မုံရွာမှာ RNA လူငယ်သတင်းထောက် ၁ ဦး ဖမ်းဆီးခံထားရ

ဒီဇင်ဘာ ၊ ၁၃ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ ဒေသတွင်း သတင်းအချက်အလက်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တဆင့်ရေးသားဖြန့်ဝေနေတဲ့ Regional News Agency RNA သတင်းအဖွဲ့က သတင်းထောက် လူငယ် ၁ ဦး မနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက အဖမ်းခံရတယ်လို့ ဒေသဆိုင်ရာလူမှုကွန်ရက်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။   ” သူဘယ်မှာ အဖမ်းခံရတယ်ဆိုတာ အတိအကျ မသိရသေးမယ့် အဖမ်းခံရတာ သေချာတယ် ၊ သူက မုံရွာမြောက်ဘက်က အလုံမှာနေတယ်ဆိုတာတော့ သိတယ် ၊ အဖမ်းခံရတယ်ဆိုတာ အတည်ပြုလို့ရပါတယ် ” လို့ မုံရွာအခြေစိုက် သတင်းမီဒီယာလုပ်ငန်းတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။   အသက် ၁၇ နှစ်အရွယ် လူငယ်သတင်းထောက်တယောက်ဖြစ်တဲ့ မောင်မင်းသိုက် ဆိုသူဟာ…

Read More

မြောက်ဥက္ကလာမြို့နယ်မှာ ဧည့်စာရင်းအကြောင်းပြကာ ဒေသခံ ၉ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၁၃-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်အချို့မှာ မနေ့ ဒီဇင်ဘာ ၁၂ရင် ညပိုင်းက စစ်တပ်နဲ့ရဲတွေဟာ ဧည့်စာရင်းအကြောင်းပြကာ ရပ်ကွက်နေသူထိုင်သူ ၉ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   မြောက်ဥက္ကလာပမြို့နယ်ရှိ င ရပ်ကွက် မှာ မနေ့ည ၉ နာရီကျော်မှ စတင်ကာ စစ်တပ်၊ရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းကာ ဧည့်စာရင်းစစ်ဆေးခဲ့ ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ််တယ်လို့ င ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ဧည့်စာရင်းစစ်တယ်ဆိုပြီး တံခါးတွေဖွင့်ခိုင်းတယ် အကုန်ရှာတယ်၊ မသင်္ကာရင် အိမ်ရှေ့ထွက် ဒူးထောက်ခိုင်းတယ်၊ ပြီးတော့ တစ်ခါတည်းခေါ်သွားတာ”လို့ သူကပြောပါတယ်။   အလားတူပင် (စ)ရပ်ကွက်ကိုလည်း စစ်ကား၊ရဲကား၊အိမ်စီးကားတွေနဲ့ ညပိုင်းမှာရောက်ရှိလာပြီး လမ်းအချို့ကို ဧည့်စာရင်းစစ်တာတွေ၊ မသင်္ကာသူတွေကို အိမ်ပေါ်တက်ရှာဖွေတာတွေလုပ်ခဲ့ပြီး လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဝဇီရာ ၂ လမ်းမှာ…

Read More

မန္တလေးအလှူ

————————– ဆူးငှက် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအတွက် သားယောက်ျားလေးအရွယ်ရောက်လာရင် မြတ်စွာဘုရားသာသနာအတွင်း သွတ်သွင်းရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်တို့ကို လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုတယ်။ ဒါကို လှူတယ်။ အလှူပြုလုပ်တယ်။ အလှူတော်မင်္ဂလာလို့ သုံးနှုန်းကြပါတယ်။ သာမဏေရပဗ္ဗဇ္ဇမြောက် ချီးမြောက်ခြင်း၊ ကဏ္ဍဝိဇ္ဈန မြတ်နားသမင်္ဂလာဆင်ယင်ခြင်းအလှူတော်လို့ ခေါ်ပါတယ်။ ဒီအလှူကိုဖိတ်ကြားတဲ့အခါ ‘တရားပရိတ်တော် အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်’လို့ ဖိတ်စာမှာရေးသားလေ့ရှိပါတယ်။ မန္တလေးမှာအလှူတွေကို ရှေးက မဏ္ဍပ်ကြီးတွေထိုးပြီး တခမ်းတနားကျင်းပလေ့ရှိတယ်။ ပန်းဆယ်မျိုးလက်မှုအနုပညာထွန်းကားတဲ့ မန္တလေးမှာ လက်ဝါအတတ်ပညာလို့ ခေါ်ဝေါ်တဲ့ စပ်ပန်းချီပညာလည်း ထွန်းကားတယ်။ ရှေးကတော့ ပန်းချီဆရာမှန်သမျှ စပ်ပန်းချီနဲ့ မကင်းနိုင်ကြဘူး။ ပန်းချီပညာကိုစတင်သင်ကြားရင် စပ်ပန်းချီဆရာဆီ အရင်လေ့လာသင်ယူကြရတယ်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့ စတဲ့ပန်းချီကားတွေနဲ့လည်း လက်စွမ်းပြလေ့ရှိတယ်။ မန္တလေးမှာနာမည်ကျော် စပ်ပန်းချီ…

Read More

မြန်မာစစ်ဘက်အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က ထပ်မံအရေးယူပိတ်ဆို့

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၁ မျိုးဆက်(VOM)   တရုတ်၊ မြန်မာနဲ့ မြောက်ကိုရီးယားတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က နောက်ထပ်အရေးယူပိတ်ဆို့မှုတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။   မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဗြိတိန်နဲ့ ကနေဒါတို့ကလည်း အမေရိကန်နဲ့ ပူးပေါင်းပါ၀င်ခဲ့ပြီး မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပါတယ်။   အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ပဲခူးတိုင်း၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်း၊ ကယားပြည်နယ်၀န်ကြီးချုပ် ဦးစောမြင့်ဦး၊ မန္တလေးတိုင်း၀န်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါ၀င်နေပါတယ်။   ဒါ့အပြင် ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့တို့ကိုလည်း အမေရိကန်သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ချမှတ်ခဲ့ပါတယ်။   အခုလိုအရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက ထိန်းချုပ်ထားမှာဖြစ်ပြီး ခရီးသွားလာခွင့်တွေကိုပါ…

Read More

အိုမီခရွန်ဗိုင်းရပ်စ် မကူးနိုင်ဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးရုံနဲ့ မလုံလောက်ဘူးလို့ သတိပေး

လန်ဒန်၊ ဒီဇင်ဘာ-၁၁ မျိုးဆက်(VOM)   ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရုံနဲ့ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့ မလုံလောက်ကြောင်း ဗြိတိန် သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။   လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်နဲ့ဒယ်လ်တာဗိုင်းရပ်စ်တို့ကို တိုက်ဖျက်ရာမှာ အာနိသင်ကျဆင်းမှု များရှိကြောင်း ဗြိတိန်မှာ ပြုလုပ်တဲ့ ကနဦးလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။   ဒီဗိုင်းရပ်စ်တွေနဲ့ပတ်သက်ပြီး တတိမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပါက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေကပြောပါတယ်။   ဗြိတိန်နိုင်ငံမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄၄၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိချိန်ထိ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၂၆၅ ဦးထိရှိလာပြီဲဖြစ်ပါတယ်။   မျိုးရိုးဗီဇ အကြိမ်ပေါင်းများစွာပြောင်းလဲခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်စတင်ထွက်ပေါ်လာပြီးနောက် အဲဒီဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကျဆင်းစေမလားဆိုတာဟာ အဓိက စိုးရိမ်ပူပန်မှုတစ် ဖြစ်လာနေပါတယ်။   Ref:…

Read More

ယူကရိန်းကိုကျူးကျော်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ရုရှားကို ဗြိတိန်သတိပေး

လန်ဒန်၊ ဒီဇင်ဘာ-၁၁-၂၀၂၁ မျိုးဆက်(VOM)   ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး လစ်ဇ်ထရပ်စ်က ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   ယခုသီတင်းပတ်ကုန်အတွင်း လီဗာပူးမှာ ကျင်းပမယ့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး စည်းလုံးညီညွှတ်မှုကို ပြသမှာဖြစ်ကာ ရုရှားရဲ့လုပ်ရပ်ဟာ မဟာဗျူဟာမြောက် အမှားဖြစ်တယ်လို့ သူကဆိုပါတယ်။ ဗြိတိန်နဲ့မဟာမိတ်တွေဟာ ရုရှားရဲ့အဲဒီလုပ်ရပ်ကို တားဆီးဖို့လိုအပ်တယ်လို့ မစ္စလစ်ဇ်က ပြောပါတယ်။   ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့၀င်များစွာချထားခြင်းကြောင့် တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒါပေမယ့် ဒီလိုချထားတာဟာ ယူကရိန်းကိုကျူးကျော်ဖို့မဟုတ်ဘူးလို့ယူကရိန်းကဆိုပါတယ်။   ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရန်စမှုတွေကို ဆန့်ကျင်ဖို့ မိမိတို့ရပ်တည်ချက် လုံး၀ခိုင်မာကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားအပြင် အီးယူနဲ့ နယ်နိမိတ်တွေ ထိစပ်နေတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။   Ref:…

Read More

ပင်လည်ဘူးက ဌာနဆိုင်ရာ ၄ ခုမှာ လက်နက်ကြီးတွေ ကျ​ရောက်တဲ့အတွက် အင်ဂျင်နီယာ ၁ ဦးသေ ၊ စစ်သား ၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၁-၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့မှာရှိတဲ့ ဌာနဆိုင်ရာ ရုံး ၃ ခုထက်မနည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦး သေဆုံးကာ လူ ၁ ဦး ဒဏ်ရာရတဲ့အပြင် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေဆီက သိရပါတယ်။   ” ဖြစ်တာက မနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ဖြစ်တယ် ၊ လက်နက်ကြီးကျည် ဗုံးသီးဆိုတာ ၄၀ မမ ကိုပြောတာပါ ၊ ၁၇ ချက်ပစ်ခံရတယ် ၊ မိုးကောင်းရပ်ကွက်ထဲက လမ်းဦးစီးဌာနရုံးဝန်းထဲကျပြီး ပေါက်ကွဲတယ် ၊ အငယ်တန်း အင်ဂျင်နီယာ ဦးမျိုးကိုဝင်း အသက် ၂၅ နှစ် ဗုံးစထိမှန်ပြီး ဆေးရုံမှာ…

Read More

တနိုင်းမြို့နယ်က တိုက်ပွဲရှောင် စခန်းတွေမှာဖျားနာသူတွေများလာတာကြောင့် ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေ အရေးတကြီး လိုအပ်နေ

ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ်မှာရှိတဲ့ တိုက်ပွဲရှောင် (IDPs) စခန်းတွေမှာ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ပြီးနောက် အအေးမိ ဖျားနာ စတဲ့ ရာသီပေါ် တုတ်ကွေးရောဂါတွေ ဖြစ်နေတဲ့အတွက် ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ တိုက်ပွဲရှောင် ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ နယ်ခံ ပရဟိတ သမားတွေက ပြောပါတယ်။   ” ဟိုအရင်က အဲ့ဒီ တိုက်ပွဲရှောင် စခန်းတွေဟာ ကျန်းမာရေး စောင့်ရှောက်ပေးမှု အနည်းဆုံး ၁ လ ၊ ၁ ကြိမ် ပုံမှန် နီးပါး ရခဲ့ပေမယ့် အခုနှစ် ဧပြီလ နောက်ပိုင်းကစလို့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတော့ဘူး…

Read More

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်း ကွယ်လွန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀၊၂၀၂၁ KK(VOM)   ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်ရဲ့ပါရမီဖြည့်ဘက် ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာ ဒီကနေ့ ညနေသုံးနာရီမှာ ပုသိမ်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   ဒေါ်ခင်ကြည်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၂ ရပ်ကွက် ကိုးဆူကျောင်းလမ်းမှာ နေထိုင်ပြီး ဒီကနေ့ညနေပိုင်းမှာ သွေးကင်ဆာနဲ့ကွယ်လွန်ခဲ့တာဖြစ်လို့ ၂ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။   “သွေးကင်ဆာနဲ့ဆုံးတယ်လို့ ကြားတယ်၊ ဆေးရုံတက်နေတာပါ ပုသိမ်ဆေးရုံမှာ ညနေပိုင်းက ဆုံးတာပါ”လို့ သူကပြောပါတယ်။   မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။   နကစ လက်ထက်မှာ ကင်ဆာရောဂါဝေဒနာကို ခံစား နေရပေမယ့် CDM မှာပါဝင်ခဲ့ပြီး ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။  …

Read More

လယ်ယာမြေဥပဒေအပေါ် အစိုးရကလိုက်လျောတာကြောင့် အိန္ဒိယလယ်သမားတွေရဲ့သပိတ် အဆုံးသတ်

ဒေလီ၊ ဒီဇင်ဘာ-၁၀-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယအစိုးရဟာ အငြင်းပွားဖွယ်စိုက်ပျိုးရေးဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်မလုပ်တော့ဘူးလို့ သဘောတူလိုက်ပြီးနောက် တစ်နှစ်ကျော်ကြာ အကြီးအကျယ်ဆန္ဒပြမှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယ ဆန္ဒပြလယ်သမားများကပြောပါတယ်။   အဲဒီဥပဒေနနဲ့ပတ်သက်ပြီး ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ မြို့တော်ဒေလီရဲ့ နယ်စပ်တွေမှာ စခန်းချကာ အကြီးအကျယ်ဆန္ဒပြခဲ့ပြီး ပူလွန်း အေးလွန်းတဲ့ ရာသီဥတုနဲ့ ကိုဗစ်-၁၉ ရောဂါတို့ကြောင့် ဒါဇင်များစွာ သေဆုံးခဲ့ကြပါတယ်။   လက်ရှိမှာ အစိုးရက စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ဆန္ဒပြလယ်သမားတွေဟာ ဒီဇင်ဘာ ၁၁ ရက်မှာတော့ နေရပ်တွေကို ပြန်ကြတော့မှာဖြစ်ပါတယ်။   စိုက်ပျိုးရေးဥပဒေနဲ့ပတ်သက်ပြီး လယ်သမားတွေရဲ့ အဲဒီဆန္ဒပြမှုတွေဟာ ၀န်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရအတွက် အကြီးအကျယ်စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။   လယ်သမားတွေဟာ သီးနှံစျေးနှုန်းအာမခံချက်နဲ့ လယ်သမားတွေအပေါ် အမှုတွေရုပ်သိမ်းရေးအပါအ၀င် အခြားတောင်းဆိုချက်တွေကို ၀န်ကြီးတွေနဲ့ ဆွေးနွေးသဘောတူညီမှုရရှိပြီးနောက် သပိတ်ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။   Ref:…

Read More
VOM News

FREE
VIEW