ကိုဗစ်-၁၉ ရောဂါသောက်ဆေးက ရောဂါကြောင့် သေဆုံးမှုကို ၅၀ ရာခိုင်နှုန်းလျှော့ချနိုင်

ဝါရှင်တန်၊ အောက်တိုဘာ-၂-၂၀၂၁
မျိုးဆက် (VOM)
 
ကိုဗစ်-၁၉ ရောဂါသောက်ဆေးတစ်မျိုးဟာ ရောဂါကြောင့် ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း လက်တွေ့စမ်းသပ်မှုတွေမှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
 
Molnupiravir လို့အမည်ပေးထားတဲ့ အဲဒီဆေးကို အမေရိက်ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Merck ကတီထွင်ထုတ်လုပ်လိုက်တာဖြစ်ပြီး ဆေးဟာ ရောဂါကူးစက်ခံထားရပြီး ရောဂါလက္ခဏာပြသူတွေ အတွက်သာဖြစ်ပြီး ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်အပါအ၀င် ဗိုင်းရပ်စ်မျိုးကွဲအားလုံးကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီတာ၀န်ရှိသူတွေကပြောပါတယ်။
 
လက်တွေ့စမ်းသပ်မှုတွေအရ အဲဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းမှု သို့မဟုတ် သေဆုံးမှုကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ အဆိုပါကုမ္ပဏီက ထုတ်ဖော်ပြောဆိုပါတယ်။
 
ဒါဟာ ကိုဗစ်-၁၉ ရောဂါကို ဆေးသောက်ပြီးတိုက်ဖျက်နိုင်တဲ့ ပထမဆုံး သောက်ဆေးဖြစ်တာကြောင့် အရေးပါတဲ့ တီထွင်မှုဖြစ်တယ်လို့ Merck ကုမ္ပဏီ စီအီးအို ရော့ဗ်ဒေးဗစ်ကပြောပါတယ်။
 
ဆေးကို အမေရိကန်မှာ ဖြစ်နိုင်သမျှအမြန်ဆုံး အရေးပေါ်အသုံးပြုနိုင်ဖို့ အတွက် ကျန်းမာရေးအာဏာပိုင်တွေထံ လျှောက်ထားသွားမယ်လို့ ကုမ္ပဏီတာ၀န်ရှိသူတွေကပြောပါတယ်။
 
ပြိုင်ဘက်ဆေးကုမ္ပဏီတွေဖြစ်တဲ့ Pfizer နဲ့ Roche ကုမ္ပဏီတို့ကလည်း ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး သောက်ဆေးတွေကို ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။
 
Ref : NHK
Photo: Merck
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW