အောက်တိုဘာ ၈-၂၀၂၁ GH ( VOM ) ရန်ကုန်မြို့က တက္ကစီတစ်စီးကို ခရီးသည်ဟန်ဆောင်ငှါးရမ်းပြီး ကားကိုလုယက်ခဲ့တဲ့အပြင် ယာဉ်မောင်းကိုလည်း ကတ်ကြေးနဲ့ထိုးခဲ့တဲ့ဖြစ်စဉ် မနေ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန် – မန္တလေးကားလမ်းမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကားကိုလုယက်ခဲ့ပြီးနောက်မှာ ကျူးလွန်သူတွေက ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကိုလည်း ဝင်ရောက်တိုက်ခဲ့ကြောင်း ၊ လက်ရှိမှာတော့ ကားလုယက်သူ ၄ ယောက်ထဲက ၃ ယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။ လုယက်ခံရသူ ယာဉ်မောင်းနဲ့ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေတယ်လို့လည်းသိရပါတယ်။ တက္ကစီကိုတော့ ရန်ကုန်မြို့၊ မြောက်ဒဂုံကနေ ၄၅၀၀၀ ကျပ်နဲ့ လူ (၄)ယောက်က ငှါးရမ်းခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ရဲစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတဦးက “ယာဉ်မောင်းကို ကတ်ကြေးနဲ့ထိုးတယ်။ဝိုင်းချုပ်ပြီး လုပ်တယ်။ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရတယ်။ကားသမားကို…
Read MoreYear: 2021
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂) နှစ်ချခံရ
အောက်တိုဘာ ၈- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ်တရားရုံးက ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက Video Conferencing နဲ့ ရုံထုတ်ခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂) နှစ် ကျခံစေဖို့ အမိန့်ချလိုက်တယ်လို့ ရှေ့နေဆီကနေ သိရပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) အမှုအတွက် ပြစ်ဒဏ်အဖြစ်ချမှတ်လိုက်တာဖြစ်ကြောင်း သ်ိရပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒု- မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရားလိုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ်အမိန့်ချလိုက်တဲ့အပေါ် အယူခံ တက်၊မတက်ကို ဦးညီပုနဲ့ တွေ့တဲ့အခါမှ သိရမှာဖြစ်တယ်လို့ ဦးညီပုရဲ့အမှုလိုက်ရှေ့နေ ဦးငြိမ်းချမ်းက ပြောပါတယ်။…
Read Moreတောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေငုပ်သင်္ဘောနဲ့ အမျိုးအမည်မသိအရာ ၀င်တိုက်ခဲ့
ဝါရှင်တန်၊ အောက်တိုဘာ-၈-၂၀၂၁ မျိုးဆက် (VOM) အမေရိကန် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ တောင်တရုတ်ပင်လယ်၀န်းကျင်မှာ ခုတ်မောင်းသွားလာနေစဉ် အမျိုးအမည်မသိအရာ၀တ္ထုတခုနဲ့ တိုက်မိခဲ့တာကြောင့် သင်္ဘောအမှုထမ်း တဒါဇင်ကျော် ဒဏ်ရာရရှိသွားပါတယ်။ ရေငုပ်သင်္ဘော ယူအက်စ်အက်စ်ကွန်နက်တီကပ်ဟာ အမျိုးအမည်မသိအရာ၀တ္ထုနဲ့ အောက်တိုဘာ ၂ ရက်က တိုက်မိချိန်မှာ သင်္ဘောအမှုထမ်း ၁၅ ဦး အသေးစားဒဏ်ရာများ ရရှိခဲ့တယ်လို့ အမေရိကန်တာ၀န်ရှိသူတွေက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ တရုတ်စစ်လေယာဉ်တွေစံချိန်တင်၀င်ရောက်မှုကြောင့် တင်းမာမှုတွေမြင့်တက်နေစဉ်မှာ အဲဒီမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီရေငုပ်သင်္ဘောဟာ အမေရိကန်ပိုင်နက်ဖြစတဲ့ ဂူအမ်ကျွန်းသို့ ဦးတည်ခုတ်မောင်းနေတယ်လို့ အမေရိကန်ရေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီမတော်မဆမှုဖြစ်ပွားခဲ့ပေမယ့်လည်း ယူအက်စ်အက်စ်ကွန်နက်တီကပ်ရဲ့ နျူကလီးယားစွမ်းအင်ပေးစနစ်နဲ့ နေရာတွေထိခိုက်မှုမရှိဘဲ အပြည့်အ၀လည်ပတ်နေဆဲဖြစ်ပြီး သင်္ဘောရဲ့ ထိခိုက်ပျက်စီးမှုတွေကို…
Read Moreသတ်မှတ်ချိန်ကျော်လွန်ပြီး ဖွင့်လှစ်တဲ့ Brave Barမှ လူ၂၅၀ကျော် ဖမ်းဆီးခံရ
ရန်ကုန်အောက်တိုဘာ ၈-၂၀၂၁ KK+GH (VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်၊ ကန်ရိပ်သာလမ်း၊ အမှတ် (B/31)တွင် သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ထားသော Brave ဘားကို မနေ့ အောက်တိုဘာ ၈ရက် ည၁၁း၄၀ နာရီက ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ဝန်ထမ်းနဲ့စားသောက်နေသူ ၂၅၁ ဦးဖမ်းမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ညက အဖမ်းခံရတဲ့အထဲမှာ ကိုယ့် အသိတွေပါသွားလို့သိရတာ။ခုတော့ မိသားစုက အာမခံရဖို့လိုက်လုပ်နေကြတယ်။ ဘားတစ်ခုလုံးဆိုတော့ လူက ၂၅၀ လောက်လို့တော့သိရတယ်။ ရဲစခန်းမှာ လူအပြည့်ပဲတဲ့ ” လို့ ဖမ်းခံရသူတချိုရဲ့ အသိမိတ်ဆွေ တွေကပြောပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို မရမ်းကုန်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ် ။ Brave Bar ကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။…
Read Moreပေါင်မြို့နယ်မှာ YMBAအသင်းနာယက တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၁ KK(VOM) ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်သုသာန်အနီးမှာ YMBAအသင်းနာယကအဖွဲ့ဝင် တဦး ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတဦးက “သူလုပ်ကိုင်နေတဲ့ ဥယျာဥ်ခြံအနီးက စွယ်တော်သုဿာန် သင်္ဂြိုဟ်စက်အနီးမှာ သေနတ်နဲ့ပစ်သတ်ခံရတာပါ၊ သေနတ်နဲ့ရှစ်ချက်လောက်ပစ်ခံရတာ ဦးခေါင်းကြေမွသွားတယ် ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။ သေဆုံးသူဟာ ပေါင်မြို့နယ် YMBAအသင်းရဲ့ နာယကတဦးဖြစ်ပြီး စွယ်တော်သုဿာန်အနီးမှာ ဥယာဥ်ခြံလုပ်ငန်းနဲ့ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောပါတယ်။ “ဘာကြောင့် ပစ်သတ်သွားလဲမသိဘူး၊ ဖြစ်တာက သူလုပ်ကိုင်နေတဲ့ စွယ်တော်သုဿာန်ရဲ့ မီးသင်္ဂြိုဟ်စက်နားက မြေကွက်လပ်မှာပါ၊ M16ကျည်ခွံတွေလည်း တွေ့တယ် “လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောပါတယ်။ ပေါင်မြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (၈၇)ရုံးခွဲကို သြဂုတ်လ ၁၈ရက် မနက်ပိုင်းက ဥတ္တံတားကျေးရွာလမ်းမကြီး တိုက်ကျောင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ …
Read Moreပရဟိတအသင်းတွေဟာ စက်သုံးဆီစျေးမြင့်တက်နေချိန် အလှူရှင်နည်းပါးတာကြောင့် အကြပ်အတည်းကြားကနေ လုပ်ကိုင်နေရ
အောက်တိုဘာ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ၃၇ မြို့နယ်က ပရဟိတလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်က စလို့ ဒီကနေ့အချိန်ထိ စက်သုံးဆီစျေးနှုန်းမြင့်နေတဲ့ကာလမှာ အလှုရှင်တွေနည်းပါးလာတဲ့အတွက် ပရဟိတလုပ်ငန်းတွေကို အကြပ်အတည်းကြားကနေ မဖြစ်မနေ လုပ်ကိုင်နေကြရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ အဲ့ဒီလို အကြပ်အတည်းကြားကနေ မဖြစ်မနေ လုပ်ကိုင်ပေးနေရတဲ့ ပရဟိတလုပ်ငန်းတွေကတော့ နာမှုကူညီရေးလုပ်ငန်းတွေ ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဥပုသ်နေ့တိုင်း အမှိုက်သိမ်းပေးနေတဲ့ လုပ်ငန်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ” ပျမ်းမျှ ၁ ရက်ကို လမ်းကြောင်း ၅ ခု အနည်းဆုံး ထွက်ရတယ် ၊ လမ်းကြောင်း ၁ ခုကို အုပ်ချုပ်မှုယာဥ် အပါအဝင် ကား ၂ စီး သုံးရတယ် ၊ ကယ်ဆယ်ရေး လုပ်ငန်းလမ်းကြောင်းဆို…
Read Moreကော့မှူးမှာ ရွာအုပ်ချုပ်ရေးပိုင်းကလူတွေ သေနတ်ပစ်ခံရပြီး၊ လိုက်ဖမ်းတဲ့ စစ်သား(၄)ဦးပါ သေနတ်ပစ်ခံရ
ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၁ KK(VOM) ကော့မှူးမြို့နယ်၊ ကျိုက်ထော်မှော်တောကျေးရွာမှာ မနေ့ အောက်တိုဘာ ၆ရက် ည ၇နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးဦး သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကိုလိုက်လံဖမ်းဆီးတဲ့ စစ်သားတွေပါ သေနတ်နဲ့ထပ်မံပစ်ခတ်ခံရလို့ စစ်သား(၄)ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။ ကျေးရွာနေသူတဦးက “အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လုံခြုံရေးဆောင်ရွက်တယ်ဆိုပြီး လုပ်တယ်၊ ဆိုင်ကယ်သမား(၄)ဦးက လာပစ်တယ် ဘယ်ကသူတွေလဲတော့မသိဘူး၊ ဒါကို စစ်တပ်က လိုက်ဖမ်းတယ် ထပ်အပစ် ခံရတယ် ပစ်တဲ့သူတွေကို မမိဘူး”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်သူတွေကို စစ်တပ်နဲ့ရဲက လိုက်လံရှာဖွေစဉ် အမည်မသိသူတွေက ထပ်မံပစ်ခတ်လို့ လိုက်ဖမ်းတဲ့စစ်သား (၄)ဦးပါ ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီကသိရပါတယ်။ ကော့မှူးမြို့နယ်၊ ကျိုက်ထောမှော်တောကျေးရွာမှာ မနေ့ညကဘပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ၃ဦး နဲ့ စစ်သား(၄)ဦး သေနတ်နဲ့ ပစ်ခံရကာ…
Read Moreမြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတဲ့အခမ်းအနား
ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၁ KK(VOM) မြန်မာနိူင်ငံကမ်းခြေစောင့်တပ်ဖွဲ့စည်းခြင်းနဲ့ စစ်တပ်ရေယာဥ်လွှဲပြောင်းပေးခြင်းတပ်တော်ဝင်အခမ်းအနားကို ဒီကနေ့ နေ့လယ်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်မတော်(ရေ)မှ စစ်ရေယာဥ် ၉ စီးနဲ့ တပ်မတော်(လေ)မှ ရဟတ်ယာဥ် ၉စီးတို့က အမြောက်ပစ်တာတွေ နဲ့ ချီတက်မောင်းနှင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်တဲ့ စစ်ရေယာဉ် ၄ စင်းမှာ ၄၅ မီတာနှင့်၄၇ မီတာရှိ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်၂ စင်းနဲ့ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ၂ စင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #မြန်မာနိုင်ငံ #ကမ်းခြေစောင့်တပ်ဖွဲ့
Read Moreလှည်းတန်းက ကွန်ဒိုတခုမှာ ဗုံးပေါက်မှုဖြစ်လို့ အမျိုးသားတဦးသေဆုံးပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့
အောက်တိုဘာ ၆-၂၀၂၁ GH ( VOM ) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊လှည်းတန်းရှိ စန္ဒာမြိုင်ကွန်ဒိုက တိုက်ခန်းတစ်ခန်းမှာ မနေ့ အောက်တိုဘာ ၅ရက် ည ၉ နာရီခွဲလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသား(၁)ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆီကသိရပါတယ်။ ” သိရသလောက်ကတော့ ဗုံးစတွေမှန်ပြီး ခြေပြတ်လက်ပြတ်ဖြစ်ပြီး မျက်စိလည်းကျွတ်တယ်လို့သိရပါတယ်၊ ပေါက်သွားတာကတော့ ကမာရွတ်၊ ၈ရပ်ကွက်၊ စန္ဒာမြိုင်ကွန်ဒို၊ ၇လွှာက တိုက်ခန်းတစ်ခုပါ၊ ဗုံးစမ်းရင်း ပေါက်တာလို့လည်းကြားသလို လက်ဆောင်ထုတ်ကနေပေါက်တာဆိုပြီး သတင်းတွေအမျိုးမျိုးထွက်နေတယ်။ သေချာတော့ မသိရသေးဘူး။ဆုံးတာက အိမ်ထောင်ဦးစီးပါ ” လို့ ရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေကို လုပ်ဆောင်ခဲ့သလို လှည်းတန်းလမ်းတလျှောက်မှာလည်း အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး…
Read Moreခရမ်းမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး အယောက်၂၀နီးပါး နှုတ်ထွက်
ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၀၂၁ KK(VOM) ခရမ်းမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ရပ်ကွက်နဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူး အယောက်၂၀ နီးပါး ဒီကနေ့မှာ နှုတ်ထွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခရမ်းမြို့နယ်မှာရှိတဲ့ (PDF Khayan)က အုပ်ချုပ်ရေးမှူးတွေနူတ်ထွက်ဖို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် အခုလို တာဝန်ကနေနှုတ်ထွက်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အချို့အုပ်ချုပ်ရေးမှူးတွေက အရင်ကတည်းက နှုတ်ထွက်ထားတာပါ၊ စာမတင်ရသေးတာပဲ ရှိတာ၊ ဒီနေ့တရားဝင်စာတင်တာ အယောက် ၂၀ရှိတယ်”လို့ သူကပြောပါတယ်။ နှုတ်ထွက်ခဲ့တဲ့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ အမှတ် (၁)ရပ်ကွက်၊အမှတ် (၂) ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်၊အမှတ် (၄)ရပ်ကွက်၊အမှတ် (၅) ရပ်ကွက်၊အမှတ် (၆)ရပ်ကွက်၊အမှတ် (၇)ရပ်ကွက်၊အမှတ် (၈) ရပ်ကွက်၊အမှတ် (၉)ရပ်ကွက်၊အမှတ် (၁၀)ရပ်ကွက်၊အမှတ် (၁၁)ရပ်ကွက်၊အမှတ် (၁၂) ရပ်ကွက်၊ ကွမ်းမိုးဒိန်းရပ်ကွက်၊ကရင်စုကျေးရွာ၊ကြာကန်ကျေးရွာ၊ကရင်ကန်ကျေးရွာ၊ကန်ညီနောင်ကျေးရွာ၊မက်ကသန်ကျေးရွာ၊ကျွဲတလင်းကျေးရွာ၊ပျဥ်းမကုန်းကျေးရွာ တို့ပဲဖြစ်ပါတယ်။ ခရမ်းမြို့နယ်မှာ ကျေးရွာပေါင်း ၅၆…
Read More