အဘူဒါဘီ၊ ဒီဇင်ဘာ-၈-၂၀၂၁ မျိုးဆက်(VOM) ယူအေအီးနိုင်ငံဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို စွဲဆောင်မှုအဖြစ် လက်ရှိကျင့်သုံးနေတဲ့ သောကြာ၊ စနေ ရုံးပိတ်ရက်အစား စနေ၊ တနင်္ဂနွေကို ရုံးပိတ်ရပ်အဖြစ် ပြောင်းလဲလိုက်တဲ့ ပထမဆုံးသော ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။ ဒီလို ရုံးပိတ်ရက်တွေပြောင်းလဲသတ်မှတ်တာနဲ့ပတ်သက်ပြီး ယူအေအီးအစိုးရက ဒီဇင်ဘာ ၇ ရက်မှာ ကြေညာခဲ့ကာ ဒီစနစ်ကိုလာမယ့် နှစ်ဆန်းပိုင်းမှစပြီ ပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ ပြည်တွင်းစီးပွားရေးကို နိုင်ငံတကာစျေးကွက်နဲ့ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအနေနဲ့လည်း လိုက်ရောညီထွေလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ယူအေအီးအစိုးရကပြောပါတယ်။ လုပ်ငန်းခွင်တွေမှာတော့ သောကြာနေ့လယ်ပိုင်းမှာ အလုပ်များပြီးဆုံးမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ မွတ်ဆလင် ၀တ်ပြုဆုတောင်းပွဲများကိုလည်း တက်ရောက်နိုင်မည်ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်လိုက်တာကြောင့် ယူအေအီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရုံးပိတ်ရက် နှစ်ရက်ခွဲရှိလာတဲ့ ပထမဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားတဲ့…
Read MoreYear: 2021
ရှင်ဗွေယန် အ.ထ.ကကျောင်းမှာ ကျောင်းဆရာ ၁ ဦးကနေ ကျောင်းသား ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ
ဒီဇင်ဘာ ၊ ၈ -၂၀၂၁ နှင်းဖြူဝေ ၊ (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ် ၊ ရှင်ဗွေယန် အထက ကျောင်းက ကျောင်းသား/သူတွေကို မနေ့ ဒီဇင်ဘာ ၇ ရက်က ကိုဗစ်ရောဂါ စစ်ဆေးတဲ့အခါ ကျောင်းသား/သူ အယောက် ၄၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံထားရတာကို တွေ့ရှိခဲါတယ်လို့ ကချင်ပြည်နယ် ကျန်းမာရေးဌာနဆီက သိရပါတယ်။ ” ရောဂါ ရာဇဝင်ပြန်လိုက်တဲ့အခါ ၆ ရက်နေ့က ဆရာ တစ်ယောက် နာမကျန်းဖြစ်တယ် ၊ သူ့ကိုစစ်ဆေးလိုက်တော့ ပေါ့စတစ်ဖြစ်နေတယ် ၊ ဒါနဲ့ ထိတွေ့ ကွန်တက်တွေကို စစ်လိုက်တဲ့အခါ ကျောင်းသား/သူ ၄၀ ကျော် ပေါ့စတစ်ဖြစ်နေတာ ထပ်တွေ့ရတာ “လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။ …
Read Moreဖုန်းအော်ပရေတာအားလုံးရဲ့ အင်တာနက်နူန်းထားတွေ ဒီနေ့ကစပြီး စျေးတက်
ဒီဇင်ဘာ ၈-၂၀၂၁ GH ( VOM ) တယ်လီနော၊ အော်ရီဒူး ၊MPT ၊ မိုင်တယ် အပါအဝင် ဖုန်းအော်ပရေတာတွေအားလုံးက အင်တာနက်သုံးစွဲခနူန်းတွေကို ဒီနေ့ ဒီဇင်ဘာ ၈ရက်ကစပြီး တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ တယ်လီနော နဲ့ အော်ရီဒူးက အင်တာနက်ပက်ကေ့ 1 GB ကို 1990 ကျပ်အထိ စျေးနူန်းမြင့်တက်သွားတာဖြစ်ပြီး၊ MPTကလည်း 935 mb ကို 1799 ကျပ်အထိ စျေးနူန်းမြင့်တက်သွားသလို မိုင်တဲက 512 mb ကို 968 ကျပ်အထိ စျေးနူန်းမြင့်တက်သွားပြီဖြစ်ပါတယ်။ ” အရင်လို ၁၀၀၀ တန်ငွေဖြည့်ကဒ်ထည့်ရင် 1gb မရတော့ဘူး။ အလုပ်အကိုင်က မယ်မယ်ရရမရှိတဲ့အထဲ အခုစျေးတွေကတက်တော့ အင်တာနက်လည်း အရင်လိုမသုံးနိုင်တော့ဘူးပေါ့။ ဖွင့်ပြီး ခဏကြည့် ချက်ခြင်းပြန်ပိတ် လုပ်ရုံပဲရှိတော့မယ်။…
Read Moreတရုတ်ဘက်က ပြောင်းလဲသွားတဲ့ အခွန်စနစ်ကြောင့် ဖရဲ၊ သခွားတွေ အချိန်ကြာပြီး ပျက်စီးဆုံးရှုံးနေ
ဒီဇင်ဘာ ၈-၂၀၂၁ Shy V (VOM) တရုတ်ဘက်က အခွန်စနစ် ပြောင်းလဲကောက်ခံမှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် တင်ပို့မယ့် ဖရဲ၊ သခွား ကားတွေ စောင့်ဆိုင်းနေရပြီး ကိုဗစ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ထက် ပိုမို နှောင့်နှေးနေတာကြောင့် ပျက်စီးဆုံးရှုံးနေတယ်လို့ သစ်သီးပွဲရုံတွေနဲ့ ယဉ်မောင်း တွေဆီက သိရပါတယ်။ ” အများစု ပျက်စီးကုန်တာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ရောက်ရှိနေတဲ့ ဖရဲကား ၁၀ ရာခိုင်နှုန်းခန့် ပြန်လှည့်ဖို့ တာစူနေကြတယ်၊ ဖရဲသီးကွင်းထဲမှာ ၃၇ စီးရှိတဲ့ထဲမှာမှ ကောင်းတဲ့ဟာက ၁ စီး၊ ၂ စီးပဲ ရှိတော့တာ။ ကျန်တာ အကုန်လုံး အရည်တွေ ထွက်ကုန်ပြီ။ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် မျက်နှာချင်းဆိုင်ကွင်းထဲ ၃၇ စီး၊…
Read More၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှု နှစ်ထောင်နီးပါးနဲ့ သန်းသုံးသောင်းကျော် ဆုံးရှုံးမှုရှိ
ဒီဇင်ဘာ ၈-၂၀၂၁ KK(VOM) မြန်မာနိူင်ငံအတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးလောင်မှု ၁၉၄၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၂၈၂၆ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” တနိူင်ငံလုံးအတိုင်းအတာ မီးလောင်မှုတွေမှာ သေဆုံးသူ ၈၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၉ ဦး ရှိခဲ့တယ်၊ မီးလောင်မှုဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီးတွေကတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်ပြီး၊ မီးလောင်မှုကြောင့် နေအိမ် ၄၆၂၆ လုံး၊ စက်ရုံအလုပ်ရုံ ၃၈ လုံး၊ ဂိုထောင် အလုံး ၇၀ နဲ့ဈေးများ ပျက်စီးဆုံးရှုံးခဲ့တယ်”လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးသက်ဦးစီးဌာနအနေနဲ့ မီးဘေးကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ စက်ရုံအလုပ်ရုံများကို ကွင်းဆင်းစစ်ဆေးတာတွေ မီးသတ်သင်တန်းပေးတာတွေ ဆောင်ရွက်ခဲ့ပေမယ့် အချို့စက်ရုံ၊အလုပ်ရုံနဲ့ဈေးတွေမှာ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းတွေ တပ်ဆင်မှု…
Read Moreနွားထိုးကြီးက ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ယောက်သေဆုံး
ဒီဇင်ဘာ ၇-၂၀၂၁ GH (VOM ) နွားထိုးကြီးမြို့နယ် ၊ လက်ဝဲမြင်းနီကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချပ်ရေးမှူးအပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က လက်ဝဲမြင်းနီကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေမင်းသူ၊ ချွေးမဖြစ်သူ မခိုင်စိုးရည်နဲ့ ဦးဟန်ဝင်းတို့ ၄ ဦး နေအိမ်အတွင်းမှာ မီးလောင်သေဆုံးခဲ့သလို၊ အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့်နဲ့ သားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ ” တနေ့က ဖြစ်တာပေါ့။သေနတ်တွေနဲ့လာပစ်တယ်။အိမ်ကိုလည်း မီးရှို့သွားတယ်။အုပ်ကြီးက အဲ့နေ့က သူတို့အချင်းချင်းတွေ့ဆုံပြီး အစည်းဝေးသဘောလုပ်နေချိန် ဆိုင်ကယ်တွေနဲ့လာပြီး အပစ်ခံရတာ။ အုပ်ကြီးအပါ ၄ ယောက်သေတယ်။ အုပ်ကြီးမိန်းမက ညာဘက်ပေါင် သေနတ်မှန်ဒဏ်ရာရတယ်။ သားက…
Read Moreမုံရွာဆေးရုံကိုလာတဲ့ကား မိုင်းထိပြီး ကျန်းမာရေး ဝန်ထမ်း ၄ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၊ ၇ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ကျီးပင်ချောင်ကျေးရွာအနီး မုံရွာ – ဘုတလင် ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်ပါလာတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကျန်းမာရေးဌာန အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” မုံရွာ ဆေးရုံကြီးမှာ ဆေးပစ္စည်းတွေ ထုတ်ယူဖို့ ဘုတလင် ဆေးရုံကနေ အသွားလမ်းမှာ ပေါက်ကွဲတာနဲ့ ကြုံပြီး မိုင်းစထိမှန် ဒဏ်ရာခဲ့တာပါ ” လို့ ဘုတလင်ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာရတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ဦးဟာ…
Read Moreအမြန်လမ်း ရဲကင်းစခန်းမှာ ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲတွေသေဆုံးမှုရှိသလို ဒဏ်ရာရသူတွေရှိခဲ့
ဒီဇင်ဘာ ၇-၂၀၂၁ GH (VOM ) ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိတ္တီလာမြို့နယ်အပိုင်ထဲက ကံကောင်းရဲကင်းစခန်းမှာ မနေ့ ဒီဇင်ဘာ ၆ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေသေဆုံးမှုရှိသလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ကံကောင်းရဲကင်းစခန်းဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၂၉၃/၂မှာ ရှိတာဖြစ်ပြီး လက်ရှိမှာ နယ်မြေစစ်ဆေးရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” ညက ၁၂ နာရီကျော်လောက်မှာ တိုက်ခံရတာ၊ရဲကင်းက တာဝန်ကျ ရဲသေဆုံးတာလည်းရှိတယ်၊ဒဏ်ရာရတာလည်းရှိတယ်လို့သိရတယ်။ pdf အဖွဲ့တွေပေါင်းတိုက်တာလို့ စာထုတ်ထားတာတွေ့တယ်။အဲ့ဒီမှာတော့ ၃ ယောက်သေတယ်လို့ ရေးထားတာတွေ့တယ်၊ အခုမနက်တော့ မိတ္တီလာမှာ စစ်ဆေးရေးတင်းကြပ်ထားတယ် ” လို့ မိတ္တီလာဒေသခံတဦ်းကပြောပါတယ်။ ရဲကင်းစခန်းတိုက်ခိုက်မှုကို မိတ္တီလာခရိုင်လေးမြို့နယ်တပ်ပေါင်းစုက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်ကနေ…
Read Moreဂျပန်မှာ တပတ်ရစ်ကားစျေးတွေ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်နေ
တိုကျို၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ မော်တော်ကားထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ ထောက်ပံ့ရေးကွင်းဆက် အခက်အခဲတွေကြောင့် ကားသစ်များထုတ်လုပ်မှု လျော့နည်းနေပြီး တပတ်ရစ်ကားတွေရဲ့ စျေးနှုန်းဟာ နို၀င်ဘာလမှာတော့ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တပတ်ရစ်ကားတွေရဲ့ ပျမ်းမျှလေလံစျေးနှုန်းဟာ ဒေါ်လာ ၈၃၀၀ ခန့်ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်ကထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ တပတ်ရစ်ကားလေလံကုမ္ပဏီ ယူအက်စ်အက်စ်က ပြောပါတယ်။ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတ၀န်းမှာ ချစ်ပ်တွေအပါအ၀င် ဆီးမီးကွန်ဒတ်တာတွေ ပြတ်လပ်မှုကြောင့် မော်တော်ကားသစ် ထုတ်လုပ်မှု လုပ်ငန်းတွေအပေါ် ထိခိုက်လျှက်ရှိနေပါတယ်။ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှရှိ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ရတာကြောင့် မော်တော်ကား အစိတ်အပိုင်းတွေလည်း ရှားပါးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုပြဿနာတွေကြောင့် ကားဟောင်းတွေကို ကားသစ်တွေနဲ့ အစားထိုးလဲလှယ်စီးနှင်းဖို့ နှောင့်နှေးမှုတွ…
Read Moreအာဆီယံအလှည့်ကျဥက္ကဌ လာမယ့်လမှာ မြန်မာနိုင်ငံလာမည် ၊ နစက နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု
ဖနွမ်းပင်၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပြီး သူဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာကနေ မြန်မာစစ်ဘက်အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဖိအားပေးမှုတွေလုပ်ဆောင်နေပေမယ့် နစက နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံကို နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟွန်ဆန်က ကတိပြုပြောဆိုထားပါတယ်။ သူဟာ နကစရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တို့မှာ မြန်မာနိုင်ငံကို သွားဖို့စီစဉ်ထားတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Eang…
Read More