လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ WHO ပြော

ဂျီနီဗာ၊ ဒီဇင်ဘာ-၈-၂၀၂၁
မျိုးဆက်(VOM)
 
လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 
တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲနှင့်ပတ်သက်ပြီး ပထမဆုံးစမ်းသပ်ချက်တွေအရ ဖိုက်ဇာကာကွယ်ဆေးကို တစိတ်တပိုင်းရှောင်လွှဲနိုင်တယ်ဆိုတဲ့ အချက်အလက်တွေထွက်ပေါ်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ကာကွယ်ဆေးရဲ့ ပဋိပစ္စည်းတွေဟာ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ထုတ်ရာမှာ အာနိသင်များစွာကျဆင်းကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာမိုက်ရိုင်ယန်ကတော့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကာကွယ်ဆေးတွေကို ရှောင်လွှဲဖို့ပိုကောင်းတဲ့ လက္ခဏာမရှိဘူလို့ဆိုပါတယ်။
 
လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲတွေအားလုံးအတွက် ထိရောက်ကြောင်းသက်သေပြနိုင်တဲ့ ကာကွယ်ဆေးတွေရှိကြောင်း၊ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ပြင်းထန်တဲ့ ရောဂါခံစားရမှုနဲ့ ဆေးရုံတက်ရတာတွေဖြစ်ဖို့ မျှော်လင့်စရာမရှိဘူးလို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောဆိုပါတယ်။
 
Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW