အာဆီယံအလှည့်ကျဥက္ကဌ လာမယ့်လမှာ မြန်မာနိုင်ငံလာမည် ၊ နစက နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု

ဖနွမ်းပင်၊ ဒီဇင်ဘာ-၇-၂၀၂၁
မျိုးဆက်(VOM)
 
ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပြီး သူဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
 
နိုင်ငံတကာကနေ မြန်မာစစ်ဘက်အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဖိအားပေးမှုတွေလုပ်ဆောင်နေပေမယ့် နစက နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံကို နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟွန်ဆန်က ကတိပြုပြောဆိုထားပါတယ်။
 
သူဟာ နကစရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တို့မှာ မြန်မာနိုင်ငံကို သွားဖို့စီစဉ်ထားတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Eang Sophalleth က ပြောပါတယ်။
 
အာဆီယံအဖွဲ့ရဲ့အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုချန်လှပ်မှုတွေကို အဖွဲ့၀င်နိုင်ငံတွေက ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံကို အာဆီယံအသိုက်အ၀န်းထဲပြန်ရောက်ရှိစေဖို့ ကမ္ဘောဒီးယားက ကြိုးပမ်းနေစဉ်မှာ အခုလိုခရီးစဉ် စီစဉ်နေတာဖြစ်ပါတယ်။
 
ကမ္ဘောဒီးယားဟာ လာမယ့်နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌဖြစ်ပြီး အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံတက်ရောက်ဖို့ အခွင့်ရှိတယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
Photo: AFP
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW