ဝါးဘလောက်သောက်ကျေးရွာရဲကင်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ဒီဇင်ဘာ ၆-၂၀၂၁
KK(VOM)
 
ကော့မှုးမြို့နယ်နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ဝါးဘလောက်သောက်ကျေးရွာရဲကင်းမှာ မနေ့ ဒီဇင်ဘာ ၆ရက် ညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါ
တယ်။
 
ကျေးရွာနေသူတဦးက”ညပိုင်း ရဲကင်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာပါ နာရီဝက်လောက်ကြာတယ်၊ လူနာတင်ယာဥ်တွေလည်း ရောက်လာတယ် ရဲသုံးဦးသေတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။
 
ကျေးရွာရဲကင်းရှေ့ရှိ ထရန်စဖော်မာဘေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာကနေ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ဗုံးလာပစ်တဲ့ သူတွေထဲက တစ်ယောက်ထိပြီး သေတယ် ရဲဘက်ကလည်း သေတယ်ပြောတယ်၊ သေချာတော့မသိရသေးဘူး”လို့ သူကပြောပါတယ်။
 
နှစ်ဖက်ထိခိုက်မှုကိုတော့ VOMအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
ပြီးခဲ့တဲ့လတွေကလည်း ကော့မှုးမြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ ဗုံးပေါက်ကွဲခဲ့တာရှိသလို နှစ်ဖက်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတွေနဲ့ ဖမ်းဆီးခံခဲ့ရတာသူတွေလည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ကော့မှုး #နှစ်ဖက်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW