နိုဝင်ဘာ ၁၂-၂၀၂၁ KK(VOM) ရေးမြို့နယ်၊ နှစ်ကရင်လမ်းဝမှာ မနေ့ နိုဝင်ဘာ ၁၁ရက် ညနေ ၃နာရီခွဲက Light Truk ကားတစ်စီးကို သစ်လုံးတင်ယာဥ်မှ ဖြတ်တိုက်ခဲ့ရာ ၇ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုရေးအသင်းတွေဆီက သိရပါတယ်။ ရန်ကုန်ကနေ ကထိန်ခင်းပြီး ထားဝယ်ကိုပြန်လာတဲ့ Light Trukကားကို သစ်လုံးတင်လာတဲ့ကားမှ ရေး-သံဖြူဇရပ်လမ်း နှစ်ကရင်လမ်းဝမှာ ခါးအလယ်ကဖြတ်တိုက်ခဲ့တာဖြစ်တယ်လို့ လမိုင်းလူငယ်ပရဟိတအဖွဲ့က တာဝန်ရှိသူတဦးက VOMကို ပြောပါတယ်။ “ကြားရတာကတော့ ခါးအလယ်ကနေ သစ်လုံးတင်တဲ့ယာဥ်က ဖြတ်တိုက်လိုက်တယ်လို့ ကြားတယ်၊ ၇ဦးသေတယ် ၆ဦး ဒဏ်ရာရတယ်၊ ကလေးနှစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး”လို့ သူကရှင်းပြပါတယ်။ ကားတိုက်မှုဖြစ်ရာကို လမိုင်းပရဟိတလူငယ်များအဖွဲ့ ၊ရွှေဟင်္သာလူမှုကူညီရေးအသင်း ၊လမိုင်းနာရေးကူညီမှုအသင်း၊အောင်မင်္ဂလာလူငယ် (ရေးမြို့)၊စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) တို့မှ ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။…
Read MoreYear: 2021
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုမှာ ဦးဖြိုးမင်းသိန်းရဲ့ဇနီးဖြစ်သူ သက်သေလာထွက်ဆို
နိုဝင်ဘာ ၁၂-၂၀၂၁ KT(VOM) နေပြည်တော်အထူးတရားရုံးမှာ ဒီကနေ့မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က သက်သေလာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူတယ်ဆိုပြီး အဂတိလိုက်စားမှုပုဒ်မနဲ့ တရားစွဲဆိုတာကို ဒေါ်ခင်မိမိကြွယ်က အခုလို သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Photo- Crd #voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည် #အဂတ်ိအမှု #ဒေါ်ခင်မိမိကြွယ် #သက်သေထွက်
Read Moreအရာတော်မြို့နယ်က အိမ်တလုံးထဲမှာ မိသားစုလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေ တွေ့ရ
နိုဝင်ဘာ ၊ ၁၂ -၂၀၂၁ Voice Of Myanmar (VOM) စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရှောက္ခားကျေးရွာက လူနေအိမ်တလုံးထဲမှာ မနေ့ နိုဝင်ဘာ ၁၁ နေ့လယ်ပိုင်းက သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒေသခံရွာသားတွေက တွေ့ခဲ့ရတယ်လို့ ပြောပါတယ် ။ ” အလောင်းတွေ တွေ့ရတဲ့အိမ်က ဦးထွန်းရွှေရဲ့ အိမ်၊ အိမ်ထဲမှာက ၃ လောင်း ၊ သုံးဘီး ဆိုင်ကယ်အောက်က ၁ လောင်း ၊ အားလုံး ၄ လောင်းဖြစ်တယ် “လို့ ရှောက္ခားနယ်ခံတယောက်ကပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ စုံစမ်းသိရတာက အိမ်ရှင် ဦးထွန်းရွှေ အသက် ၄၅ နှစ် ၊ သူ့ရဲ့သားဖြစ်သူ ကိုအောင်နိုင် အသက် ၂၆ ဝန်းကျင် ၊…
Read MoreNLDရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထောင်ဒဏ် ၁၁နှစ်ချမှတ်
ရန်ကုန်၊နိုဝင်ဘာ ၁၂၊၂၀၂၁ KK(VOM) တနလ်ာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မနေ့က ထားဝယ်အကျဥ်းထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းဦးမြင့်မောင် ကို ဖေဖော်ဝါရီ ၁ ရက်တွင်ဖမ်းဆီးခဲ့ပြီးနေအိမ်အကျယ်ချုပ်ထားရာကနေ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံဖမ်းဆီးသွားပြီး ၁၈ ရက်နေ့မှာ ထားဝယ်မြို့ရဲစခန်းမှာ ပုဒ်မ ၅၀၅ ( ခ )နဲ့အမှုဖွင့်စတင်ဖွင့်ခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တစ်ဦး က ပြောပါတယ်။ “အရင်ဆုံး ၅၀၅နဲ့ဖွင့်တယ် ပြီးတော့ ကိုဗစ်ဥပဒေနဲ့ဖွင့်တယ် နောက်တော့ ပုဒ်မ ၄၀၉နဲ့ ဖွင့်တယ် အဲ့အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁ နှစ်ချလိုက်တာ ဖြစ်မယ်”လို့ ပြောပါတယ်။ ထားဝယ်အကျဥ်းထောင် အထူးတရားရုံးမှာ ဝန်ကြီးချုပ်ဦးမြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ-၄၀၉ ဖြင့်ထောင်ဒဏ် ၇ နှစ် ၊…
Read Moreမန္တလေးနှင့် ဓာတ်ရှင်ရုံ
ဆူးငှက် ကျွန်တော်သည် ငယ်စဉ်က ဆိုင်းတန်းနေပြည်တော် အသံထွက်ဓာတ်ရှင်ရုံကြီးတွင် ရုပ်ရှင်ကြည့်ရသည့် အဖြစ်အပျက်အား သတိရလွမ်းဆွတ်နေသည်။ ထိုစဉ်က မန္တလေးတွင် ရုပ်ရှင်ရုံ(၉)ရုံရှိသည်။ လက်ဆည်ကန်က ဝင်းလိုက်ရုံ၊ သံလမ်းက တော်ဝင်ရုံ၊ တရုတ်တန်းက ရွှေနဂါးရုံ၊ ကျုံးထောင့်က မစိုးရိမ်ရုံ၊ ၈၁ လမ်းရေစင်ကြီးနားက မြို့မရုံ၊ ၈၃ လမ်း နေသူရိန်ဝင်းမြောက်ပေါက်က မြို့ဂုဏ်ရောင်ရုံ၊ ညောင်ပင်ဈေးက မျိုးမြင့်ရုံ၊ ဆိုင်တန်းက နေပြည်တော်ရုံ၊ ဒေးဝန်းက ရတနာပုံရုံတို့ဖြစ်၏။ ထိုရုံများအနက် ဝင်းလိုက်က အကောင်းဆုံး အခမ်းနားဆုံးဖြစ်သည်။ ရုံကသန့်ရှင်းသည်။ တည်ဆောက်ပုံကောင်းသည်။ ကျယ်ဝန်းသည်။ နိုင်ငံခြားဇာတ်ကား အများဆုံးပြသ၏။ မြို့လယ်ရုံများဖြစ်သောတော်ဝင်၊ ရွှေနဂါး၊ မြို့ဂုဏ်ရောင်၊ မြို့မတို့လည်း မဆိုးလှ။ မစိုးရိမ်ကလည်း တစ်ခါတစ်ရံ နိုင်ငံခြားကားများပြသ၏။ ရုံအနေအထားက ကျယ်ဝန်းသည်။ မျိုးမြင့်၊ ဆိုင်းတန်း၊ ရတနာပုံတို့ကား မြို့ပတ်ရုံများဖြစ်၏။ ထိုစဉ်က ရုပ်ရှင်ရုံများ၏ တန်းတူအရည်အချင်းတစ်ခုမှာ ပိုးသတ်ဆေးစော်နံခြင်းနှင့် ကြမ်းပိုးကိုက်ခြင်းတို့ဖြစ်သည်။…
Read Moreဒေလီမြို့ရဲ့ လေထုအရည်အသွေး အန္တရာယ်ရှိတဲ့အဆင့် ရောက်ရှိနေ
ဒေလီ၊ နို၀င်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ဒေလီမြို့ရဲ့ လေထုအရည်အသွေးဟာ ဒီပါ၀လီပွဲတော်ပြီးနောက် အန္တရာယ်ရှိတဲ့အဆင့်ထိ ညစ်ညမ်းနေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ တားမြစ်ပိတ်ပင်ထားပေမယ့်လည်း ပွဲတော်ကာလအတွင်း မီးရှူးမီးပန်းတွေပစ်ဖောက်မှုကြောင့် လေထုညစ်ညမ်းမှုဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေက ထုတ်လုပ်တဲ့မီးခိုးတွေ၊ ဖုန်မှုန့်နဲ့ ရာသီဥတုပုံစံတွေကြောင့် ဒေလီမြို့ဟာ ကမ္ဘာ့ပေါ်မှာ လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီကာလအတွင်း အနီးနားရှိပြည်နယ်တွေက လယ်သမားတွေဟာ လယ်မြေတွေကို မီးရှို့မှုတွေလုပ်တာကြောင့်လည်း လေထုညစ်ညမ်းမှုဖြစ်ပွားလေ့ရှိပါတယ်။ တချိန်တည်းမှာဘဲ လေတိုက်နှုန်းနိမ့်ပါးတဲ့အချိန် ဒီပါ၀လီပွဲတော်ကာလမှာ မီးရှူးမီးပန်းဖောက်တာတွေကြောင့် လေထုအောက်ပိုင်းမှာ မီးခိုးတွေပိတ်မိနေတတ်ပါတယ်။ ဒီနှစ်မှာတော့ လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချဖို့အတွက် အစိုးရဟာ မီးရှူးမီးပန်းရောင်းချတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပေမယ့် ဒေသခံတွေကို ထိရောက်စွာမဟန့်တားနိုင်ခဲ့ပါဘူး။ Ref: BBC Photo:ANI #voiceofmyanmar #VOM #ဒေလီ
Read MorePfizer ရဲ့ ကိုဗစ်သောက်ဆေး ရောဂါကြောင့်သေဆုံးမှုကို ၈၉ ရာခိုင်နှုန်းလျှော့ချနိုင်
၀ါရှင်တန်၊ နို၀င်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM) အမေရိကန်ဆေးကုမ္ပဏီ Pfizer မှထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ရောဂါကုသဆေးတစ်မျိုးဟာ ရောဂါကြောင့် ဆေးရုံတက်ရခြင်းသို့မဟုတ် သေဆုံးခြင်းကို ၈၉ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ လက်တွေ့စမ်းသပ်မှုရလဒ်တွေကို ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ Paxlovid လို့ခေါ်တဲ့ အဲဒီသောက်ဆေးဟာပြင်းထန်တဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ ရောဂါလက္ခဏာပြသပြီးနောက် များမကြာမီမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Merck Sharp နဲ့ Dohme ကုမ္ပဏီတို့မှ ပူးတွဲထုတ်လုပ်တဲ့ အလားတူသောက်ဆေးတစ်မျိုးကို ဗြိတိန်တာ၀န်ရှိသူတွေက ခွင့်ပြုလိုက်ပြီးနောက်တစ်ရက်အကြာမှာ Pfizer ကုမ္ပဏီကလည်း သူ့ရဲ့ဆေးနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဗြိတိန်ဟာ Merck Sharp နဲ့ Dohme ကုမ္ပဏီတို့မှ ဆေး လေးသိန်းရှစ်သောင်းကို မှာယူထားပြီး ခွင့်ပြုချက်မပေးရသေးတဲ့ Pfizer ကထုတ်လုပ်တဲ့ ဆေနှစ်သိန်းငါးသောင်းကိုလည်း မှာယူထားပြီးဖြစ်ပါတယ်။ Pfizer ကနေထုတ်လုပ်လိုက်တဲ့ဆေးရဲ့ ရလဒ်တွေဟာ…
Read Moreအီသီယိုးပီးယားမြို့တော်ကို သူပုန်တွေချီတက်၊ အမေရိကန်တွေအမြန်ဆုံးထွက်ခွာဖို့ သံရုံးတိုက်တွန်း
အာဒစ်အဘာဘာ၊ နို၀င်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM) အီသီယိုးပီးယားနိုင်ငံ တိုက်ဂရေးဒေသမှာ သူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့၀င်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်မှုထမ်းဟောင်းတွေအနေနဲ့ စစ်တပ်ထဲပြန်၀င်ဖို့ အီသီယိုးပီးယားစစ်တပ်က တိုက်တွန်းလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဦးဆောင်တဲ့သူပုန်တပ်ဖွဲ့ဟာ မြို့တော်အာဒစ်အဘာဘာသို့ ချီတက်လာနေချိန်မှာဘဲ အခုလိုက်တိုက်တွန်းချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အီသီယိုးပီးယားနိုင်ငံမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။ ၀န်ကြီးချုပ် အာဘီယာအာမက်ရဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းဖို အစိုးရဆန့်ကျင်ရေးအဖွဲ့ ကိုးဖွဲ့က အစောပိုင်းမှာ မဟာမိတ်ဖွဲ့လိုက်ကြပါတယ်။ အပစ်အခတ်ရပ်တန့်ဖို့ နိုင်ငံတကာကတောင်းဆိုမှုတွေရှိနေပေမယ့်လည်း စစ်ပွဲကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ အီသီယိုးပီးယားအစိုးရကပြောပါတယ်။ တိုက်ဂရေးဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဒုတိယနှစ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့့အိမ်မဲ့ဖြစ်ကာ လေးသိန်းကျော် အငတ်ဘေးဆိုက်နေပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအစိုးရက နိုင်ငံအရေးပေါ်အခြေအနေကြေညာထားကာ ဒေသခံတွေအနေနဲ့မိမိတို့ဒေသကို ကာကွယ်ရန် အသင့်ပြင်ကြဖို့နဲ့ လက်နက်တွေကို မှတ်ပုံတင်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ Ref: BBC …
Read MoreIMFရဲ့ထောက်ပံ့ငွေ ဒေါ်လာ သန်း ၃၀၀ကျော်ကိစ္စ
နိုဝင်ဘာ ၆-၂၀၂၁ KT+GH ( VOM) IMFရဲ့ပြောခွင့်ရသူ ဂျယ်ရီရိုက်စ်ဟာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ လက်ရှိ နစက လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ နိုဝင်ဘာ ၃ရက်က ပြောဆိုခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာက ” ဒီဟာက မြန်မာနိုင်ငံကို အထောက်အပံ့ပေးလိုက်တဲ့အရာလို့ ရေးသားနေတာတွေ့တယ်၊ ပထမဦးဆုံးပြောကြားလိုတာက ချေးငွေပြန်ဆပ်ရမယ့်ငွေတွေပဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၇၂.၃၉၁ သန်းကို ၂၈-၁-၂၀၂၁ ရက်နေ့မှာ ဗဟိုဘဏ်ရဲ့အမေရိကန်ဒေါ်လာစာရင်းမှာ လက်ခံပြီးတော့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ် ၄၉၅,၅၀ ဘီလီယံကို ၂၉-၁-၂၀၂၁ ရက်နေ့မှာပဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော်စာရင်းကို ထည့်သွင်းထားပါတယ်။ အစိုးရ တစ်ရပ်အနေနဲ့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မလေ့လာဘဲနဲ့ ထုတ်ပြန်တာတွေ သိရက်သားနဲ့…
Read Moreကျောက်မဲမြို့မှာ တိုက်ပွဲ ရှောင်တိမ်းလာသူ ၂၀၀၀ ကျော်ရှိ
နိုဝင်ဘာ ၆၊ ၂၀၂၁ Shy V (VOM) ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တွေဖြစ်ကြတဲ့ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ် တို့အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့ထဲကို နိဝင်ဘာ၅ ရက်နေ့က ရွာ ၆ ရွာက တိုက်ပွဲရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံ ရှောင်တိမ်း လာကြောင်း ကူညီပေးနေတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “အခု စစ်ရှောင်တွေ လာတဲ့ နေရာတွေမှာလည်း စစ်ဖြစ်နေတာ ကြာပြီ။ အဲဒီ နေရာတွေမှာ ထိုင်တာက RCSS တွေထိုင်တာ။ TNLA နဲ့ မဟာမိတ်အဖွဲ့က စစ်ဆင်လာလို့ အဲဒီနားကို ကပ်လာတဲ့ အတွက် သူတို့ အဲဒီ ရွာသူရွာသားတွေကို ရှောင်ခိုင်းလိုက်တာ။ လွန်ခဲ့တဲ့ ၂ လလောက်…
Read More