နွားထိုးကြီးက ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ယောက်သေဆုံး

ဒီဇင်ဘာ ၇-၂၀၂၁ GH (VOM )   နွားထိုးကြီးမြို့နယ် ၊ လက်ဝဲမြင်းနီကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချပ်ရေးမှူးအပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။   ဒီဇင်ဘာ ၅ ရက်နေ့က လက်ဝဲမြင်းနီကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေမင်းသူ၊ ချွေးမဖြစ်သူ မခိုင်စိုးရည်နဲ့ ဦးဟန်ဝင်းတို့ ၄ ဦး နေအိမ်အတွင်းမှာ မီးလောင်သေဆုံးခဲ့သလို၊ အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့်နဲ့ သားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။   ” တနေ့က ဖြစ်တာပေါ့။သေနတ်တွေနဲ့လာပစ်တယ်။အိမ်ကိုလည်း မီးရှို့သွားတယ်။အုပ်ကြီးက အဲ့နေ့က သူတို့အချင်းချင်းတွေ့ဆုံပြီး အစည်းဝေးသဘောလုပ်နေချိန် ဆိုင်ကယ်တွေနဲ့လာပြီး အပစ်ခံရတာ။ အုပ်ကြီးအပါ ၄ ယောက်သေတယ်။ အုပ်ကြီးမိန်းမက ညာဘက်ပေါင် သေနတ်မှန်ဒဏ်ရာရတယ်။ သားက…

Read More

မုံရွာဆေးရုံကိုလာတဲ့ကား မိုင်းထိပြီး ကျန်းမာရေး ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၇ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ကျီးပင်ချောင်ကျေးရွာအနီး မုံရွာ – ဘုတလင် ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်ပါလာတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကျန်းမာရေးဌာန အသိုင်းအဝိုင်းကနေ သိရပါတယ်။   ” မုံရွာ ဆေးရုံကြီးမှာ ဆေးပစ္စည်းတွေ ထုတ်ယူဖို့ ဘုတလင် ဆေးရုံကနေ အသွားလမ်းမှာ ပေါက်ကွဲတာနဲ့ ကြုံပြီး မိုင်းစထိမှန် ဒဏ်ရာခဲ့တာပါ ” လို့ ဘုတလင်ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။   အဲ့ဒီ ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာရတဲ့ ကျန်းမာရေးဝန်ထမ်း ၄ ဦးဟာ…

Read More

အမြန်လမ်း ရဲကင်းစခန်းမှာ ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲတွေသေဆုံးမှုရှိသလို ဒဏ်ရာရသူတွေရှိခဲ့

ဒီဇင်ဘာ ၇-၂၀၂၁ GH (VOM )   ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိတ္တီလာမြို့နယ်အပိုင်ထဲက ကံကောင်းရဲကင်းစခန်းမှာ မနေ့ ဒီဇင်ဘာ ၆ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေသေဆုံးမှုရှိသလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။   ကံကောင်းရဲကင်းစခန်းဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၂၉၃/၂မှာ ရှိတာဖြစ်ပြီး လက်ရှိမှာ နယ်မြေစစ်ဆေးရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။   ” ညက ၁၂ နာရီကျော်လောက်မှာ တိုက်ခံရတာ၊ရဲကင်းက တာဝန်ကျ ရဲသေဆုံးတာလည်းရှိတယ်၊ဒဏ်ရာရတာလည်းရှိတယ်လို့သိရတယ်။ pdf အဖွဲ့တွေပေါင်းတိုက်တာလို့ စာထုတ်ထားတာတွေ့တယ်။အဲ့ဒီမှာတော့ ၃ ယောက်သေတယ်လို့ ရေးထားတာတွေ့တယ်၊ အခုမနက်တော့ မိတ္တီလာမှာ စစ်ဆေးရေးတင်းကြပ်ထားတယ် ” လို့ မိတ္တီလာဒေသခံတဦ်းကပြောပါတယ်။   ရဲကင်းစခန်းတိုက်ခိုက်မှုကို မိတ္တီလာခရိုင်လေးမြို့နယ်တပ်ပေါင်းစုက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်ကနေ…

Read More

ဂျပန်မှာ တပတ်ရစ်ကားစျေးတွေ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်နေ

တိုကျို၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM)   ဂျပန်နိုင်ငံမှာ မော်တော်ကားထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ ထောက်ပံ့ရေးကွင်းဆက် အခက်အခဲတွေကြောင့် ကားသစ်များထုတ်လုပ်မှု လျော့နည်းနေပြီး တပတ်ရစ်ကားတွေရဲ့ စျေးနှုန်းဟာ နို၀င်ဘာလမှာတော့ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။   ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တပတ်ရစ်ကားတွေရဲ့ ပျမ်းမျှလေလံစျေးနှုန်းဟာ ဒေါ်လာ ၈၃၀၀ ခန့်ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်ကထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ တပတ်ရစ်ကားလေလံကုမ္ပဏီ ယူအက်စ်အက်စ်က ပြောပါတယ်။   ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတ၀န်းမှာ ချစ်ပ်တွေအပါအ၀င် ဆီးမီးကွန်ဒတ်တာတွေ ပြတ်လပ်မှုကြောင့် မော်တော်ကားသစ် ထုတ်လုပ်မှု လုပ်ငန်းတွေအပေါ် ထိခိုက်လျှက်ရှိနေပါတယ်။   ကပ်ရောဂါကြောင့် အရှေ့တောင်အာရှရှိ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ရတာကြောင့် မော်တော်ကား အစိတ်အပိုင်းတွေလည်း ရှားပါးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။   ဒီလိုပြဿနာတွေကြောင့် ကားဟောင်းတွေကို ကားသစ်တွေနဲ့ အစားထိုးလဲလှယ်စီးနှင်းဖို့ နှောင့်နှေးမှုတွ…

Read More

အာဆီယံအလှည့်ကျဥက္ကဌ လာမယ့်လမှာ မြန်မာနိုင်ငံလာမည် ၊ နစက နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု

ဖနွမ်းပင်၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM)   ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပြီး သူဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။   နိုင်ငံတကာကနေ မြန်မာစစ်ဘက်အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဖိအားပေးမှုတွေလုပ်ဆောင်နေပေမယ့် နစက နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံကို နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟွန်ဆန်က ကတိပြုပြောဆိုထားပါတယ်။   သူဟာ နကစရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တို့မှာ မြန်မာနိုင်ငံကို သွားဖို့စီစဉ်ထားတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Eang…

Read More

ရုရှားရဲ့ကျူးကျော်မှုမှန်သမျှ တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယူကရိန်းသမ္မတပြော

ကိဗ်ယက်၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM)   ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ကျူးကျော်မှုမှန်သမျှကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းတပ်မတော်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။   ရုရှားရဲ့ ကျူးကျော်မှုတွေကနေ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ယူကရိန်းတပ်တော်သားတွေဟာ သူတို့ရဲ့ အရေးကြီးတဲ့ တာ၀န်ကို ဆက်လက်ထမ်းဆောင်နေတယ်လို့ သူကပြောပါတယ်။   ယူကရိန်းနဲ့ တင်းမာမှုတွေကိုလျှော့ချဖို့အတွက် ရုရှားကို အနောက်နိုင်ငံတွေက တိုက်တွန်းလိုက်ပြီး ရုရှားရဲ့ ဘယ်လိုခြိမ်းခြောက်မှုဖြစ်စေ ယူကရိန်းဘက်မှ ရပ်တည်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပြီး ရန်စမှုများကိုတားဆီးဖို့ ဖြစ်နိုင်သမျှနည်းလမ်းအားလုံး အသုံးပြုသွားမယ်လို့ သဘောတူခဲ့ကြပါတယ်။   ဒီဇင်ဘာ ၆ ရက်ကပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးတိုးမြှင့်လှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မာစွာထောက်ခံကြောင်း ဆွေးနွေးခဲ့ကြပါတယ်။…

Read More

မြန်မာနိုင်ငံက အမုန်းစကားတွေကြောင့် Facebook ကိုဒေါ်လာဘီလီယံ ၁၅၀ ရလိုမှုနဲ့ ရိုဟင်ဂျာတွေ တရားစွဲ

၀ါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၁ မျိုးဆက်(VOM)   Facebook ပေါ်မှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမုန်းစကားတွေကို ခွင့်ပြုခဲ့တယ်ဆိုပြီး အမေရိကန်နဲ့ ဗြိတိန်က ရိုဟင်ဂျာဒါဇင်များစွာဟာ Facebook ကို တရားစွဲလိုက်ပါတယ်။   ဖိနှိပ်ခံရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှုတွေကို အားပေးမြှင့်တင်တဲ့ အမုန်းစကားတွေကို Facebook ကခွင့်ပြုခဲ့တယ်ဆိုပြီး တရားစွဲတဲ့ ရိုဟင်ဂျာတွေက ဒေါ်လာဘီလီယံ ၁၅၀ ကျော် လျော်ကြေးတောင်းခံထားပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို Facebook က မှတ်ချက်ပြုတုံ့ပြန်တာမျိုးမရှိသေးပါဘူး။ Facebook ဟာ အမုန်းစကားနဲ့ အန္တရာယ်ရှိတဲ့သတင်းမှားတွေကို နှစ်ပေါင်းများစွာ ဆက်လက်ခွင့်ပြုထားတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။   အခုတရားစွဲတဲ့ ရိုဟင်ဂျာတွေအတွက် ရှေ့နေလိုက်ပေးတဲ့ ဗြိတိန်ဥပဒေကုမ္ပဏီတခုက Facebook ကိုပေးပို့တဲ့ စာမှာတော့ Facebook ရဲ့ Algorithms နည်းပညာဟာ ရိုဟင်ဂျာတွေအပေါ်အမုန်းပွားမှုတိုးပွားစေတာ၊ မြန်မာနိုင်ငံရေးအခြေအနေကိုသိရှိတဲ့ စိစစ်သူတွေနဲ့ အချက်အလက်စစ်ဆေးသူတွေအပေါ် ရင်းနှီးမြုပ်နှံဖို့ ပျက်ကွက်တာတွေရှိတယ်လို့…

Read More

ဝါးဘလောက်သောက်ကျေးရွာရဲကင်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ဒီဇင်ဘာ ၆-၂၀၂၁ KK(VOM)   ကော့မှုးမြို့နယ်နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ဝါးဘလောက်သောက်ကျေးရွာရဲကင်းမှာ မနေ့ ဒီဇင်ဘာ ၆ရက် ညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။   ကျေးရွာနေသူတဦးက”ညပိုင်း ရဲကင်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာပါ နာရီဝက်လောက်ကြာတယ်၊ လူနာတင်ယာဥ်တွေလည်း ရောက်လာတယ် ရဲသုံးဦးသေတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။   ကျေးရွာရဲကင်းရှေ့ရှိ ထရန်စဖော်မာဘေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာကနေ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။   “ဗုံးလာပစ်တဲ့ သူတွေထဲက တစ်ယောက်ထိပြီး သေတယ် ရဲဘက်ကလည်း သေတယ်ပြောတယ်၊ သေချာတော့မသိရသေးဘူး”လို့ သူကပြောပါတယ်။   နှစ်ဖက်ထိခိုက်မှုကိုတော့ VOMအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။   ပြီးခဲ့တဲ့လတွေကလည်း ကော့မှုးမြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ ဗုံးပေါက်ကွဲခဲ့တာရှိသလို နှစ်ဖက်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတွေနဲ့ ဖမ်းဆီးခံခဲ့ရတာသူတွေလည်းရှိခဲ့ပါတယ်။   #voiceofmyanmar #VOM #ကော့မှုး #နှစ်ဖက်ပစ်ခတ်မှု

Read More

မြိုင်မြို့နယ်မှာ မနေ့က ၁ ရက်တည်းတင် လူ ၆ ဦးထက်မနည်းသတ်ခံရ

ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ၁ ရက်ထဲမှာ လူသတ်မှု ၄ ကြိမ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ​ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။   မြိုင်မြို့နယ်မှာ မနေ့က လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး နယ်ခံ ပရဟိတ စေတနာ့ ဝန်ထမ်း တယောက်ပြောတာက   ” မနေ့က ညနေပိုင်းက စလို့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ ၊ အခု လတ်တလော ရရှိထားတဲ့ စာရင်းအရ မြို့စိုး (တောင်)ကျေးရွာက ၊ မြို့စိုး အမက ကျောင်းအုပ်ကြီး ဆရာ ဦးမြင့်ဇော်…

Read More
VOM News

FREE
VIEW