ရှင်ဗွေယန် အ.ထ.ကကျောင်းမှာ ကျောင်းဆရာ ၁ ဦးကနေ ကျောင်းသား ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ

ဒီဇင်ဘာ ၊ ၈ -၂၀၂၁
နှင်းဖြူဝေ ၊ (VOM)
 
ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ် ၊ ရှင်ဗွေယန် အထက ကျောင်းက ကျောင်းသား/သူတွေကို မနေ့ ဒီဇင်ဘာ ၇ ရက်က ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ကျောင်းသား/သူ အယောက် ၄၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံထားရတာကို တွေ့ရှိခဲါတယ်လို့ ကချင်ပြည်နယ် ကျန်းမာရေးဌာနဆီက သိရပါတယ်။
 
” ရောဂါ ရာဇဝင်ပြန်လိုက်တဲ့အခါ ၆ ရက်နေ့က ဆရာ တစ်ယောက် နာမကျန်းဖြစ်တယ် ၊ သူ့ကိုစစ်ဆေးလိုက်တော့ ပေါ့စတစ်ဖြစ်နေတယ် ၊ ဒါနဲ့ ထိတွေ့ ကွန်တက်တွေကို စစ်လိုက်တဲ့အခါ ကျောင်းသား/သူ ၄၀ ကျော် ပေါ့စတစ်ဖြစ်နေတာ ထပ်တွေ့ရတာ “လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
 
ဒါ့အပြင် တနိုင်းမြို့နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တစ်ဦးက ” ၇ ၊ ၈ ၊ ၉ ၊ ၁၀ အတန်းတွေက ပိုးတွေ့တာပါ ၊ အားလုံး ၄၆ ယောက်ဖြစ်တယ် ၊ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုတွေကို ဒီကနေ့ ရောဂါစစ်ဆေးမှု လုပ်မယ် ၊ အသွားအလာတော့ မနေ့ကတည်းက ကန့်သတ်ထားတာပါ ” လို့ ပြောပါတယ်။
 
ကျောင်းသား မိဘ တစ်ယောက်ကလည်း” ဒီကနေ့က စလို့ ကျောင်းမထည့်ဖြစ်ဘူး ၊ ပိုးတွေ့လူနာ စောင့်ကြည့်ကလေးတွေ ပြန်ပြီးကျန်းမာလာတော့မှ အခြေအနေ ကြည့်ပြီး ကျောင်းထည့်မယ် ” လို့ ပြောပါသေးတယ်။
 
ဒါ့အပြင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ ရှင်ဗွေယန် အထက စာသင်ကျောင်းကို အသွားအလာ ကန့်သတ်ပြီး ယာယီကျောင်းပိတ်တာတွေပြုလုပ်ကာ ရောဂါဖြတ်တောက်နိုင်ဖို့ အရေးပေါ် စီစဥ်နေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရှင်ဗွေယန် #ကျောင်းသား/သူ၄၀ကျော် #ကိုဗစ်ကူးစက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW