ရန်ကုန်၊နိုဝင်ဘာ ၂၆၊၂၀၂၁ KK(VOM) ရန်ကုန်က မြန်မာပလာဇာမှာ မနေ့နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ပလာဇာအတွင်းဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေယာယီပိတ်သိမ်းနေကြပါတယ်။ အမည်မဖော်လိုတဲ့ဆိုင်ခန်းပိုင်ရှင်တဦးက “ဆန္ဒမပြရဘူးဆိုလည်းခလေးတွေကို အေးဆေးပြောပြလေ သားသမီးချင်းကိုယ်ချင်းမစာရိုက်နှက်ပြီးဖမ်းတာ အစ်မတို့ကတော့ ပလာဇာက ဆိုင်ကို ယာယီပိတ်ထားတယ် ဘယ်လောက်ကြာမယ်ဆိုတာ ပြောပြလို့မရဘူး”လို့ VOM ကို ပြောပါတယ်။ မနေ့ ညနေပိုင်းက လူငယ်တွေက မြန်မာပလာဇာမှာ သပိတ်ပြုလုပ်နေချိန်မှာ ဆန္ဒပြလူငယ် ၂ ယောက်ကို ပလာဇာလုံခြုံ ရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိပြီးနောက်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။ “မိန်းခလေးတစ်ယောက်ဆို မျက်ခုံးတွေရော လက်တွေရော ဒူးတွေမှာရော ထိတယ် မိန်းခလေးကိုတော့ အဲ့လောက်ထိလုပ်ဖို့မသင့်ပါ ဘူး”လို့ သူရဲ့အမြင်ကိုပြောပါတယ်။ ရန်ကုန်က တက္ကစီဆရာအများစုကလည်း မြန်မာပလာဇာကို ငှားရမ်းတဲ့ ခရီးစဉ်မှန်သမျှ…
Read MoreYear: 2021
ငါန်းဇွန်မြိုက လွတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ ညီဖမ်းခံရ
နိုဝင်ဘာ၂၆-၂၀၂၁ VOM ငါန်းဇွန်မြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ မိဘနေအိမ်နဲ့ အမဖြစ်သူရဲ့နေအိမ်တွေကိုနိုဝင်ဘာ(၂၅)မနက် ၉နာရီအချိန်က နယ်မြေခံရဲနဲ့ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ပြီးတော့ ဦးကျော်စိုးနိုင်ရဲ့ ညီဖြစ်သူ ကိုညို ကို ခေါ်သွားတာမှာ ဒီနေ့ သတင်းတင်ဆက်ချိန်ထိ ပြန်မလွှတ်သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင် ကတော့ တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဦးကျောစိုးနိုင်ကိုဖမ်းမမိလို့ ဇူလိုင်လ ၂၀ရက်နေကလည်း ဇနီး၊ သားနဲ့ သမီးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၂ရက်နေမှာ ပြန်လည်လွတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ မိသာစုဝင်တွေအနေနဲ့ အိမ်မှာဘဲ အေးအေးဆေးဆေး နေလို့ရကြောင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပေမယ့် ခုတခါ ညီဖြစ်သူသည်ကို ဖမ်းဆီးပြန်တာဖြစ်ပါတယ်။ ” ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိုညိုဟာ ရွှေပန်းထိမ်လုပ်ငန်းလုပ်သလို လူမှုရေးအသင်းကို ဦးဆောင်လုပ်ကိုင်ပေးနေပြီး အသက် ၉၀ ကျော်မိခင်နဲ့ အတူနေထိုင်ကာ အနေအေးသူဖြစ်တယ်”လို့…
Read Moreမြောင် ပရိမ္မကားလမ်းအနီးမှာ မိုင်းပေါက်ကွဲလို့ ရဲအုပ် ၁ ယောက်သေ
နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်းအတွင်းက မြောင်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ချောင်းဦး တွင်းကြီး ပရိမ္မ မြောင် ကားလမ်နဲ့ မုံရွာ မန္တလေး မြောင် စတဲ့ ပင်မ ကားလမ်းတွေမှာ မိုင်းအန္တရာယ်တွေရှိတဲ့အတွက် သွားလားခြင်း မပြုလုပ်ဖို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတိပေး ရေးသားထားတာတွေ ထွက်ပေါ်လာပြီးနောက် မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မြောင်မြို့နယ် ၊နဘတ်ကြီးကျေးရွာနဲ့ ဆွဲလွဲအိုကျေးရွာအကြား မြောင် ပရိမ္မ ကားလမ်းအနီး ယာခင်းထဲမှာ မနေ့ နိုဝင်ဘာ ၂၅ ညနေပိုင်းက မိုင်းပေါက်ကွဲလို့ ရဲအုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။ ” ခန္ဓာကိုယ်ရဲ့ လက်ယာဘက်ခြမ်းက နံကြားမှာ မိုင်းစထိမှန်ပြီး သေဆုံးသွားခဲ့တာပါ ၊ အဲ့ဒီ…
Read Moreအမျိုးသားစီးပွားရေးပြယုဂ် ဈေးချိုတော်….
ဆူးငှက် မန္တလေးနဲ့ပတ်သက်ပြီး ချစ်ခင်ကြတာ ဂုဏ်ယူကြတဲ့နေရာမှာ မန္တလေးဈေးချိုတော်ရဲ့ ရပ်တည်မှုဆိုတဲ့ အပိုင်းကဏ္ဍကလည်း အဓိကကျတဲ့ အချက်ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ‘ဈေးချိုတော်’ဟာ မန္တလေးရဲ့ အသည်းနှလုံးဖြစ်ခဲ့တာပါ။ မန္တလေးရဲ့အမျိုးသားရေးဆိုင်ရာရေချိန်ဟာ ဈေးချိုရဲ့ပြဒါးတိုင်ပါပဲ။ ဒီပြဒါးတိုင်ဟာ ‘စီးပွားရေး’ ပြယုဂ် တစ်ခုတင်မှ မဟုတ်ဘဲ…။ အဓိက ပင်စည်က ‘နိုင်ငံရေး’ပဲဖြစ်ပါတယ်။ မန္တလေးရတနာပုံမ်နေပြည်တော် စတင်တည်ထောင်စဉ် မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ မင်းနေပြည်တော်ဖြစ်လေတော့ အဆောက်အဦးတိုင်းလိုလိုဟာ သစ်၊ ဝါးတွေကိုပဲ အသုံးပြုခဲ့ကြတယ်။ ဒီတော့ မူလမြို့တည် ပန္နက်မှာကတည်းက ပါခဲ့တဲ့ ‘ဈေးကြိုတော်’(ဈေးချိုတော်)ရဲ့ အဆောက်အဦးတွေကလည်း သစ်၊ ဝါး အသုံးပြုတဲ့ ဈေးရုံအဆောက်အဦတွေပါပဲ။ ပူပြင်းခြောက်သွေ့ မိုးနည်းရေရှားရပ်ဝန်းမို့ မီးဘေးအကြိမ်ကြိမ် သင့်မှုကို ဈေးချိုတော်ဟာ တစ်လျှောက်လုံးခံစားခဲ့ရပေမယ့် ပြာပုံထဲက အကြိမ်ကြိမ် ရုန်းထခဲ့တာကလည်း အားမာန်တစ်ခုပါ။ ၁၂၃၆ခု၊ ကဆုန်လပြည့်ကျော် ၃ရက်နေ့မှာ မန်ကျည်းပင်ဈေးအရပ်ကျလာင်တဲ့မီးက ဈေးချိုကို ဝါးမျိုသွားခဲ့တယ်။ ဒါကြောင့် ၁၂၃၈ခုနှစ်၊…
Read Moreဆွီဒင်ရဲ့ ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ် ခန့်အပ်ခံရပြီး နာရီပိုင်းအတွင်း နုတ်ထွက်
စတော့ဟုမ်း၊ နို၀င်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM) ဆွီဒင်နိုင်ငံတွင် ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ်သစ် မက်ဒါလီနာအန်ဒါဆန် ရာထူးခန့်အပ်ခံရပြီး နာရီအနည်းငယ်အကြာတွင် ရာထူးမှနှုတ်ထွက်လိုက်ပါတယ်။ နှစ်ပါတီပါ၀င်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့မှ ဂရင်းပါတီ နုတ်ထွက်ပြီးနောက် ဆိုရှယ်ဒီမိုကရက်ပါတီရဲ့၀န်ကြီးချုပ် အန်ဒါဆန်ကရာထူးမှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ တပါတီက နုတ်ထွက်ရင် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျင့်ထုံးရှိတယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ဆိုပါတယ်။ အန်ဒါဆန်ကို ၀န်ကြီးချုပ်ခန့်အပ်ခံရပြီးနောက် သူတင်သွင်းတဲ့ ဘဏ္ဍာရေးဆိုင်ရာဥပဒေမူကြမ်းကို လွှတ်တော်က ပယ်ချလိုက်သောကြောင့် ဂရင်းပါတီက ညွှန်ပေါင်းအစိုးရမှ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။ အန်ဒါဆန်ဟာ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူတဲ့အချိန်ဟာ အလွန်တိုတောင်းပေမယ့် ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး၀န်ကြီးချုပ်အဖြစ် သတ်မှတ်ခံရပြီး သူမနှုတ်ထွက်ဘူးဆိုရင် မနက်ဖြန် နိုင်၀င်ဘာ ၂၆ ရက်မှာ တာ၀န်တွေ စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ Ref: AFP Photo:Reuters #voiceofmyanmar #VOM #စတော့ဟုမ်း
Read Moreထိုင်းနယ်စပ်မှာ မြန်မာလုပ်သား ၁၈၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ
ဘန်ကောက်၊ နို၀င်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈၄ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င်တွေက နို၀င်ဘာ ၂၄ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ အလုပ်အကိုင်ရှာဖွေဖို့အတွက် တောလမ်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာသူတွေ မြင့်တက်နေတာကြောင့် အဲဒီဒေသမှာ လုံခြုံရေးတိုးမြင့်လုပ်ဆောင်ဖို့ ထိုင်းတာ၀န်ရှိသူတွေက ယခုလအစောပိုင်းကတည်းက ညွှန်ကြားထားပါတယ်။ ယခုဖမ်းဆီးမိခဲ့သူတွေထဲမှာ အမျိုးသာ ၁၁၁ ဦးနဲ့ အမျိုးသမီး ၇၃ ဦးတို့ပါ၀င်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ တာ၀န်ရှိသူတွေရဲ့ဖမ်းဆီးတာကို ရှောင်ရှားဖို့အတွက် ညပိုင်းမှာ Chong Khaeb ဒေသရှိ တောလမ်းကတဆင့် ခြေလျင်၀င်ရောက်လာတာလို့ မြန်မာတဦးကပြောပါတယ်။ သူတို့ကို ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့အာမခံထားတဲ့ အေဂျင်စီတခုကို တစ်ယောက် ဘတ်နှစ်သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ မြန်မာတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပြီး ကွာရန်တင်းထားရှိကာ…
Read Moreမန္တလေးမြို့ ရုံးပေါင်းစုံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့
နိုဝင်ဘာ ၂၅-၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၆၈လမ်းနဲ့လမ်း၇၀ကြား၊ ရုံးပေါင်းစုံဝင်းအတွင်းက အများသုံးသန့်စင်ခန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရှေ့နေတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သ်ိရပါတယ်။ သတင်းရင်းမြစ်တဦးကတော့ ” ရုံးပေါင်းစုံဝင်းထဲက အိမ်သာနားရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေပေါက်ကွဲတာ၊ ရိမုမိုင်းလို့ ကနဦးသိရပါတယ်၊ တခြားတော့ ပြောလို့မရသေးဘူး”လို့ ပြောပါတယ်။ ပေါက်ကွဲမှုမှာ ရှေ့နေ(၂)ဦးဒဏ်ရာရပြီး ဆိုင်ကယ်(၂)စီးပျက်စီးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရှိရပြီး လက်တလောVOMရဲ့စုံစမ်းချက်မှာတော့ ဒဏ်ရာရသူ(၂)ဦးထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ဒီကနေ့ပေါက်ကွဲမှုဖြစ်တဲ့ ရုံးပေါင်းစုံဝင်းရှေ့မှာ လက်လုပ်မိုင်းလာရောက်ပစ်ခတ်ခဲ့ပေမယ့် မပေါက်ကွဲတဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရုံးပေါင်းစုံဝင်း #ပေါက်ကွဲမှု
Read Moreကိုဗစ်ကပ်ရောဂါ
