ရွှေမြင်းမိုရ် မြတောင်

ဆူးငှက် ““ဘုံလေးဆင့် တိမ်ပြင်မှာ၊ စိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် ဝေယန့်သာခေါင်၊ နေရဗန့်တန်ဆောင်။ ရွှေမြင်းမိုရ် မြတောင်ကို … အို … မြအရောင် ရှက်သန်းလို့လေး”” ဟူ၍ မြတောင်ကျောင်းသားဟောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းက စစ်ကိုင်းပြန်မှာတော်ပုံ ဆောင်းပါးတွင် မြတောင်ကျောင်းကြီးဘွဲ့ တေးထပ်ကို ရေးစပ်ခဲ့ပါ၏။ ကုန်းဘောင်ဆက် တတိယတွဲ စာမျက်နှာ ၆၈၅ တွင် …““၁၂၄၆ တန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရားခေါင်ကြီးက ဆောက်လုပ်ပြီးပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့်တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို “မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ္ဗည်း တပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။ ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေကျာင်းတော်ကြီး…

Read More

အိန္ဒိယတပ်ချုပ် စီးနှင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျ၊ အသေအပျောက် မသိရသေး

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat နဲ့သူရဲ့မိသားစု လိုက်ပါတဲ့ အိန္ဒိယစစ်ဘက် ရဟတ်ယာဉ်တစင်းဟာ နိုင်ငံတောင်ပိုင်း တမီနာဒူပြည်နယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ပျက်ကျခဲ့ပါတယ်။   ကာကွယ်ရေးဦးစီးချုပ်နဲ့ မိသားစုဟာ Mi-17V5 ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ဟာ ကိုနောမြို့အနီးမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။   လက်ရှိမှာတော့ ဗိုလ်ချုပ်ကြီး Bipin Rawat နဲ့သူ့မိသားစုဟာ ဘေးကင်းမကင်း ရှင်းလင်းစွာမသိရသေးပါဘူး။ ရဟတ်ယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၄ ဦးလိုက်ပါသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။   ပျက်ကျသွားတဲ့လေယာဉ်ကတော့ အပိုင်းပိုင်းပျက်စီးခဲ့ပြီး ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ အိန္ဒိယလေတပ်ကပြောပါတယ်။   ကာကွယ်ရေး၀န်ကြီး Rajnath Singh ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်မှာ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဖို့ရှိနေပါတယ်။  …

Read More

မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးတွေကို စီရင်ချက်ချ

မန္တလေး ၊ ဒီဇင်ဘာ ၈ -၂၀၂၁   ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေးစီမံပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ်၄ နှစ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။   လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင် နဲ့ မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကိုတို့ကို သဘာဝဘေးစီမံပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။   စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုတော့ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။   ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတချို့ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားလို့ ဆက်လက်တရားရင်ဆိုင်ရဦးမယ်လို့လည်း သိရပါတယ်။   #voiceofmyanmar #VOM #မန္တလေးတိုင်းအစိုးရ

Read More

မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်း ပေ့ခ်ျ၊ ဂရု နဲ့အကောင့်တွေကို Facebook ဖယ်ရှားတော့မယ်

နယူးယောက်၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM)   မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပေ့ခ်ျတွေ၊ ဂရု တွေနဲ့ အကောင့်တွေကို ထပ်မံဖယ်ရှားသွားမယ်လို့ Facebook က ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဒါဟာ မြန်မာစစ်ဘက်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလကတည်းက ကြေညာထားတဲ့ တားမြစ်ပိတ်ပင်မှုတွေကို ထပ်မံတိုးချဲ့လိုက်တာလို့လည်း Facebook ကဆိုပါတယ်။ လက်ရှိမှာလည်း မြန်မာစစ်ဘက်ပိုင်လုပ်ငန်းတွေ Facebook မှာကြော်ငြာခွင့် ပိတ်ပင်ထားပါတယ်။   ဒီလိုလုပ်ဆောင်တာဟာ မြန်မာစစ်ဘက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ငွေကြေးဆိုင်ရာ တိုက်ရိုက်ပတ်သက်မှုရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းဖော်ပြထားတဲ့ အချက်အလက်တွေအပေါ် အခြေခံလုပ်ဆောင်တာလို့ ဆိုပါတယ်။   အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတကာအစိုးရတွေကမြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စုစည်းထားတဲ့အချက်အလက်တွေကိုလည်း အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။   ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့…

Read More

လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ WHO ပြော

ဂျီနီဗာ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM)   လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။   တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲနှင့်ပတ်သက်ပြီး ပထမဆုံးစမ်းသပ်ချက်တွေအရ ဖိုက်ဇာကာကွယ်ဆေးကို တစိတ်တပိုင်းရှောင်လွှဲနိုင်တယ်ဆိုတဲ့ အချက်အလက်တွေထွက်ပေါ်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။   ကာကွယ်ဆေးရဲ့ ပဋိပစ္စည်းတွေဟာ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ထုတ်ရာမှာ အာနိသင်များစွာကျဆင်းကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာမိုက်ရိုင်ယန်ကတော့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကာကွယ်ဆေးတွေကို ရှောင်လွှဲဖို့ပိုကောင်းတဲ့ လက္ခဏာမရှိဘူလို့ဆိုပါတယ်။   လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲတွေအားလုံးအတွက် ထိရောက်ကြောင်းသက်သေပြနိုင်တဲ့ ကာကွယ်ဆေးတွေရှိကြောင်း၊ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ရောဂါခံစားရမှုနဲ့ ဆေးရုံတက်ရတာတွေဖြစ်ဖို့ မျှော်လင့်စရာမရှိဘူးလို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောဆိုပါတယ်။   Ref: BBC Photo:AP…

Read More

ယူအေအီးမှာ ရုံးပိတ်ရက် နှစ်ရက်ခွဲသတ်မှတ်ပြီ

အဘူဒါဘီ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM)   ယူအေအီးနိုင်ငံဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို စွဲဆောင်မှုအဖြစ် လက်ရှိကျင့်သုံးနေတဲ့ သောကြာ၊ စနေ ရုံးပိတ်ရက်အစား စနေ၊ တနင်္ဂနွေကို ရုံးပိတ်ရပ်အဖြစ် ပြောင်းလဲလိုက်တဲ့ ပထမဆုံးသော ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။   ဒီလို ရုံးပိတ်ရက်တွေပြောင်းလဲသတ်မှတ်တာနဲ့ပတ်သက်ပြီး ယူအေအီးအစိုးရက ဒီဇင်ဘာ ၇ ရက်မှာ ကြေညာခဲ့ကာ ဒီစနစ်ကိုလာမယ့် နှစ်ဆန်းပိုင်းမှစပြီ ပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။   ဒီအပြောင်းအလဲဟာ ပြည်တွင်းစီးပွားရေးကို နိုင်ငံတကာစျေးကွက်နဲ့ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအနေနဲ့လည်း လိုက်ရောညီထွေလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ယူအေအီးအစိုးရကပြောပါတယ်။   လုပ်ငန်းခွင်တွေမှာတော့ သောကြာနေ့လယ်ပိုင်းမှာ အလုပ်များပြီးဆုံးမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ မွတ်ဆလင် ၀တ်ပြုဆုတောင်းပွဲများကိုလည်း တက်ရောက်နိုင်မည်ဖြစ်ပါတယ်။   ဒီလိုသတ်မှတ်လိုက်တာကြောင့် ယူအေအီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရုံးပိတ်ရက် နှစ်ရက်ခွဲရှိလာတဲ့ ပထမဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။   အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားတဲ့…

Read More

ရှင်ဗွေယန် အ.ထ.ကကျောင်းမှာ ကျောင်းဆရာ ၁ ဦးကနေ ကျောင်းသား ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ

ဒီဇင်ဘာ ၊ ၈ -၂၀၂၁ နှင်းဖြူဝေ ၊ (VOM)   ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ် ၊ ရှင်ဗွေယန် အထက ကျောင်းက ကျောင်းသား/သူတွေကို မနေ့ ဒီဇင်ဘာ ၇ ရက်က ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ကျောင်းသား/သူ အယောက် ၄၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံထားရတာကို တွေ့ရှိခဲါတယ်လို့ ကချင်ပြည်နယ် ကျန်းမာရေးဌာနဆီက သိရပါတယ်။   ” ရောဂါ ရာဇဝင်ပြန်လိုက်တဲ့အခါ ၆ ရက်နေ့က ဆရာ တစ်ယောက် နာမကျန်းဖြစ်တယ် ၊ သူ့ကိုစစ်ဆေးလိုက်တော့ ပေါ့စတစ်ဖြစ်နေတယ် ၊ ဒါနဲ့ ထိတွေ့ ကွန်တက်တွေကို စစ်လိုက်တဲ့အခါ ကျောင်းသား/သူ ၄၀ ကျော် ပေါ့စတစ်ဖြစ်နေတာ ထပ်တွေ့ရတာ “လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။  …

Read More

ဖုန်းအော်ပရေတာအားလုံးရဲ့ အင်တာနက်နူန်းထားတွေ ဒီနေ့ကစပြီး စျေးတက်

ဒီဇင်ဘာ ၈-၂၀၂၁ GH ( VOM )   တယ်လီနော၊ အော်ရီဒူး ၊MPT ၊ မိုင်တယ် အပါအဝင် ဖုန်းအော်ပရေတာတွေအားလုံးက အင်တာနက်သုံးစွဲခနူန်းတွေကို ဒီနေ့ ဒီဇင်ဘာ ၈ရက်ကစပြီး တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။   တယ်လီနော နဲ့ အော်ရီဒူးက အင်တာနက်ပက်ကေ့ 1 GB ကို 1990 ကျပ်အထိ စျေးနူန်းမြင့်တက်သွားတာဖြစ်ပြီး၊ MPTကလည်း 935 mb ကို 1799 ကျပ်အထိ စျေးနူန်းမြင့်တက်သွားသလို မိုင်တဲက 512 mb ကို 968 ကျပ်အထိ စျေးနူန်းမြင့်တက်သွားပြီဖြစ်ပါတယ်။   ” အရင်လို ၁၀၀၀ တန်ငွေဖြည့်ကဒ်ထည့်ရင် 1gb မရတော့ဘူး။ အလုပ်အကိုင်က မယ်မယ်ရရမရှိတဲ့အထဲ အခုစျေးတွေကတက်တော့ အင်တာနက်လည်း အရင်လိုမသုံးနိုင်တော့ဘူးပေါ့။ ဖွင့်ပြီး ခဏကြည့် ချက်ခြင်းပြန်ပိတ် လုပ်ရုံပဲရှိတော့မယ်။…

Read More

တရုတ်ဘက်က ပြောင်းလဲသွားတဲ့ အခွန်စနစ်ကြောင့် ဖရဲ၊ သခွားတွေ အချိန်ကြာပြီး ပျက်စီးဆုံးရှုံးနေ

ဒီဇင်ဘာ ၈-၂၀၂၁ Shy V (VOM)   တရုတ်ဘက်က အခွန်စနစ် ပြောင်းလဲကောက်ခံမှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် တင်ပို့မယ့် ဖရဲ၊ သခွား ကားတွေ စောင့်ဆိုင်းနေရပြီး ကိုဗစ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ထက် ပိုမို နှောင့်နှေးနေတာကြောင့် ပျက်စီးဆုံးရှုံးနေတယ်လို့ သစ်သီးပွဲရုံတွေနဲ့ ယဉ်မောင်း တွေဆီက သိရပါတယ်။   ” အများစု ပျက်စီးကုန်တာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ရောက်ရှိနေတဲ့ ဖရဲကား ၁၀ ရာခိုင်နှုန်းခန့် ပြန်လှည့်ဖို့ တာစူနေကြတယ်၊ ဖရဲသီးကွင်းထဲမှာ ၃၇ စီးရှိတဲ့ထဲမှာမှ ကောင်းတဲ့ဟာက ၁ စီး၊ ၂ စီးပဲ ရှိတော့တာ။ ကျန်တာ အကုန်လုံး အရည်တွေ ထွက်ကုန်ပြီ။ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် မျက်နှာချင်းဆိုင်ကွင်းထဲ ၃၇ စီး၊…

Read More

၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှု နှစ်ထောင်နီးပါးနဲ့ သန်းသုံးသောင်းကျော် ဆုံးရှုံးမှုရှိ

ဒီဇင်ဘာ ၈-၂၀၂၁ KK(VOM) မြန်မာနိူင်ငံအတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးလောင်မှု ၁၉၄၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၂၈၂၆ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” တနိူင်ငံလုံးအတိုင်းအတာ မီးလောင်မှုတွေမှာ သေဆုံးသူ ၈၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၉ ဦး ရှိခဲ့တယ်၊ မီးလောင်မှုဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီးတွေကတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်ပြီး၊ မီးလောင်မှုကြောင့် နေအိမ် ၄၆၂၆ လုံး၊ စက်ရုံအလုပ်ရုံ ၃၈ လုံး၊ ဂိုထောင် အလုံး ၇၀ နဲ့ဈေးများ ပျက်စီးဆုံးရှုံးခဲ့တယ်”လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးသက်ဦးစီးဌာနအနေနဲ့ မီးဘေးကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ စက်ရုံအလုပ်ရုံများကို ကွင်းဆင်းစစ်ဆေးတာတွေ မီးသတ်သင်တန်းပေးတာတွေ ဆောင်ရွက်ခဲ့ပေမယ့် အချို့စက်ရုံ၊အလုပ်ရုံနဲ့ဈေးတွေမှာ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းတွေ တပ်ဆင်မှု…

Read More
VOM News

FREE
VIEW