ဂျပန်မှာ တပတ်ရစ်ကားစျေးတွေ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်နေ

တိုကျို၊ ဒီဇင်ဘာ-၇-၂၀၂၁
မျိုးဆက်(VOM)
 
ဂျပန်နိုင်ငံမှာ မော်တော်ကားထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ ထောက်ပံ့ရေးကွင်းဆက် အခက်အခဲတွေကြောင့် ကားသစ်များထုတ်လုပ်မှု လျော့နည်းနေပြီး တပတ်ရစ်ကားတွေရဲ့ စျေးနှုန်းဟာ နို၀င်ဘာလမှာတော့ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တပတ်ရစ်ကားတွေရဲ့ ပျမ်းမျှလေလံစျေးနှုန်းဟာ ဒေါ်လာ ၈၃၀၀ ခန့်ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်ကထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ တပတ်ရစ်ကားလေလံကုမ္ပဏီ ယူအက်စ်အက်စ်က ပြောပါတယ်။
 
ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတ၀န်းမှာ ချစ်ပ်တွေအပါအ၀င် ဆီးမီးကွန်ဒတ်တာတွေ ပြတ်လပ်မှုကြောင့် မော်တော်ကားသစ် ထုတ်လုပ်မှု လုပ်ငန်းတွေအပေါ် ထိခိုက်လျှက်ရှိနေပါတယ်။
 
ကပ်ရောဂါကြောင့် အရှေ့တောင်အာရှရှိ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ရတာကြောင့် မော်တော်ကား အစိတ်အပိုင်းတွေလည်း ရှားပါးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
 
ဒီလိုပြဿနာတွေကြောင့် ကားဟောင်းတွေကို ကားသစ်တွေနဲ့ အစားထိုးလဲလှယ်စီးနှင်းဖို့ နှောင့်နှေးမှုတွ ဖြစ်ပေါ်စေတယ်လို့ တပတ်ရစ်ကားစျေးကွက်မှ အရောင်းအ၀ယ်သမားတွေကပြောပါတယ်။
 
ဂျပန်တပတ်ရစ်ကားတွေဟာ စျေးကွက်မှာ နာမည်ကောင်းရှိနေပြီး အာရှနဲ့ အာဖရိကစျေးကွက်မှ ၀ယ်လိုအားမြင့်တက်နေပါတယ်။
 
Ref: NHK
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW