ကွမ်းခြံကုန်းမှာ လှည့်ကင်းလှည့်နေတဲ့ ရွာအုပ်ချုပ်ရေးမှူးနဲ့ပြည်ခိုင်ဖြိုးပါတီဝင် သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊အောက်တိုဘာ ၂-၂၀၂၁ KK(VOM)   ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးအရှေ့ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁ရက် ည ၁၀ နာရီခန့်က လှည့်ကင်းလှည့်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “လှည့်ကင်းလှည့်နေတဲ့အချိန် အမည်မသိလူ(၄)ဦးက ပစ်တာ၊ အုပ်ချုပ်ရေးမှူးကိုသေနတ်နဲ့ပစ်လို့ ကြံ့ခိုင်ရေးပါတီဝင်ကောင်လေးက ဝင်လုံးတာ၊ သူ့ပါသေနတ်မှန်ပြီးသေသွားတယ်၊ အုပ်ချုပ်ရေးမှူးက မေ့စေ့အောက်မှာ ဒဏ်ရာတစ်ချက်၊ ကောင်လေးက နဖူးကို တည်ပစ်ခံရတာ”လို့ ကျေးရွာနေသူတဦးကပြောပါတယ်။   သေဆုံးသူဟာ တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တဲ့ ဦးစိုးမင်းအောင်ဖြစ်ပြီး နောက်တစ်ဦးကတော့ ကြံ့ခိုင်ရေးပါတီဝင် ကိုစိုင်းသီဟဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက်ကလည်း တော်ကူးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးမြစိုး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။   အလားတူ ပြီးခဲ့တဲ့စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းကလည်း ကွမ်းခြံကုန်းမြို့နယ်…

Read More

မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး သံဃာအချို့ ဖမ်းဆီးခံရ

အောက်တိုဘာ ၂-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းမှာ ဒီကနေ့နေ့လယ်ပိုင်းက သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ ဆန္ဒပြဖို့ပြုလုပ်နေချိန် ဖြိုခွဲခံခဲ့ရပြီး သံဃာအချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်သူအသိုင်းအဝိုင်းကနေ သိရပါတယ်။   အမည်မဖော်လိုသူတဦးက ” သပိတ်ထွက်ဖို့လုပ်နေချိန် ကားနဲ့လာပြီးဖြိုတာ ဆရာတော်အချို့ပါသွားတယ်”လို့ပြောပါတယ်။   ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကတော့ ” မဟာအောင်မြေ၊ သံ/နောက်ရပ်မှာ ဖမ်းခံရတာပါ၊ သံဃာ(၅)ပါး လူ(၃)ဦး၊ ဖုန်းအချို့နဲ့ ဆိုင်ကယ်အချို့ပါပါတယ်၊ အခုတော့ စစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။   သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း ဖြိုခွဲခံခဲ့ရတာတွေရှိခဲ့ပြီး သံဃာအချို့ ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။   သံဃသမဂ္ဂသပိတ်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့သံဃာတွေဟာ ဘယ်သူတွေဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။   ပုံစာ- အောက်တိုဘာ ၁ရက်နေ့ ဆန္ဒပြမြင်ကွင်း #voiceofmyanmar #VOM #မန္တလေး #သံဃသမဂ္ဂသပိတ် #ဖြိုခွဲခံရ

Read More

ထိုင်၀မ်လေပိုက်နက်ထဲကို တရုတ်စစ်လေယာဉ်တွေ အများအပြား ၀င်ရောက်ပျံသန်း

တိုင်ပေ၊ အောက်တိုဘာ-၂-၂၀၂၁ မျိုးဆက် (VOM)   တရုတ်စစ်လေယာဉ် ၃၈ စင်းဟာ အောက်တိုဘာ ၁ ရက်မှာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်စစ်ဘက် ထုတ်ပြန်လိုက်ပြီး ဒါဟာ လက်ရှိအချိန်ထိ တရုတ်စစ်ဘက်လေယာဉ်တွေ အများဆုံး၀င်ရောက်မှုလည်းဖြစ်ပါတယ်။   နျူကလီးယားဗုံးကြဲလေယာဉ်တွေအပါအ၀င် တရုတ်စစ်လေယာဉ်တွေဟာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ နှစ်သုတ်ခွဲပြီး ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   တရုတ်နိုင်ငံဟာ စစ်ရေးအရ ရန်လိုမှုသက်သက်နဲ့ ဒီလိုလုပ်ဆောင်တာဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ထိုင်၀မ်၀န်ကြီးချုပ် ဆူဆန်ချန်းက အောက်တိုဘာ ၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။   ဒီလို၀င်ရောက်ပျံသန်းခြင်းကြောင့် ထိုင်၀မ်ကလည်း တိုက်လေယာဉ်များစေလွှတ်ခြင်းနဲ့ ဒုံးပျံစနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။   တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ်ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ အချုပ်အခြာအာဏာပိုင်အဖြစ်သတ်မှတ်ထားပါတယ်။   ကျွန်းအနီးသို့ တရုတ်လေတပ်မှစစ်လေယာဉ်တွေ ကြိမ်ဖန်များစွာ ပျံသန်းတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့…

Read More

အကျဥ်းထောင်အသီးသီးက အမှုရင်ဆိုင်ဆဲ အချုပ်သားတွေကို ပြန်လွှတ်ပေးမယ်

ရန်ကုန်၊အောက်တိုဘာ ၂-၂၀၂၁ KK(VOM)   မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးက အမှုရင်ဆိုင်ဆဲအချုပ်သားတွေကို ဒီကနေ့မှာ ပြန်လည်လွှတ်ပေးမယ်လို့ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။   ” အမှုရင်ဆိုင်ဆဲ အချုပ်သားတွေကို နိူင်ငံတော်ရဲ့ထုတ်ပြန်ချက်အရ လွှတ်ပေးတာဖြစ်တယ်၊ အခုလက်ရှိလွှတ်တဲ့ အချုပ်သားတွေက ပြောရရင် ရဲကနေ အမှုစွဲတင်တဲ့သူတွေကို တရားရုံးကနေ ရမန်ပေးတယ် အဲ့ဒီရမန်နဲ့ထောင်ကိုလာအပ်တယ်၊ အကျဥ်းထောင်က အချုပ်သားကို လက်ခံတာပဲရှိတယ်၊ သူတို့ကို ဆုံးဖြတ်တာ တရားရုံကနေဆုံးဖြတ်တာ၊ အခုလွှတ်တာနဲ့ပတ်သက်ပြီး တရားရုံးကနေ သူတို့က ဒီအမှုနဲ့ပတ်သက်ပြီးရင်ဆိုင်ဖို့လည်း မရှိတော့ဘူးလို့ ယူဆတဲ့သူတွေကို ကျေအေးပြီးလွှတ်ပေးတာ”လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က VOM ကို ပြောပါတယ်။   အကျဥ်းဦးစီးဌာနအနေနဲ့ တရားသူကြီးဆီက အချုပ်သားကိုအပြစ်မရှိကြောင်း လွှတ်မိန့်စာရရှိလာတဲ့အပေါ် စီစစ်ပြီး မှန်ကန်ပါက ပြန်လည်လွှတ်ပေးတာဖြစ်တယ်လို့ ဒု-ညွန်မှူး ဦးချမ်းအေးကျော်က ဆက်ပြောပါတယ်။   ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အပါအဝင် အကျဉ်းသား ၅၀၀၀…

Read More

ကိုဗစ်-၁၉ ရောဂါသောက်ဆေးက ရောဂါကြောင့် သေဆုံးမှုကို ၅၀ ရာခိုင်နှုန်းလျှော့ချနိုင်

ဝါရှင်တန်၊ အောက်တိုဘာ-၂-၂၀၂၁ မျိုးဆက် (VOM)   ကိုဗစ်-၁၉ ရောဂါသောက်ဆေးတစ်မျိုးဟာ ရောဂါကြောင့် ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း လက်တွေ့စမ်းသပ်မှုတွေမှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။   Molnupiravir လို့အမည်ပေးထားတဲ့ အဲဒီဆေးကို အမေရိက်ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Merck ကတီထွင်ထုတ်လုပ်လိုက်တာဖြစ်ပြီး ဆေးဟာ ရောဂါကူးစက်ခံထားရပြီး ရောဂါလက္ခဏာပြသူတွေ အတွက်သာဖြစ်ပြီး ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်အပါအ၀င် ဗိုင်းရပ်စ်မျိုးကွဲအားလုံးကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီတာ၀န်ရှိသူတွေကပြောပါတယ်။   လက်တွေ့စမ်းသပ်မှုတွေအရ အဲဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းမှု သို့မဟုတ် သေဆုံးမှုကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ အဆိုပါကုမ္ပဏီက ထုတ်ဖော်ပြောဆိုပါတယ်။   ဒါဟာ ကိုဗစ်-၁၉ ရောဂါကို ဆေးသောက်ပြီးတိုက်ဖျက်နိုင်တဲ့ ပထမဆုံး သောက်ဆေးဖြစ်တာကြောင့် အရေးပါတဲ့ တီထွင်မှုဖြစ်တယ်လို့ Merck ကုမ္ပဏီ စီအီးအို ရော့ဗ်ဒေးဗစ်ကပြောပါတယ်။   ဆေးကို အမေရိကန်မှာ ဖြစ်နိုင်သမျှအမြန်ဆုံး အရေးပေါ်အသုံးပြုနိုင်ဖို့…

Read More

အဆမတန်မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းရိုက်ခတ်မှုအောက်က မုံရွာမြို့ရဲ့ အခြေခံလူတန်းစားများ

အောက်တိုဘာ ၂ -၂၀၂၁ ထွန်းတောက်(VOM) ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ကစတင်ပြီး ရွှေဈေးနဲ့ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်လာခဲ့သလို စက်သုံးဆီဈေးနှုန်းလည်း အဆမတန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ မုံရွာမြို့မှာ အောက်တိုဘာ (၁) ရက်နေ့အထိ စက်သုံးဆီ‌နှုန်း တစ်လီတာကို အနိမ့်ဆုံး( ၁၆၀၀)ကျော်အထိမြင့်တက်လာခဲ့ပြီး ဆီဆိုင်တချို့မှာ ဝယ်ယူသူတွေ ပုံမှန်ထက်ပိုမိုများပြားနေပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် ငွေကြေးချမ်းသာတဲ့လူတန်းစားတွေကို သိသိသာသာ ထိခိုက်မှုမရှိသေးပေမယ့် တနေ့လုပ်တနေ့စား အခြေခံလူတန်းစားကိုတော့ အငတ်ဘေးက လက်ယပ်ခေါ်နေသလို ကြုံတွေ့ခံစားနေကြရပါတယ်။ တချို့အခြေခံလူတန်းစားမှာ ကျေးရွာတွေကနေ မုံရွာမြို့ပေါ်မှာရှိတဲ့ ပန်းရံ၊ လက်သမား၊ ပွဲရုံစတဲ့အလုပ်တွေမှာ ဆိုင်ကယ်နဲ့လာရောက်လုပ်ကိုင်ကြသူတွေရှိသလို ရပ်ကွက်တွေထဲမှာ ဟင်းချက်စရာ သား၊ငါး၊ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့လိုက်လံရောင်းချသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ကုန်တင်ကုန်ချအငှားလိုက်တဲ့ သုံးဘီးဆိုင်ကယ်သမားတွေနဲ့ မုံရွာ၊ဟုမ္မလင်း၊နမ်တော ပြေးဆွဲနေတဲ့ ကားသမားတွေလည်း အများအပြားရှိနေပြီး ခေတ်ကာလအခြေအနေအရ အလုပ်အကိုင်အဆင်ပြေမှုတွေ နည်းပါးပြီး ဝင်ငွေတွေနည်းပါးနေချိန်မှာ အခုလို စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတဲ့အတွက်…

Read More

ဓာတ်ရထား နှင့် ဆိုက်ကား

—————————— ဆူးငှက် ကုန်လွန်ခဲ့ဲသောနှစ်ပေါင်း ၈၀ နီးပါးကာလ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းကယိုယွင်းခဲ့သော မန္တလေးမြို့သန့်ရှင်းရေးမှာ ပြန်လည်အားယူနာလန်ထူစပြုပေမယ့် အရှိန်မရသေးပေ။ အထူးသဖြင့် ထိုခေတ်ထိုအချိန်က ဈေးချိုတော်ကြီးအတွင်းသန့်ရှင်းရေးမှာ အဆင်မပြေသေးပုံကို ထိုအချိန်က ထုတ်ဝေသည့် မန္တလေးမြို့ထုတ် နဂါးနီဂျာနယ် အမှတ်-၃ (၁၃၀၇ ခု တပေါင်းလဆန်း ၇ ရက်ထုတ်)တွင် “ကမ္ဘာလုံးဆိုင်ရာ တယ်လီဖုန်းသတင်း” ကဏ္ဍ၌ ဈေးချိုတော်အရှေ့ဘက်တိုက်တန်းကြီးအနောက်နား၌ အမှိုက်များစုပုံနေကြောင်း အိမ်သာများကိုလည်း သန့်ရှင်းစွာပြုပြင်ကာ ဆေးများ ဖျန်းပေးစေလိုကြောင်း ရေးသားထားသည်ကို ဖတ်ရှုရသည်။ မိလ္လာအပါအဝင် အညစ်အကြေးများဖြင့် ညစ်ပတ်ပေရေနေသော မြို့သန့်ရှင်းရေးအတွက် စစ်ကြီးကြောင့် ပျက်ယွင်းသွားသော မြူနီစီပယ်က တာဝန်မယူနိုင်တော့ဘဲ သီပေါမင်း လက်ထက်ကတည်းက ဘေးမဲ့ပေး မွေးမြူထားသော ဝက်များက နူတ်သီးနှင့် ထိုးလှန်ကော်ကာ စားသုံးကြခြင်းဖြင့် ဖြေရှင်းပေးနေသည်ဟု ရယ်စရာစကား ဆိုကြသည်။ ဘုရင်ကဘေးမဲ့ပေးမွေးမြူခဲ့သောကြောင့် “ဝက်တော်” ဟုခေါ်ဆိုကြသည့် ဝက်များက မြို့လုံးအနှံ့ အညစ်အကြေးအစုအပုံများကြောင့်…

Read More

မုံရွာမှာ အချုပ်သား ၉ ယောက်ကို အမှုတွေရုတ်သိမ်းပြီး ပြန်လွှတ်ပေး

အောက်တိုဘာ ၊ ၁ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မြို့နယ်ရဲစခန်းမှာ အမှုနဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သား ၉ ယောက်ကို နစက အမိန့်အရ ဒီကနေ့ ညနေပိုင်းက အမှုကနေ အပြီးအပြတ် ပြန်လည်လွတ်ပေးလိုက်ပြီ​ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။   ” လွတ်ပေးတဲ့ ၉ ယောက်ထဲမှာ ဓားပြမှု ၊ လုယက်မှုနဲ့ မုဒိန်းမှုနဲ့ ဖမ်းဆီးထားတဲ့ သူတွေပါတယ် ” လို့ ခရိုင်ကောင်စီအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။   မုံရွာ အချုပ်ထောင်ကနေ ရင်ဆိုင်နေဆဲအမှုတွေကို အပြီးအပြတ်ရုတ်သိမ်းပြီး အရှင်းလွတ်ပေးလိုက်တာဟာ နစက ရဲ့ ၁၁ ရက် ၈ လ ၂၀၂၁ ရက်စွဲပါ ၊ အမိန့်အမှတ် ၁၇၂ / ၂၀၂၁…

Read More

ရန်ကုန်တိုင်းက မြို့နယ်(၆)မြို့နယ်မှာ နှစ်ရက်အတွင်း ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ပြီး(၂)ဦးသေ (၄)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းရှိ မြို့နယ်(၆)မြို့နယ်မှာ နှစ်ရက်တာအတွင်း ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူ(၂)ဦးသေဆုံးပြီး စစ်သား၊ ရဲ၊ အရပ်သားအပါအဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။   ရန်ကင်းမြို့နယ်က (၇)ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ ရန်ကုန်တိုင်းရင်းနှီမြှုပ်နှံမှုကော်မတီရုံး၊ ဝင်ပေါက်ထွက်ပေါက်အနီးမှာ ဒီကနေ့မနက် ၁၀ နာရီက ဗုံးပေါက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ၇ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်ပြည်လမ်းဘေး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးခွဲမှာလည်း ဒီကနေ့မနက် ၁၁နာရီက လက်လုပ်ဗုံးနဲ့ပစ်ခတ်ခဲ့လို့ ပျက်စီးမှုအချို့ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ လမ်းသစ်မှတ်တိုင်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။   မနေ့ စက်တင်ဘာ ၃၀ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ် (၄၅)ရပ်ကွက်၊ပြည်ထော်စုလမ်း နဲ့ဆည်မြောင်းလမ်းထောင့်မှာ အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့လို့ သတင်းပေးလို့ နာမည်ထွက်နေသူတစ်ဦး သေဆုံးခဲ့တယ်လို့ ၄၅ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   အလားတူ လှည်းကူးမြို့နယ်၊…

Read More

မူဆယ်၁၀၅ မိုင်မှာ ကုတင် ၁၀၀၀ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာ စဖွင့်

အောက်တိုဘာ ၁-၂၀၂၁ Shy V (VOM)   တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အဓိက ဖြစ်နေတဲ့ မူဆယ်မြို့ ၁၀၅ မိုင်မှာ ကုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ဒီကနေ့ နေ့လယ်ပိုင်းက နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိတွေ ဦးဆောင်ပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။   ” မြန်မာဘက်ကနေ တရုတ်ဘက်ကို ကုန်တင်ပို့တဲ့ ကုန်တင်ယာဉ်‌မောင်း‌တွေနဲ့ ယာဉ်နောက်လိုက်တွေကို အဓိက ဦးစားပေးပြီး COVID-19 ပိုး ရှိ၊မရှိ စစ်ဆေး၊ ကုသသွားမှာဖြစ်တယ်၊ အဲ့ဒီမှာပဲ ပိုးစစ်ပြီး ဆေးတွေရော ထိုးပေးမှာ ဟုတ်တယ်”လို့ မူဆယ် ပြန်/ဆက် ခရိုင်ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက ပြောပါတယ်။   အဓိကက ကုန်တင်ကားဆရာတွေအတွက် ရည်ရွယ်ဖွင့်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ဂိတ်ဖွင့်ဖို့လည်း အဲ့ဒီစင်တာမှာ…

Read More
VOM News

FREE
VIEW