တရုတ်-မြန်မာနယ်စပ်မှာ ယွမ် ၊ကျပ် တိုက်ရိုက်ပေးချေခွင့်ပြုလိုက်သလို ၊နယ်စပ်ဂိတ်တွေလည်း ပြန်ဖွင့်ဖို့လိုအပ်

ဒီဇင်ဘာ ၁၅-၂၀၂၁ Shy V + GH (VOM )   တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်တဲ့အခါ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့်ပြုလိုက်ကြောင်း မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။   အခုလို နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်တာဟာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ဖို့၊ နှစ်နိုင်ငံငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေဖို့အပါအဝင် ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   အခုလိုခွင့်ပြုလိုက်ပေမယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲမှာက ကျင်စန်းကျော့ဂိတ်တခုသာ ပြန်ဖွင့်ပြီး ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ရရှိနေသေးတာကြောင့် နှစ်နိုင်ငံကုန်သွယ်ခွင့်က နှေးကွေးနေပြီး ကြန့်ကြာမှုတွေရှိနေသေးတဲ့အတွက် နယ်စပ်ဂိတ်အားလုံးပြန်ဖွင့်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။   ” ယွမ် ကျပ်တိုက်ရိုက်အသုံးပြူခွင့်ပေးတာကတော့ ကောင်းတယ်။အဲ့လိုပဲ နယ်စပ်ဂိတ်တွေလည်းပြန်ဖွင့်စေချင်ပြီ၊ဒါမှ အားလုံးကအဆင်ပြေမယ်၊အဲ့လိုမဟုတ်ဘဲ တခုထဲကွက်လုပ်နေလို့အဆင်မပြေဘူး ”…

Read More

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် မကြုံစဖူးနှုန်းနဲ့ ကူးစက်နေတယ်လို့ WHO သတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာတ၀န်းမှာ မကြုံစဖူးသောနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   မျိုးရိုးဗီဇကြိမ်ဖန်များစွာ ပြောင်းလဲထားတဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပါတယ်။   ဒါပေမယ့် အတည်ပြုခြင်းမရှိတဲ့ အခြားနိုင်ငံတွေမှလည်း ကူးစက်မှုတွေရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကိုင်တွယ်ဖို့လုံလောက်မှုမရှိသေးတဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့သူကဆိုပါတယ်။   ဗိုင်းရပ်စ်ဟာ ပြင်းထန်ရောဂါလက္ခဏာကို ခံစားရဖွယ်မရှိပေမယ့် ကူးစက်မှုတွေပြားလာပါက ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ကျန်းမာရေးစနစ်တွေ နောက်တစ်ကြိမ်ပြိုလဲသွားနိုင်ကြောင်း သူကပြောပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ကို တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာလအတွင်းက စတင်တွေ့ရှိခဲ့ပြီး အဲဒီနောက်မှာတော့ နိုင်ငံတွင်းမှာ ကူးစက်မှုတွေမြင့်တက်ခဲ့ပါတယ်။   လက်ရှိမှာတော့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာဟာ…

Read More

မလွန်စူပါမတ်ကက်

ဆူးငှက် မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ်ဌာနအပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်းပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏် ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ်တကျနေရာချခဲ့သည်။ မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး”ရှိသည်။ ရေလမ်းခရီးဖြင့်ရောက်ရှိလာမည့် ကုန်ပစ္စည်းများအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ကွမ်းရွက်နှင့် သစ်သီးသစ်နှံများဝင်ရောက်လာရာ ရွှေတချောင်းရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက်ဖြစ်သည်။ မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်၍ အရှေ့အနောက်အနေနှင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပြအနေနှင့်တွက်ပါမူ တောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီးဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်း အမျိုးအစားလိုက် တူရာစုကာ…

Read More

တန့်ဆည်နယ်မှာ ၉ လောင်းပြိုင်လူသတ်မှု အလောင်းသွားကောက်တဲ့ ရဲအဖွဲ့ မိုင်းမိလို့ ၂ ​ဦးသေ ၊ ၅ ဦး ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၄ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၃ ရက် ညဦးပိုင်းအချိန်က ၉ လောင်းပြိုင်လူသတ်မှုဖြစ်ပြီး အလောင်းတွေကို သွားရောက်ကောက်ယူခဲ့တဲ့ ရဲအဖွဲ့ဟာ လမ်းမှာ မိုင်းပေါက်ကွဲတဲ့အတွက် ရဲအဖွဲ့ထဲက၂ ယောက်သေပြီး ရဲ ၅ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ညက ၇ နာရီကျော်လောက်မှာ ရွာသာယာကျေးရွာက အလောင်းကောက်ပြီးပြန်လာတဲ့ ရဲအဖွဲ့ ၊ အင်တိုင်းကုန်းရွာနဲ့ မှန်ကြိုင်ရွာ အထွက်လမ်းမှာ မိုင်းပေါက်ကွဲပြီး ရဲ ၂ ယောက်သေတယ် ၊ ၅ ယောက်က ပြင်းထန်ဒဏ်ရာတွေရတာ “လို့ တန့်ဆည်မြို့ခံ တယောက်က ပြောပါတယ်။   ဒါ့အပြင် ရွှေဘိုခရိုင် ရဲရုံးနဲ့…

Read More

တရုတ်-မြန်မာ နယ်စပ်ဖြတ်ဖို့ ခေါက်တိုငှားခ ယွမ် ၄သောင်း(မြန်မာငွေ သိန်း၁၀၀ကျော်)ထိ မြင့်တက်လာ

ဒီဇင်ဘာ ၁၄-၂၀၂၁ Shy V(VOM)   တရုတ် – မြန်မာနယ်စပ် ၊ တရုတ်ဘက် ဝမ်တိန် (မန့်မာ)ကနေ မြန်မာဘက် ကျင်းစန်းကျော့ (လွယ်အင်) အထိ နယ်စပ်ဖြတ်‌ကျော်ဖို့ တရုတ်ကား ခေါက်တိုငှားခ ယွမ် ၄၀,၀၀၀ (မြန်မာငွေ သိန်း ၁၀၀ ကျော်) ထိ ကုန်ကျစရိတ်တက်လာတာကြောင့် ကုမ္ပဏီကြီး မဟုတ်တဲ့ မြန်မာလုပ်ငန်းရှင်အများစု ခက်ခဲနေကြတယ်လို့ တရုတ်-မြန်မာနယ်စပ်က မြန်မာကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိပါရတယ်။   ” ခြံစည်းရိုးကျော်ရုံ ဟိုဖက်ဒီဖက် ဝမ်တိန်-ကျင်စန်းကျော့ထိ တရုတ်ခေါက်တိုကားခ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မှာ ယွမ် ၄၀,၀၀၀ ထိ (မြန်မာငွေ ကာလပေါက်ဈေး သိန်း ၁၀၀ ကျော်)ထိ ကားငှားခ ဈေးနှုန်းတက်လာပြီ၊ မြန်မာကားခကို ၁ သိန်းပိုပေးရတယ်”လို့ မြန်မာကုန်သည်…

Read More

မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်တွေကို ပြည်နယ်အစိုးရ ဆက်လက်ကူညီပေးမယ်

ဒေလီ၊ ဒီဇင်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်တန်ဂါက ပြောပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးစားနေပြီး အနာဂါတ်မှာဆက်လက်ကူညီမှုတွေပြုဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။   အိမ်နီးချင်းမြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ဖို့ကိုလည်း ၀န်ကြီချုပ်မိုဒီနဲ့ ပြည်ထဲရေး၀န်ကြီးတို့နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့တယ်လို့ သူကဆိုပါတယ်။   မြန်မာဒုက္ခသည်တွေကို နိုင်ငံရေးဆိုင်ရာ ခိုလှုံခွင့်ပြုဖို့ကိုလည်း သူ့အနေနဲ့ တာ၀န်ရှိသူတွေကို အကြိမ်ကြိမ်တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။   ဒီကိစ္စအပေါ် တာ၀န်ရှိသူတွေက ဆန္ဒရှိနေပမယ့် အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ သူ့ရဲ့ ၁၉၆၇ ခုနှစ်သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်တာကြောင့် မြန်မာဒုက္ခသည်တွေကို တိုက်ရိုက်ကူညီပေးနိုင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်တန်ဂါက ပြောပါတယ်။   Ref:NDTV #voiceofmyanmar #VOM…

Read More

ဂိတ်တွေပြန်ဖွင့်ဖို့ သဘောတူညီမှုရပေမယ့် တရုတ်ဘက်က ပြန်လည်ဆိုင်းငံ့တာကြောင့် မြန်မာကုန်စိမ်းကားတွေ အခက်ကြုံနေ

ဒီဇင်ဘာ ၊ ၁၄-၂၀၂၁ နှင်းဖြူဝေ (VOM)   ကချင်ပြည်နယ်ထဲက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်ဖို့ ၂ နိုင်ငံ သဘောတူညီမှုတွေ ရရှိထားပေမယ့် တရုတ်ဘက်က ဂိတ်ဖွင့်ပေးဖို့ ပြန်လည်ဆိုင်းငံ့ထားတဲ့အတွက် နယ်စပ်ရောက် မြန်မာကုန်စိမ်းကားတွေ အခက်ကြုံနေရတယ်လို့ သစ်သီးပွဲရုံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   အခက်ကြုံနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တယောက်က ” မြန်မာဘက်က ကုန်စိမ်းတွေကို အဓိက ပို့ကုန်အဖြစ် ပို့ရမယ် ၊ သွင်းကုန်တွေကတော့ လူသုံးကုန်ပစ္စည်း အမျိုးမျိုး ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေ ပါမယ်ပေါ့ ၊ အဲ့ဒီလို ၂ နိုင်ငံ ကုန်သွယ်ရေး တာဝန်ရှိသူတွေက သဘောတူညီမှုယူခဲ့ကြတာ အခုလ လဆန်းပိုင်းမှာ ဖွင့်မယ်ဆိုလို့ ကုန်စိမ်းကားတွေ ဒါဇင်ပေါင်းများစွာ စောင့်နေကြတယ် ၊ တရုတ်ဘက်က သဘောတူညီမှုအတိုင်း ဂိတ်ဖွင့်မပေးဘဲ…

Read More

အင်္ဂလန်မှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက် ၊သတိပေးချက် အဆင့်လေး ကြေညာ

လန်ဒန်၊ ဒီဇင်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   အင်္ဂလန်တွင် အိုမီခရွန်ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေကို အဆင့်လေးထိ တိုးမြှင့် ကြေညာလိုက်ပြီး အသက် ၁၈ နှစ်အထက်လူတိုင်းကို ယခုသီတင်းပတ်မှစ၍ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံရမယ်လို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းလာနေတာကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသံသယမှမဖြစ်သင့်ဘူးလို့ ဒီဇင်ဘာ ၁၂ ရက်နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမှတဆင့် တိုက်တွန်းပြောဆိုပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်ကို အဆင့်လေးသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် နာရီအနည်းငယ်အကြာမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။   သတိပေးချက် အဆင့်လေးဆိုတာကတော့ ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုမြင့်မားခြင်း သို့မဟုတ် မြင့်တက်လာခြင်းကို ဆိုလိုပြီး ဗြိတိန်မှာ မေလအတွင်းက သတိပေးချက်အဆင့်လေးကို နောက်ဆုံးထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာ လက်ရှိချိန်ထိ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု ၃၁၃၇ ဦးထိရှိနေပါတယ်။   ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းဟာ မိမိတို့အားလုံးလိုအပ်တဲ့…

Read More

ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး တရား၀င်ကြေညာဖို့ မူအားဖြင့်သဘောတူ

ကင်ဘာရာ၊ ဒီဇင်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   ကိုရီးယားစစ်ပွဲကို တရား၀င်အဆုံးသတ်ရေး ကြေညာချက်ထုတ်ပြန်ဖို့တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်နဲ့့ တရုတ်နိုင်ငံတို့က မူအားဖြင့် သဘောတူထားကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဒီဇင်ဘာ ၁၃ ရက်မှာပြောပါတယ်။   ဒါပေမယ့်ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲတွေတော့ မစရသေးဘူးလို့ သမ္မတမွန်ဂျေးအင်ကဆိုပါတယ်။   ကိုရီးယားနှစ်နိုင်ငံအကြား စစ်ပွဲဟာ ၁၉၅၀ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့အဆုံးသတ်ခဲ့ပါတယ်။   တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံကို နှစ်နိုင်ငံကို တရုတ်နဲ့့အမေရိကန်တို့က အသီးသီးတဘက်စီထောက်ခံချိန်မှစပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့အကြား သဘောတရားအရ စစ်ပွဲရှိနေဆဲဖြစ်ကာ တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။   ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်က သြစတြေးလျ၀န်ကြီးချုပ် မောရစ်ဆင်နှင့်ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။   စစ်ပွဲအဆုံးသတ်ရန် တရား၀င်ကြေညာခြင်းဟာ မြောက်ကိုရီးယားကို…

Read More

ပိတ်ထားတဲ့ တာချီလိတ်လေဆိပ် ဒီကနေ့မှာ ပြန်ဖွင့်

ဒီဇင်ဘာ ၁၃-၂၀၂၁ GH ( VOM )   ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ကို Stay At Home ကနေပယ်ဖျက်ပြီးနောက် လေဆိပ်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ မှာ ပြန်လည်ဖွင့်လှစ်ပြီး ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။   တာချီလိတ်လေဆိပ်ပြန်ဖွင့်တဲ့ ဒီနေ့ကစပြီး တာချီလိတ် – ရန်ကုန်၊ တာချီလိတ် – မန္တလေး ၊ တာချီလိတ် – လားရှိုး – ဟဲဟိုး – တာချီလိတ် ခရီးစဉ်တွေကို Air Thanlwin လေကြောင်းလိုင်းနဲ့ မန်းရတနာပုံလေကြောင်းလိုင်းတွေက ပြေးဆွဲမှာဖြစ်ပြီး Air KBZ လေကြောင်းလိုင်းက ဒီဇင်ဘာ ၁၄ ရက်မှာပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။   ” ဒီနေ့ လေကြောင်းလိုင်းတွေ စပြေးပါပြီ။ တာချီလိတ်ခရီးစဉ်အတွက်က ကာကွယ်ဆေးထိုးပြီးသားဆိုရင် ဆေးထပ်စစ်ဖို့မလိုပါဘူး။ဆေး၂ကြိမ်ထိုးပြီး ၁၄…

Read More
VOM News

FREE
VIEW