ဘူးဂေးရီးယားမှာ ဘတ်စ်ကားမီးလောင်မှု ကလေးငယ်တွေအပါအ၀င် လူ ၄၅ ဦးသေဆုံး

ဆိုဖီယာ၊ နို၀င်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM)   ဘူဂေးရီးယားနိုင်ငံ အနောက်ပိုင်းရှိ ကားလမ်းတစ်ခုပေါ်မှာ ဘတ်စ်ကားတစ်စင်းမီးလောင်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအ၀င် လူ ၄၅ ဦးသေဆုံးသွားတယ်လို့ ဒေသဆိုင်ရာတာ၀န်ရှိသူတွေက နို၀င်ဘာ ၂၂ ရက်မှာ ပြောပါတယ်။   အဲဒီမတော်တဆမှုဟာ ဘော့စ်နက်ကျေးရွာအနီးမှာ ဒေသစံတော်ချိန်နေ့လယ် နှစ်နာရီက ဖြစ်ပွားခဲ့တာလို့ ဘူလ်ဂေးရီးယားပြည်ထဲရေး၀န်ကြီးကပြောပါတယ်။   သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါ၀င်ပြီး လူခုနှစ်ဦးကို ကယ်တင်နိုင်ခဲ့တေယ်လို့ ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကိုလိုင်နီကိုလော့ဗ်က ပြောပါတယ်။   အဲဒီဘတ်စ်ကားသည် တူရကီမှ မြောက်မက်ဆီဒိုးနီးယားသို့ သွားရောက်တယ်လို့ ယုံကြည်ရပြီး အခင်းဖြစ်ရာနေရာကို လက်ရှိမှာ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။   ဘတ်စ်ကားမီးလောင်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိမှာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။   ဘတ်စ်ကားမတော်တဆမှုနဲ့ပတ်သက်ပြီး မြောက်မက်ဆီဒိုးနီးယား၀န်ကြီးချုပ်နဲ့ ဘူဂေးရီးယား၀န်ကြီးချုပ်တို့ဟာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   Ref: BBC Photo:AFP…

Read More

မကွေးတိုင်း စလင်းမြို့မစျေးမီးလောင်မှု ဆိုင်ခန်း တရာကျော်ဆုံးရှုံး

နိုဝင်ဘာ ၂၃၊ ၂၀၂၁ KK(VOM)   မကွေးတိုင်းဒေသကြီး၊ စလင်းမြိုနယ် မြို့မစျေးကြီး ဒီကနေ့ည ၆နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း တရာကျော်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။   စလင်းမြို့မစျေးကြီးမီးလောင်မှုကို မီးသတ်ဦးစီးဌာနက ၆နာရီ၂၅ မီနစ်တွင် သတင်းရရရှိပြီးနောက် စလင်း၊ဆင်ဖြူကျွန်း၊မင်းဘူး၊ ပွင့်ဖြူမြို့နယ်များမှ မီးသတ်ယာဥ် ၁၂ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရာ ၇နာရီ ၃၅ မီနစ်မှာ မီးထိန်းနိူင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။   စလင်းမြို့မစျေးကြီးမှာ ဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိပြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း တစ်ရာကျော် ဆုံးရှုံးခဲ့တယ်လို့ သူကပြောပါတယ်။   လက်တလောမှာ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအကြောင်းအရင်းကိုစုံစမ်းနေပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတယ်လို့လည်း သိရပါတယ်။   ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉နာရီကလည်း နတ်မောက်မြို့နယ်…

Read More

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်‌ပေါ်နေတဲ့ ကလေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေနဲ့ဈေးသည်တွေ အခက်အခဲများစွာကြုံတွေ့နေ

နိုဝင်ဘာ ၂၄-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးတဲ့တောင်သူတွေ အများအပြားရှိနေသလို မြို့ပေါ်ဈေးတွေနဲ့ ကျေးရွာတွေအထိ လိုက်လံရောင်းချနေတဲ့ ဈေးသည်တွေလည်း အများအပြားရှိနေပါတယ်။ လက်ရှိမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး စစ်ကိုင်းတိုင်းအတွင်းမှာရှိနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ချေမှုန်းဖို့ စစ်တပ်ကအနော်ရထာစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နေကြောင့် ကလေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေဟာ အမြဲတမ်းလိုလို စစ်ဘေးရှောင်‌နေရတာ‌ကြောင့် ရာသီပေါ်သီးနှံတွေ ပုံမှန်စိုက်ပျိုးနိုင်ခြင်းမရှိကြဘူးလို့ တောင်သူတဦးကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအသွားအလာအခက်အခဲတွေ‌ကြောင့် ‌ကျေးရွာအနှံ့လိုက်လံဈေးရောင်းချနေတဲ့ ဈေးသည်တွေမှာလည်း ဈေးရောင်းတဲ့နေရာမှာ အခက်အခဲတွေရှိနေပြီး ရေရှည်မှာဆိုရင် စားဝတ်နေရေးအတွက် အငတ်ဘေးကြုံလာနိုင်တယ်လို့ ဈေးသည်တဦးကဆိုပါတယ်။ ဒါကြောင့် ဒီဒေသက တောင်သူတွေရော ဈေးသည်တွေကပါ နိုင်ငံရေးအကျပ်အတည်းတွေ အမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ကိုမျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကလေး #တိုက်ပွဲ #စိုက်ပျိုးတောင်သူ #ဈေးသည်…

Read More

တောင်ကိုရီးယား စစ်အာဏာရှင်သမ္မတဟောင်း ချန်ဒူး၀မ် ကွယ်လွန်

ဆိုးလ်၊ နို၀င်ဘာ-၂၃ မျိုးဆက်(VOM)   တောင်ကိုရီးယားစစ်အာဏာရှင်သမ္မတဟောင်း ချန်ဒူး၀မ် အသက် ၉၀ နှစ်ဟာ နို၀င်ဘာ ၂၃ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ ရိုးတွင်းချဉ်ဆီကင်ဆာရောဂါနဲ့ ဆိုးမြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။   သူဟာ သမ္မတဟောင်း ပတ်ချုံဟီး လုပ်ကြံခံရပြီးနောက် ၁၉၇၉ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး အတိုက်အခံတွေကို အကြီးအကျယ်နှိမ်နှင်းခဲ့သူဖြစ်ပါတယ်။   ၁၉၉၈ ခုနှစ်မှာ ရာထူးမှဆင်းပေးခဲ့ရတဲ့ လူထုအုံကြွမှုမတိုင်မီတွင် အတိုက်အခံများကို အကြီးအကျယ် ဖိနှိပ်ဖြိုခွင်းခဲ့သူဖြစ်ပြီး ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။   စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ချန်ဒူး၀မ်ဟာ ၁၉၈၀ ခုနှစ်မှာ သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဂွမ်ဂျူးမြို့ ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒပြပွဲမှာ လူအများအပြားကို သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။   အဲဒီဖြစ်စဉ်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ၂၀၀…

Read More

အာဆီယံနိုင်ငံတွေကို ကြီးစိုးအနိုင်ကျင့်တာ မလုပ်ဘူးလို့ တရုတ်သမ္မတပြော

ပေကျင်း၊ နို၀င်ဘာ-၂၂-၂၀၂၁ မျိုးဆက်(VOM)   တရုတ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ကြီးစိုးအနိုင်ကျင့်တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတရှီကျင်းပင်က နို၀င်ဘာ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့တို့အကြား ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံ-တရုတ်ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းကတဆင့်ကျင်းပရာမှ တရုတ်သမ္မတက ခုလိုက်ပြောကြားလိုက်ပါတယ်ဖြစ်ပါတယ်။   လက်ရှိမှာတော့ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုအရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား တင်းမာမှုတွေရှိနေပါတယ်။   တရုတ်နိုင်ငံအနေနဲ့ အဓမ္မကြီးစိုးရေးဝါဒနဲ့ နိုင်ငံရေးသြဇာအသုံးချတာတွကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနီးမှုကို ထိန်းသိမ်းပြီး ဒေသတွင်းမှာ အနိုင်ကျင့်တာမျိုးတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတကဆိုပါတယ်။   အဲဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့ သံသတမန်သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်။   ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံဘက်က နစကဥက္ကဌကို အာဆီယံအဖွဲ့က အစည်းအဝေးဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။  …

Read More

သတင်းဌာန ၅ ခုရဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ဝန်ဆောင်မှုမပေးဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေကိုအသိပေးစာထုတ်

နိုဝင်ဘာ ၂၃-၂၀၂၁ GH ( VOM )   ဟိုတယ်၊ တည်းခိုခန်းတွေအနေနဲ့ မဇ္ဈိမ၊ DVB ၊ ခေတ်သစ်မီဒီယာ၊Myanmar Now နဲ့ 7 Day သတင်းဌာန ၅ ခုရဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုပေးတာမျိုးတွေ မလုပ်ဖို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက မနေ့ နိုဝင်ဘာ၂၂ ရက်နေ့မှာ အသိပေးစာထုတ်ပြန်လိုက်ပါတယ်။   ” သူတို့ဘယ်ဟိုတယ်တွေမှာ တွေ့လဲတော့ မသိပါဘူး။ကျနော်တို့ဆီတော့ သူတို့ပြောတဲ့လိုင်း တခုမှမရှိဘူး။ အရင်ကတော့ DVB နဲ့ Mizzima ထည့်တယ်။ အခုနောက်ပိုင်း မရှိတော့ပါဘူး။ နောက် မြန်မာနောင်းတို့ဘာတို့က အွန်လိုင်းပဲရှိတာမလား၊ရုပ်သံလိုင်းမရှိသေးဘူးထင်တယ် “လို့ ဟိုတယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။   အဲ့ဒီ သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခြင်းလုပ်ငန်းအသီးသီး ပိတ်သိမ်းထားပြီး မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ပြသခြင်းမပြုဖို့…

Read More

ဖမ်းဆီးခံ သတင်းသမားတွေကို လွတ်မြာက်ခွင့်ပေးပါ

နိုဝင်ဘာ-၂၃-၂၀၂၁ GH ( VOM )   မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေနောက်က နစက အာဏာယူပြီးချိန်ကစလို့ ခုချိန်ထိဖမ်းဆီးခံထားရတဲ့ ပြည်တွင်းသတင်းထောက် ၄၀ နီးပါး ရှိနေဆဲဖြစ်ပါတယ်။   ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ၅၀၅ -ကနဲ့ တရားစွဲဆိုခံထားရသူတွေရှိသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ပါစွဲဆိုခံထားရသူတွေရှိနေပါတယ်။   အထက်ပါ ဥပဒေပုဒ်မ၂ခုအပါမဝင် ပုဒ်မပေါင်း ၅ ခုနဲ့စွဲဆိုခံထားရတဲ့ အမေရိကန်သတင်းသမားDanny Fenster ကိုတော့ ထောင် ၁၁ နှစ်ချမှတ်ပြီးမှ နိုဝငင်ဘာလ ၁၅ ရက်နေ့က ပြည်နှင်ဒဏ်ပေးကာ လွှတ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ဖမ်းဆီးခံပြည်တွင်းသတင်းထောက်တွေကိုလည်း သေချာစစ်ဆေးပြီး နိုင်ငံခြားသတင်းထောက်တွေနည်းတူ ပြန်လွှတ်ပေးသင့်တယ်လို့ ရှေ့နေအသိုင်းဝိုင်းနဲ့ သ တင်းသမားအသိုင်းအဝိုင်းကပြောဆိုကြပါတယ်။   “သူက တရားစွဲဆိုတဲ့အမှုတိုင်းမှာသူမလုပ်တော့တဲ့သတင်းဌာနကအယ်ဒီတာပါဆိုပြီးစွဲတာ။အဲ့တော့သတင်းဌာနကလုပ်တဲ့ဟာမှန်သမျှသည် သူ့မှာတာဝန်ရှိတယ်ဆိုပြီးဖမ်းတာ။ဒီဟာသည်အစောကြီးထဲကမဖမ်းသင့်တဲ့ကိစ္စ၊ဖမ်းဆီးစစ်ဆေးဆဲကာလမှာတင် အဖြေတခုထွက်ပြီးပြန်လွတ်ပေးရမှာ။ပြောရမယ်ဆိုရင် အနည်းဆုံး ၅လ အချုပ်ခံလိုက်ရတာသူ့အတွက်တော်တော်နာသွားတယ်။သူမလုပ်တဲ့သတင်းကိစ္စတွေအတွက်သူ့ကိုဖမ်းတာ။ကျန်တဲ့သူတွေ သတင်းထောက်တွေဖမ်းထားတာ ရှိတယ်လို့လည်းသိရတယ်၊သို့သော် ဒီလူတွေလည်း…

Read More

မုံရွာထောင်မှာ ၁ နှစ်ကျော်ကြာ ဖမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၆ ဦးကို ပြည်နှင်ဒဏ်ပေး