ကိုဗစ်ကပ်ရောဂါကို ပေါ့ဆမိရင် အသက်အန္တရာယ်ပါ ကြုံရနိုင်တာမို့ အထူးသတိထားကာကွယ်ပါ။ ကာတွန်း မိုးသွင် #voiceofmyanmar #VOM #ကိုဗစ်
Read Moreကုမ္ပဏီ၊အဖွဲ့အစည်း အမည်နဲ့ သီးခြားငွေစာရင်းဖွင့်ပြီး ငွေကြေးဆိုင်ရာဆောင်ရွက်ဖို့အသိပေး
နိုဝင်ဘာ ၂၃-၂၀၂၁ GH ( VOM ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းအားလုံး ကုမ္ပဏီ၊အဖွဲ့အစည်း အမည်နဲ့ သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးစာထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ အချို့သော ကုမ္ပဏီနဲ့အဖွဲ့အစည်းတွေက ငွေကြေးဆိုင်ရာကိစ္စကို ဘဏ်မှာ သီးခြားငွေစာရင်းဖွင့် လှစ်ဆောင်ရွက်ခြင်း မရှိဘဲ ဒါရိုက်တာတွေရဲ့ဘဏ်ငွေစာရင်းကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေတာကြောင့် အခုလို အသိပေးစာထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။ ” အကိုတို့က ကုမ္ပဏီတွေ အကုန်စတည်ကတည်းက ကုမ္ပဏီအကောင့်ပဲ သီးခြားဖွင့်ထားတယ်။အဓိကကတော့ ပါစင်နယ်ကိစ္စနဲ့ ကုမ္ပဏီကိစ္စ ရောထွေးလို့မရအောင်ပေါ့။ တချိူ့က ဒါကိုရောချပြီး ငွေသားပိုထုတ်ချင်တာဘာညာရှိတယ်။ ” လို့ ရန်ကုန်မြို့က ကုမ္ပဏီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ…
Read Moreကျူးကျော်တဲထဲက ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ
အေးချမ်းသူ(VOM) မြောက်ဥက္ကလာ ၂ ရပ်ကွက် အာသာဝတီလမ်းမကြီးဟာ နေပူချိန်ကြောင့် လမ်းသွားလမ်းလာတွေ ရှင်းလင်းနေပေမယ့် လူတစ်ဦးကတော့ ဆာလာအိတ်နဲ့ ရေသန့်ဗူးတွေ အချိုရည်ဗူးတွေကောက်ရင်း အလုပ်ရှုပ်လို့နေပါတယ်။ အမှိုက်ကောက်နေသူမှာ အသက်အရွယ်အားဖြင့် ၆၀ ကျော်ရှိပြီး နေလောင်ဒဏ်ကြောင့် မျက်နှာမှာအဆီပြန်နေသလို ဝတ်ထားတဲ့အင်္ကျီမှာ ကြယ်သီးတစ်လုံးမှမရှိတာကြောင့် ရင်ဘတ်မှာ ပွင့်လျက်သားဖြစ်နေပါတယ်။ အာသာဝတီလမ်းတလျှောက်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေးဝဲယာတလျှောက်က လူတကာစွန့်ပစ်ထားတဲ့ ရေသန့်ဗူးခွံတွေ၊ အချိုရည်ဗူးခွံတွေကောက်ရင်း ဆာလဆာအိတ်နှစ်လုံးနီးပါးပြည့်သွားတဲ့အခါ အမှိုက်ကောက်သူဟာ မေတ္တာလမ်းထဲကို လမ်းလျှော က်သွားပါတယ်။ လမ်းရဲ့အဆုံးမှာတော့ ကျူးကျော်အိမ်ကလေးတွေစုပြုံနေပြီး အဝတ်လျှော်သူတွေ ထမင်းစားနေသူတွေနဲ့ ရေခပ်သူနေသူတွေနဲ့ပြည့်နှက်လို့နေပါတယ်။ အမှိုက်ကောက်သူအဘိုးအိုဟာ ကျူးကျော်တွေနေထိုင်ရာ လမ်းကြားလေးကနေ လမ်းလျှောက်သွားတဲ့အဆုံးမှာတော့ ၁၀ပေပတ်လည်အိမ်လေးရှေ့မှာ သူရဲ့ပုခုံးမှာလွယ်ထားတဲ့ ဆာလအိတ်နှစ်လုံးကိုချပြီး အိမ်ပေါ်ကိုတက်သွားပါတယ်။ အိမ်မှာမီးမရှိတာကြောင့် မှောင်မဲနေပြီး အခန်းမှာလည်း အဝတ်အစားတွေ၊ အိုးခွက်ပန်းကန်တွေနဲ့အတူ ရှုပ်ပွနေကာ ခေါင်းရင်းဘက်မှာတော့ အသက်ခုနှစ်ဆယ်နီးပါးရှိပြီဖြစ်တဲ့…
Read More