အမြန်လမ်း ရဲကင်းစခန်းမှာ ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲတွေသေဆုံးမှုရှိသလို ဒဏ်ရာရသူတွေရှိခဲ့

ဒီဇင်ဘာ ၇-၂၀၂၁
GH (VOM )
 
ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိတ္တီလာမြို့နယ်အပိုင်ထဲက ကံကောင်းရဲကင်းစခန်းမှာ မနေ့ ဒီဇင်ဘာ ၆ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေသေဆုံးမှုရှိသလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
 
ကံကောင်းရဲကင်းစခန်းဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၂၉၃/၂မှာ ရှိတာဖြစ်ပြီး လက်ရှိမှာ နယ်မြေစစ်ဆေးရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
” ညက ၁၂ နာရီကျော်လောက်မှာ တိုက်ခံရတာ၊ရဲကင်းက တာဝန်ကျ ရဲသေဆုံးတာလည်းရှိတယ်၊ဒဏ်ရာရတာလည်းရှိတယ်လို့သိရတယ်။ pdf အဖွဲ့တွေပေါင်းတိုက်တာလို့ စာထုတ်ထားတာတွေ့တယ်။အဲ့ဒီမှာတော့ ၃ ယောက်သေတယ်လို့ ရေးထားတာတွေ့တယ်၊ အခုမနက်တော့ မိတ္တီလာမှာ စစ်ဆေးရေးတင်းကြပ်ထားတယ် ” လို့ မိတ္တီလာဒေသခံတဦ်းကပြောပါတယ်။
 
ရဲကင်းစခန်းတိုက်ခိုက်မှုကို မိတ္တီလာခရိုင်လေးမြို့နယ်တပ်ပေါင်းစုက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
မိတ္တီလာနယ်မြေအပိုင်ထဲက ရဲကင်းစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို သိရှိနို င်ဖို့ အမြန်လမ်းရဲတပ်ဖွဲ့ကိုဆက်သွယ်ခဲ့ရာ အထက်လူကြီးရောက်ရှိနေကြောင်းသာ ပြန်လည်ပြောဆိုခဲ့ပါတယ်။
 
#voiceofmyanmar #VOM #အမြန်လမ်းရဲကင်း #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW