အိန္ဒိယတပ်ချုပ် စီးနှင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျ၊ အသေအပျောက် မသိရသေး

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat နဲ့သူရဲ့မိသားစု လိုက်ပါတဲ့ အိန္ဒိယစစ်ဘက် ရဟတ်ယာဉ်တစင်းဟာ နိုင်ငံတောင်ပိုင်း တမီနာဒူပြည်နယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ပျက်ကျခဲ့ပါတယ်။
 
ကာကွယ်ရေးဦးစီးချုပ်နဲ့ မိသားစုဟာ Mi-17V5 ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ဟာ ကိုနောမြို့အနီးမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ ဗိုလ်ချုပ်ကြီး Bipin Rawat နဲ့သူ့မိသားစုဟာ ဘေးကင်းမကင်း ရှင်းလင်းစွာမသိရသေးပါဘူး။ ရဟတ်ယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၄ ဦးလိုက်ပါသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
ပျက်ကျသွားတဲ့လေယာဉ်ကတော့ အပိုင်းပိုင်းပျက်စီးခဲ့ပြီး ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ အိန္ဒိယလေတပ်ကပြောပါတယ်။
 
ကာကွယ်ရေး၀န်ကြီး Rajnath Singh ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်မှာ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဖို့ရှိနေပါတယ်။
 
Ref: BBC
Photo:ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW