ဒီဇင်ဘာ ၊ ၁၀-၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းဆုံ!တမာတန်း မီးပွိုင့်အနီး ၊ သစ်ထုတ်ရေးရုံးအရှေ့ဘက်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၂ ယောက်သေဆုံးကာ ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာအနီးရှိ ဒေသခံတွေကဆီက သိရပါတယ်။ ” ကလစ်ဆိုင်ကယ်နဲ့ မိုင်းကွဲတာ ၊ လမ်းသွား လမ်းလာ ၁ ယောက်လည်း ဒဏ်ရာရတယ် ၊ ဆိုင်ကယ်သမား ၂ ယောက်က ချက်ချင်း ၁ ယောက်သေပြီး ၊ ကျန် ၁ ယောက်က အတော်ကြာမှ သေသွားတာ “လို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးရှိ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲတဲ့နေရာဟာ ရဲနဲ့စစ်သားတွေ…
Read MoreYear: 2021
နိုင်ငံတကာအာကာသစခန်းသို့ ဂျပန်ဘီလျှံနာသူဌေး သွားရောက်လည်ပတ်
တိုကျို၊ ဒီဇင်ဘာ-၉-၂၀၂၁ မျိုးဆက်(VOM) ဂျပန်ဘီလျှံနာသူဌေးဖြစ်သူ မယ်ဇာဝါယူဆာကူဟာ နိုင်ငံတကာအာကာသစခန်းသို့ ဒီဇင်ဘာ ၈ ရက်မှာ အောင်မြင်စွာရောက်ရှိနေပြီဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် ဖက်ရှင်လုပ်ငန်းရှင်ဖြစ်သူ မာဇာဝါယူဆာကူနဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူတို့ဟာ ကမ္ဘာပတ်လမ်းမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းသို့ ပထမဆုံးသွားရောက်တဲ့ ဂျပန်အရပ်သားတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးကို တင်ဆောင်ထားတဲ့ ရုရှားရဲ့ဆိုရုဇ်အာကာသယာဉ်ဟာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာ ကာဇက်စတန်ရှိ လွှတ်တင်ရေးစင်တာတစ်ခုမှ နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်ခဲ့ပါတယ်။ ဒီလိုလွှတ်တင်ပြီး ခြောက်နာရီအကြာမှာ ဆိုရုဇ်အာကာသာယာဉ်ဟာ နိုင်ငံတကာအာကာသစခန်းသို့ အောင်မြင်စွာ ရောက်ရှိချိတ်ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာအာကာသစခန်းမှာ နေထိုင်မယ့် ၁၂ ရက်ကြာကာလအတွင်း မယ်ဇာဝါယူဆာကူဟာ အများပြည်သူ အဆိုပြုထားတဲ့ လုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ Ref: NHK Photo:CGTN #voiceofmyanmar #VOM…
Read Moreအာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အမေရိကန်က လက်နက်ရောင်းချခွင့် ပိတ်ပင်
၀ါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁ မျိုးဆက်(VOM) တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန်က လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အရေးယူပိတ်ဆို့မှုတရပ်ကို ဒီဇင်ဘာ ၈ ရက်မှာ ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအပေး ဖိအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ကမ္ဘောဒီးယားအပေါ် အခုလို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ဒေသတွင်းလုံးခြုံရေးကို ခြိမ်းခြောက် ပျက်ပြားစေတဲ့ တရုတ်စစ်ဘက်ရဲ့ နက်ရှိုင်းတဲ့သြဇာလွှမ်းမိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘောဒီးယားအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေကို အမေရိကန်ကုန်သွယ်ရေးဌာနက ချမှတ်လိုက်တာဖြစ်ပါတယ်။ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့အတူ အဲဒီအစီအမံဟာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စစ်ထောက်လှမ်းရေးဆိုင်ရာ ၀န်ဆောင်မှုတွေကိုလည်း ကန့်သတ်သွားမှာဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့တလျှောက်မှာ ကမ္ဘောဒီးယားရေတပ်အခြေစိုက်စခန်းရဲ့ အစိတ်အပိုင်းတွေကို တရုတ်စစ်ဘက်ကို သီးသန့်အသုံးပြုခွင့်အတွက် တရုတ်နိုင်ငံနဲ့လျှို့ဝှက်စွာ လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့…
Read Moreနယူးဇီလန်မှာ လူငယ်တွေကို တသက်လုံး ဆေးလိပ်ရောင်းချမှု ပိတ်ပင်ဖို့ စီစဉ်နေ
၀ယ်လင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁ မျိုးဆက်(VOM) နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်သောက်ဆုံးမှုကို ပိတ်ပင်ရန် ကြိုးစားမှုအဖြစ် လူငယ်မျိုးဆက်သစ်များကို ဆေးလ်ိပ်ရောင်းချခွင့်အား ပိတ်ပင်တော့မှာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ပြဌာန်းဖွယ်ရှိတဲ့ ဥပဒေအရ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူမည်သူကိုမဆို စီးကရက် သို့မဟုတ် ဆေးရွက်ကြီး၀ယ်ယူသုံးစွဲခွင့်ရှိတော့မှာမဟုတ်ပါဘူး။ လူငယ်လူရွယ်တွေကို ဘယ်တော့မှ ဆေးလိပ်စသောက်တာမျိုးမဖြစ်စေဖို့ မိမိတို့ဆန္ဒရှိကြောင်း နယူးဇီလန် ကျန်းမာရေး၀န်ကြီး ဒေါက်တာ Ayesha Verall ကပြောပါတယ်။ နယူးဇီလန်ကျန်းမာရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်မှာ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ဆေးလိပ်သောက်သုံးမှုကို အရှိန်အဟုန်နဲ့ နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ စီးကရက်တွေမှာ နီကိုတင်းဓါတ်ပါ၀င်မှုကို ကန့်သတ်မယ့်အစီအစဉ်နဲ့ ဆေးရွက်ကြီးအသုံးပြုမှု လျှော့ချမယ့် ကမ္ဘာ့ဦးဆောင်အစီအစဉ်တွေကိုလည်း နယူးဇီလန်ရှိ ဆရာ၀န်တွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက ကြိုဆိုထားပါတယ်။ နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ဆေးလိပ်သောက်သုံးမှုနှုန်းကို ၅…
Read Moreတနိုင်းမြို့နယ် RC တိုက်ပွဲရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကလေး ၃ ယောက် ရေနစ်ပြီး သေဆုံး
ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၁ နှင်းဖြူဝေ ‘VOM) ကချင်ပြည်နယ် ၊ မြသ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ် ၊ RC တိုက်ပွဲရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကလေး ၃ ယောက် ပျောက်ဆုံးနေတာကို မနေ့ ဒီဇင်ဘာ ၈ ရက် နေ့ခင်းပိုင်း ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့ရတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ” အခုလ ၆ ရက်နေ့ ညနေပိုင်းက ကလေး ၄ ယောက် ပျောက်သွားတယ် ၊ ကလေး ၁ ယောက်ကို နောက်တရက် ၇ ရက်နေ့မှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတယ် ၊ ကျန် ကလေး ၃ ယောက်ကိုတော့ မနေ့ကမှ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်း ပြန်ရတာ ”…
Read Moreရွှေမြင်းမိုရ် မြတောင်
ဆူးငှက် ““ဘုံလေးဆင့် တိမ်ပြင်မှာ၊ စိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် ဝေယန့်သာခေါင်၊ နေရဗန့်တန်ဆောင်။ ရွှေမြင်းမိုရ် မြတောင်ကို … အို … မြအရောင် ရှက်သန်းလို့လေး”” ဟူ၍ မြတောင်ကျောင်းသားဟောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းက စစ်ကိုင်းပြန်မှာတော်ပုံ ဆောင်းပါးတွင် မြတောင်ကျောင်းကြီးဘွဲ့ တေးထပ်ကို ရေးစပ်ခဲ့ပါ၏။ ကုန်းဘောင်ဆက် တတိယတွဲ စာမျက်နှာ ၆၈၅ တွင် …““၁၂၄၆ တန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရားခေါင်ကြီးက ဆောက်လုပ်ပြီးပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့်တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို “မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ္ဗည်း တပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။ ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေကျာင်းတော်ကြီး…
Read Moreအိန္ဒိယတပ်ချုပ် စီးနှင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျ၊ အသေအပျောက် မသိရသေး
ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat နဲ့သူရဲ့မိသားစု လိုက်ပါတဲ့ အိန္ဒိယစစ်ဘက် ရဟတ်ယာဉ်တစင်းဟာ နိုင်ငံတောင်ပိုင်း တမီနာဒူပြည်နယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ပျက်ကျခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ မိသားစုဟာ Mi-17V5 ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ဟာ ကိုနောမြို့အနီးမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗိုလ်ချုပ်ကြီး Bipin Rawat နဲ့သူ့မိသားစုဟာ ဘေးကင်းမကင်း ရှင်းလင်းစွာမသိရသေးပါဘူး။ ရဟတ်ယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၄ ဦးလိုက်ပါသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်ကတော့ အပိုင်းပိုင်းပျက်စီးခဲ့ပြီး ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ အိန္ဒိယလေတပ်ကပြောပါတယ်။ ကာကွယ်ရေး၀န်ကြီး Rajnath Singh ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်မှာ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဖို့ရှိနေပါတယ်။ …
Read Moreမန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးတွေကို စီရင်ချက်ချ
မန္တလေး ၊ ဒီဇင်ဘာ ၈ -၂၀၂၁ ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေးစီမံပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ်၄ နှစ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင် နဲ့ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုတို့ကို သဘာဝဘေးစီမံပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုတော့ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတချို့ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားလို့ ဆက်လက်တရားရင်ဆိုင်ရဦးမယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေးတိုင်းအစိုးရ
Read Moreမြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း ပေ့ခ်ျ၊ ဂရု နဲ့အကောင့်တွေကို Facebook ဖယ်ရှားတော့မယ်
နယူးယောက်၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM) မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပေ့ခ်ျတွေ၊ ဂရု တွေနဲ့ အကောင့်တွေကို ထပ်မံဖယ်ရှားသွားမယ်လို့ Facebook က ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ မြန်မာစစ်ဘက်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလကတည်းက ကြေညာထားတဲ့ တားမြစ်ပိတ်ပင်မှုတွေကို ထပ်မံတိုးချဲ့လိုက်တာလို့လည်း Facebook ကဆိုပါတယ်။ လက်ရှိမှာလည်း မြန်မာစစ်ဘက်ပိုင်လုပ်ငန်းတွေ Facebook မှာကြော်ငြာခွင့် ပိတ်ပင်ထားပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ မြန်မာစစ်ဘက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ငွေကြေးဆိုင်ရာ တိုက်ရိုက်ပတ်သက်မှုရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းဖော်ပြထားတဲ့ အချက်အလက်တွေအပေါ် အခြေခံလုပ်ဆောင်တာလို့ ဆိုပါတယ်။ အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတကာအစိုးရတွေကမြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စုစည်းထားတဲ့အချက်အလက်တွေကိုလည်း အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့…
Read Moreလက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ WHO ပြော
ဂျီနီဗာ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM) လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲနှင့်ပတ်သက်ပြီး ပထမဆုံးစမ်းသပ်ချက်တွေအရ ဖိုက်ဇာကာကွယ်ဆေးကို တစိတ်တပိုင်းရှောင်လွှဲနိုင်တယ်ဆိုတဲ့ အချက်အလက်တွေထွက်ပေါ်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ ပဋိပစ္စည်းတွေဟာ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ထုတ်ရာမှာ အာနိသင်များစွာကျဆင်းကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာမိုက်ရိုင်ယန်ကတော့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကာကွယ်ဆေးတွေကို ရှောင်လွှဲဖို့ပိုကောင်းတဲ့ လက္ခဏာမရှိဘူလို့ဆိုပါတယ်။ လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲတွေအားလုံးအတွက် ထိရောက်ကြောင်းသက်သေပြနိုင်တဲ့ ကာကွယ်ဆေးတွေရှိကြောင်း၊ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ရောဂါခံစားရမှုနဲ့ ဆေးရုံတက်ရတာတွေဖြစ်ဖို့ မျှော်လင့်စရာမရှိဘူးလို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောဆိုပါတယ်။ Ref: BBC Photo:AP…
Read More