နိုင်ဝင်ဘာ ၊ ၂၃ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ အကျဥ်းထောင်မှာ ၁ နှစ်ကျော်ကြာ အကျဥ်းခံနေရတဲ့ မဏိပူရ် ပြည်သူ့ လွတ်မြောက်ရေး တပ်က ဗိုလ်ကြီး ၁ ဦး အပါအဝင် အိန္ဒိယနိုင်ငံ မဏိပူရ် (ကသည်း)လူမျိုး ၆ ယောက်ကို ဒီကနေ့မှာ ပြည်နှင်ဒဏ်ပေးဖို့ ပြင်ဆင်နေတယ်လို့ မုံရွာ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။   ” ဗိုလ်ကြီး နော်ရာ ခေါ် Devanl အပါအဝင် သူတို့ ၆ ယောက်စလုံးက မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ် မဏိပူရ်ပြည်နယ် ပြည်သူ့ လွတ်မြောက်ရေးတပ် ( People Liberation Army –…

Read More

မြောက်ဒဂုံက တန်ဖိုးနည်း ‘ဝိုင်းခြုံမ’အကြော်ဆိုင်

အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းထဲမှာ ကားကြီးကားငယ်မျိုးစုံအောင် စီတန်းလို့နေပါတယ်။ ကားပေါ်မှာ စောင့်နေသူတွေ၊ ကားအောက်ဆင်းကာ စောင့်သူတွေနဲ့စည်းကားနေပါတယ်။စောင့်ဆိုင်းနေတဲ့သူအများစုမှာ မြန်မာ့ရိုးရာအကြော်မျိုးစုံကို လာရောက်ဝယ်ယူကြတာဖြစ်ပါတယ်။ မြေကြီးကိုအခြေစိုက်ပြီး တာပေါ်လင်မိုးထားတဲ့ အကြော်တဲအတွင်းမှာလည်း အမျိုးသမီသုံးဦးဟာ အကြော်မျိုးစုံကို လက်မလည်အောင် ချွေးသံတစ်ရွဲရွဲနဲ့ကြော်နေပါတယ်။ အကြော်တဲရဲ့အရှေမှာတော့ လာရောက်ဝယ်ယူသူတွေနဲ့ ထိုင်ပြီးစားသောက်လို့ရအောင် ၁၀ပေ အခန်းလေးကို စီစဥ်ထားပြန်ပါတယ်။ အကြော်တဲရဲ့အပေါ်မှာတော့ “ဝိုင်းခြုံမ “ဆိုတဲ့ ဆိုင်နာမည်ကို မြန်မာဆန်ဆန် သစ်သားနဲ့ထွင်းထုထားပြီး ချိတ်ဆွဲထားပါတယ်။ “ဝိုင်းခြုံမ “ဆိုတဲ့ အကြော်ဆိုင်ကို ဦးစီးဦးဆောင်သူမှာ အသက် ၂၀ သာရှိသေးတဲ့ မရွန်းလဲ့ဝေဖြစ်ပြီး မကွေးတိုင်း၊ ချောက်မြို့နယ်က အညာသူမိန်းမပျိုလေးတဦးပဲဖြစ်ပါတယ်။ “ဝိုင်းခြုံမဆိုတာ ငယ်ငယ်က ညီမနာမည်လေ အညာဘက်မှာ ဝိုင်းကြီးအကျယ်ကြီးတွေထဲမှာ စုနေကြတယ်၊ အဲ့ဒီ တမျိုးလုံးထဲမှာ ညီမတစ်ယောက်ထဲရှိတော့ အကုန်လုံးက ခြုံပြီးချစ်ရတဲ့အတွက်ကြောင့် ဝိုင်းခြုံမဆိုပြီးခေါ်ကြတာ၊ ဆိုင်နာမည်ပေးတော့ ဗေဒင်တွေဘာ တွေ…

Read More

တရားမင်၍ ပုဂ္ဂိုလ်ခင်

(လူထုဒေါ်အမာ ၁၀၆နှစ်ပြည့် မွေးနေ့ဂါရဝ) ———————————————— ဆူးငှက် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့်မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာ အေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်းပြောဆိုကြရင်း ပီတိတွေဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော် မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက်မှ ရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး) ကတော့ တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့် လမ်းကြုံသော စာရေးဆရာ…

Read More
VOM News

FREE
VIEW