သိရတယ်။ကိုဗစ်နဲ့ပေါ့။ အကျယ်ချုပ်နဲ့အဖမ်းခံရတယ်၊နောက်ပြန်လွတ်တော့ ရှောင်နေတာပေါ့။ သူက တခြားရောဂါအခံတွေလည်းရှိတယ်လို့သိရတယ် “လို့ NLD ပါတီဝင်တဦးကပြောပါတယ်။   ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုး တာဝန်ကနေ ရပ်စဲခံရပြီးနောက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဦးဘော့စ်ကိုက ယာယီခန့်အပ်တာဝန်ပေးခံရလို့ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။   ဦးဘော့စ်ကိုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့လို့…

Read More

ဘင်္ဂလားဒေ့ရ်ှမှာ ဖယ်ရီသင်္ဘောမီးလောင်မှု လူ ၃၈ ဦးသေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ

ဒါကာ၊ ဒီဇင်ဘာ-၂၄ မျိုးဆက်(VOM)   ဘင်္ဂလားဒေ့ရ်ှနိုင်ငံတောင်ပိုင်းမှာ လူအပြည့်တင်ဆောင်ထားတဲ့ ဖယ်ရီသင်္ဘောတစ်စင်း ဒီဇင်ဘာ ၂၄ ရက်က မီးလောင်မှုကြောင့် လူ ၃၈ ဦးသေဆုံးသွားပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။   အဲဒီသုံးထပ်သင်္ဘော မြို့တော်ဒါကာမှ ဘာဂူနာမြို့သို့ ဦးတည်ခုတ်မောင်းနေစဉ်မှာ ဂျဟာလာကာတီမြို့အနီး မြစ်လယ်မှာ စတင်မီးလောင်ကျွမ်းခဲ့ပါတယ်။   သေဆုံးသူတွေထဲ့ အချို့ကတော့မီးလောင်စဉ် သင်္ဘောပေါ်မှခုန်ချပြီးနောက် ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ ခရီးသည်အများအပြား ဆိုးရွားစွာမီးလောင်ခံထားရတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ပါတယ်။   လက်ရှိချိန်ထိ အလောင်း ၃၂ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း၊ အများစုမှာ မီးလောင်သေဆုံးခဲ့ပြီး အချို့မှာ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။   မီးလောင်ချိန်မှာတော့ သင်္ဘောပေါ်မှာ ခရီးသည် ၅၀၀ ဦးလိုက်ပါခဲ့ကြောင်းသိရပါတယ်။   ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ ဘေးကင်းရေးစံနှုန်းတွေ လိုက်နာမှုနည်းပါးခြင်းနဲ့ လူပြည့်လူလျှံတင်ခြင်းတွေကြောင့် မတော်တဆမှုတွေ…

Read More

ထောင်ဒဏ် ၂၂ နှစ်ကျနေတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဆိုးလ်၊ ဒီဇင်ဘာ-၂၄-၂၀၂၁ မျိုးဆက်(VOM)   အကျင့်ပျက်ချစားမှုအရှုပ်တော်ပုံကြောင့် ထောင်ဒဏ် ၂၂ ကျခံနေရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို သမ္မတမွန်ဂျေးအင်က ဒီဇင်ဘာ ၂၄ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။   အသက် ၆၉ နှစ်အရွယ် သမ္မတဟောင်း ပက်ဂွမ်ဟေးဟာ ၂၀၁၇ ခုနှစ်မှာ စွပ်စွဲပြင်တင်ခံရပြီးနောက် နောက်တစ်နှစ်မှာတော့ အာဏာအလွဲသုံးစားမှု အကျပ်ကိုင်မှုတို့နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။   ပက်ဂွမ်ဟေးဟာ တောင်ကိုရီးယားရှိ ဒီမိုကရေစီနည်းကျရွေးကောက်ခံသမ္မတတွေထဲမှာ အဲလိုစွဲချက်တွေကြောင့် ရာထူးမှဖယ်ရှားခံလိုက်ရတဲ့ ပထမဆုံးသော သမ္မတလည်းဖြစ်ပါတယ်။   သူဟာ ဆမ်ဆောင်းနဲ့ အခြားစီးပွားရေး လုပ်ငန်းစုကြီးတွေကို သူမနဲ့ဆက်နွယ်တဲ့ ဖောင်ဒေးရှင်းတွေထံ ရန်ပုံငွေတွေပေးဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကြံစည်မှုလည်း လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။   သူမဟာ ထောင်ကျနေစဉ်အတွင်း ယခုနှစ်မှာ ပုခုံးနှင့်ခါးအောက်ပိုင်းနာကျင်မှုတွေကြောင့် ဆေးရုံသုံးကြိမ်တက်ခဲ့ရပါတယ်။   ပက်ဂွမ်ဟေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် သမ္မတမွန်ဂျေးအင်ရဲ အထူးလွတ်ငြိမ်းချမ်းသာခွင့် စာရင်းမှာ…

Read More

ကြိုလှည့်ပါ့၊ ဆံကေသွယ်…

ဆူးငှက် “လက်ရေတစ်ပြင်တည်း… နှီးဒေါင်းလန်းကြီးတွေနဲ့ ဝိုင်းဖွဲ့ကာစားကြသည်။ မြမဒီခင်… ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ကြ…” နန်းတော်ရှေ့ဆရာတင်ရဲ့ ‘လက်ရေတပြင်တည်း’သီချင်းက အခုထိမရိုးနိုင်တဲ့ ခေတ်မီနေဆဲဖြစ်တယ်။ သီချင်းပါအကြောင်းအရာထက် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်… လက်ရေတစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်…”ဆိုတဲ့ စာသားလေးဟာ ကျစ်လျစ်သိပ်သည်းမှုနဲ့အတူ ဒီကနေ့ ဒီတိုင်းပြည် ဒီလူမျိုးအနေနဲ့ အလိုအပ်ဆုံးအရာဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ ညီညွတ်ရေး… အရေးတကြီးလိုတယ်။ အသက်ရှည်ရှည်နေထိုင်လုပ်ကိုင်ကြရမယ့် ကျန်းမာရေးတွေလည်း လိုအပ်တယ်။ အသက်ရှည်သည်နှင့်အမျှ တိုင်းရင်းသားပြည်သူအားလုံး(ဝါ)မြန်မာပြည်သားအားလုံး ချစ်ချစ်ကြည်ကြည် ခင်ခင်မင်မင်ရှိကြဖို့လည်း အများကြီးလိုအပ်တယ်။ တစ်ရေတည်းနေ တစ်မြေတည်းသောက်တွေချင်းမှာ အခွင့်အရေးတန်းတူရှိကြရမယ်။ ဘယ်သူကသာရမယ်၊ ဘယ်သူပိုနာရမယ် မရှိရဘူး။ ဒီ ဒေါင်းလန်းထဲက ထမင်းနဲ့ဟင်းဟာ အားလုံးနဲ့သက်ဆိုင်တယ်။ ဒီလို လူမှုစရိုက်မျိုးဟာ မြန်မာမှာ ဟိုရှေးအတီအတေကတည်းက သန္ဓေတည်ရှိခဲ့တယ်။ ပယောဂတွေ၊လက်နက်တွေ၊ အာဏာတွေကြောင့်သာ စိတ်ဝမ်းကွဲခဲ့ကြတာ…။ ဒါကြောင့် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း၊ ရှေးကတော့…

Read More

မောင်တောမြို့မှာ အသက်၅နှစ်နဲ့ ၈နှစ်အရွယ်ကျောင်းသား၂ဦး ကားတိုက်ခံရပြီးသေဆုံး

ဒီဇင်ဘာ ၂၃-၂၀၂၁ GH(VOM)   ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွေဗဟို မူလတန်းကျောင်းက ကျောင်းသား ၂ ဦး ကားတိုက်ခံရပြီးသေဆုံးမှု ဒီကနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။   ကားတိုက်ခံရတဲ့ကလေးငယ်တွေကတော့ ရွှေဗဟိုရွာ မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မချမ်းနုကလေးနဲ့ အသက် ၅ နှစ်အရွယ် KGကျောင်းသား မောင်ထွန်းထွန်းလင်းတို့ဖြစ်တယ်လို့ သိရပါတယ်။   ” ၁၂ နာရီ ၄၀ လောက်ကဖြစ်တာ ၊ကျနော်တို့ဆီဖုန်းဆက်တာတော့ ၁ နာရီလောက်ပေါ့ ၊ ကလေးတွေက ကျောင်းဆင်းချိန် အိမ်ပြန်ထမင်းစားတယ်၊စားပြီးကျောင်းကိုအပြန် လမ်းမှာပဲအတိုက်ခံရတာ။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ ကားသမား အခုထိမမိဘူး၊ သိတော့သိနေပြီလို့ပြောတယ် “လို့ မောင်တောမြို့ ဂရုဏာကွန်ရက်မှ ကိုချစ်ထူးခိုင်က ပြောပါတယ် ။   ကလေးငယ်…

Read More

ကိုဗစ်-၁၉ ကာကွယ်နိုင်တဲ့ နှာခေါင်းဖြန်းဆေး သုတေသီတွေ စမ်းသပ်နေ

ဆစ်ဒနီ၊ ဒီဇင်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM)   သြစတြေးလျနိုင်ငံမှ သုတေသီတွေဟာ နှာခေါင်းအတွင်းကို သွေးကြဲဆေးဖျန်းခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ခြင်းရှိမရှိ လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နေပါတယ်။   ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်သောပရိုတင်းကို ပျက်ပြယ်စေဖို့ကြိုးပမ်းရာမှာ သုတေသီတွေဟာ စျေးချိုတဲ့ သွေးကြဲဆေးအမျိုးအစားတစ်ခုကို အသုံးပြုလေ့လာနေကြပါတယ်။   ကိုဗစ်-၁၉ ကူးစက်ခံရသူရဲ့ နှာခေါင်းထဲကို အဲဒီဆေးကိုဖြန်းလိုက်တဲ့အခါ ဗိုင်းရပ်စ်ဟာ ကူးစက်မှုမရှိနိုင်ဖွယ်ရှိကြောင်း သုတေသီတွေကပြောပါတယ်။ ဒါပေမယ့် အဲဒီစမ်းသပ်မှုဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ထိ အပြီးသတ်ဖွယ်မရှိသေးဘူးလို့ဆိုပါတယ်။   တကယ်လို့ ထိရောက်မှုရှိခဲ့မယ်ဆိုရင် ကာကွယ်ဆေးတွေ အခြားအစီအမံတွေနဲ့အတူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖြန်ဆေးကို အစောပိုင်းကုသမှုအဖြစ်နဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုတားဆီးရေးအတွက်အသုံးပြုဖို့ သုတေသီတွေကမျှော်လင့်ထားပါတယ်။   နှာခေါင်းဖြန်းဆေးကို လူစည်ကားရာနေရတွေနဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ ဗိုင်းရပ်စ်တားဆီးရေး အစီအမံတစ်ရပ်အနေနဲ့ အသုံးပြုဖို့ရည်ရွယ်ထားကြောင်း သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခဒွန်ကမ်းဘဲလ်က ပြောပါတယ်။   Ref: BBC #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW