မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးတွေကို စီရင်ချက်ချ

မန္တလေး ၊ ဒီဇင်ဘာ ၈ -၂၀၂၁
 
ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေးစီမံပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ်၄ နှစ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။
 
လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင် နဲ့ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုတို့ကို သဘာဝဘေးစီမံပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
 
စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုတော့ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။
 
ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတချို့ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားလို့ ဆက်လက်တရားရင်ဆိုင်ရဦးမယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #မန္တလေးတိုင်းအစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW