တောင်ကိုရီးယားရဲ့မူဝါဒပြောင်းရင် ဆွေးနွေးမယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ စက်တင်ဘာ-၂၅-၂၀၂၁ မျိုးဆက် (VOM)   တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရန်လိုတဲ့မူဝါဒတွေကို အဆုံးသတ်မယ်ဆိုရင် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ကိုရီးယားစစ်ပွဲတရား၀င်အဆုံးသတ်ရေးအတွက် တောင်ကိုရီးယားရဲ့ ထပ်မံတိုက်တွန်းတောင်းဆိုမှု နဲ့ပတ်သက်၍ မြောက်ကိုရီးယားဘက်က အခုလိုတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ကိုရီးယားကျွန်းဆွယ်ကို နှစ်ခြမ်းကွဲသွားစေခဲ့တဲ့ စစ်ပွဲဟာ ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေး စာချုပ်မဟုတ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့သာ ပဋိပက္ခတွေအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။   အဲဒီနောက်မှာတော့ နှစ်နိုင်ငံအကြား သဘောတရာရေးရာအရ စစ်ပွဲမှာရှိနေဆဲဖြစ်ပြီး တခါတရံ ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်ခဲ့့ပါတယ်။   စစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့ စိတ်ကူးဟာ လေးစားဖွယ်ကောင်းကြောင်း ဒါပေမယ့် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒတွေရပ်တန့်မယ်ဆိုပါက ဒီအဆိုပြုချက်ကို ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ကင်ယိုဂျုံက နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ထုတ်ဖော်ပြောဆိုပါတယ်။ Ref :…

Read More

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့တောင်းဆို

၀ါရှင်တန်၊ စက်တင်ဘာ-၂၅-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ဂျပန်တို့ပါ၀င်တဲ့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့က စက်တင်ဘာ ၂၄ရက်မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးသမားတွေအားလုံး ပြန်လည်လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီစနစ် ဆောလျှင်စွာ ပြန်လည်ထွန်းကားရေးတို့အတွက် ဆက်လက်တောင်းဆိုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။   ဒါ့အပြင် အဖွဲ့၀င်လေးနိုင်ငံက ခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။   ဒီသဘောတူညီချက်တွေထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ရေး၊ မြန်မာ့နိုင်ငံေ၇းမှာ ပါ၀င်သူအားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအ၀င် အချက်ငါးချက်ပါ၀င်ပါတယ်။   လေးနိုင်ငံမဟာမိတ် Quad အဖွဲ့ရဲ့ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားကိစ္စတွေနဲ့ အင်ဒို-ပစိဖိတ်အရေးတို့ ပါ၀င်ခဲ့ပါတယ်။   Ref : ANI…

Read More

အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာနဲ့သာကေတ၊ စမ်းချောင်းတွေမှာ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်

ရန်ကုန်၊စက်တင်ဘာ ၂၅၊၂၀၂၁ KK(VOM)   အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာမှာ ဗုံးလေးကြိမ်ပေါက်ပြီး သာကေတနဲ့စမ်းချောင်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု တွေ ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။   အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာအနီးမှာ ဒီကနေ့မနက်ပိုင်းက ဗုံးလေး ကြိမ်ပေါက်ကွဲခဲ့တဲ့အကြောင်း ရွာမအနောက်ရပ်ကွက်နေသူတယောက်က ပြောပါတယ်။   “ဝန်ထမ်းအိမ်ရာနားမှာ ဗုံးထောင်ထားတာ စစ်တပ်က သွားရှင်းတော့မှ ဗုံးလေးလုံးပေါက်တာ ထိခိုက်တဲ့သူတော့ရှိမှာပဲ လေးလုံး တောင်ပေါက်တာဆိုတော့ ထိခိုက်မှုအတိအကျတော့မသိသေးဘူး”လို့ ပြောပါတယ်။   အလားတူ သာကေတမြို့နယ် ၊ရှူခင်းသာလမ်းမကြီးပေါ်ရှိ Hotel Noval ရှေ့၊ကုန်တင်ကုန်ချ သင်္ဘောဆိပ်ကမ်းမှာလည်း ဒီကနေ့နေ့လယ်၁၂ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။   ဒါ့အပြင် ဒီကနေ့မနက်အစောပိုင်းက စမ်းချောင်းမြို့နယ် မြေနီကုန်း ကုန်းကျော်တံတားတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့…

Read More

မုံရွာမှာ ဆရာဝန် ၁ ယောက် အပါအဝင် လူငယ် ၆ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနီးတဝိုက်မှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ၁ ဦးအပါအဝင် လူငယ် ၆ ယောက်ဟာ မနေ့ စက်တင်ဘာ ၂၄ရက် ညနေပိုင်းက မုံရွာမြို့မှာ အဖမ်းခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။   မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၊ တိုင်းရင်းဆေးရုံလမ်း ၊ ပါရမီလမ်းသွယ်ထဲမှာ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။   အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချမ်းမြဝတီရပ်ကွက်မှာနေသူ တစ်ယောက်ပြောတာက   ” ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ် ဆရာဝန် တစ်ယောက်နဲ့ အဲ့ဒီ အိမ်ထဲမှာရှိနေတဲ့ လူငယ် ၅ ယောက်ပါ အဖမ်းခံရတယ်လို့ သိရတယ် အသက်မပြည့်သေးတဲ့ ၁၆ နဲ့…

Read More

ခါးလေးသေးမှ ယဉ်တစ်ကိုယ်မယ်

—————————————– ဆူးငှက် ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ တန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်း သွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ၊ မန္တလေးသားများအဖို့ ဂျပန်လေတပ်ကြီး ချီတက်တာကိုပဲ ကောင်းကင်ဘား ဆပ်ကပ်ပြလေသလား ထင်မှတ်မှားပြီး လက်ခုပ်လက်ဝါးတီးကာ ပျော်ပျော်ကြီး ကြည့်ကြရာက မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒလစပ်ပစ်ခတ်ပါမှ “တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟ”လို့အော်ဟစ်ပုန်းအောင်းကြလို့ သေလိုက်ကြတာကလည်း သောက်သောက်လဲတဲ့။ ဒီလိုနဲ့မေလ ၁ရက် (၁၃၀၄ ခုနှ၊ ကဆုန်လဆုတ် ၃ရက်၊ သောကြာနေ့) မှာ ဂျပန်တွေ…

Read More

ခင်ဦးမြို့နယ်ထဲမှာ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်မှုကြောင့် တောင်သူတွေအခက်တွေ့နေ

စက်တင်ဘာ ၂၅-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာမှာရှိတဲ့ အေဒီ (၄) ရာစု ပျူခေတ်မှာ စတင်တူးဖော်ခဲ့တဲ့ မောရဂီဝါကန် (ခ) ပင်တင်းကန်ဟာ ပြီးခဲ့စက်တင်ဘာ (၂၂) ရက်နေ့က ကန်တာဘောင်ကျိုးပြီး ကန်ရေသောက်ဧရိယာအတွင်းက စပါးစိုက်ခင်း ဧက (၂၀၀၀) ကျော် ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဒေသဟာ နှစ်တိုင်းလိုလို မိုးခေါင်ရေရှားပြီး အခုနှစ်မှာတော့ မိုးများပြီး အခုလို ကန်တာဘောင်ကျိုးကျခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်မိုးရာသီမှာ ပင်းတင်းရွာအပါအဝင် ခင်ဦးမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာအုပ်စု (၂၄) အုပ်စုမှာ လယ်ဧက (၁၃၀၀၀)ကျော်မှာလည်း မိုးများပြီး ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီစပါးစိုက်ခင်းတွေဟာ လက်ရှိမှာ စိုက်ပျိုးပြီးကာစ အချိန်ဖြစ်ပြီး ရေပြန်ကျသွားရင် အနည်းနဲ့အများ ဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။ အခုနှစ်မှာ မြေဆီဈေးတွေလည်း အဆမတန်မြင့်တက်လာတာကြောင့် လက်ရှိရေနစ်မြုပ်တဲ့အချိန်အထိ တဧကကို စိုက်ပျိုးစရိတ် (၂) သိန်းကျော်ကုန်ကျထားပြီး ရေပြန်ကျချိန် စိုက်ခင်းတွေအားလုံးပျက်စီးမသွားဘူးဆိုရင်…

Read More

ထိုင်၀မ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် ၂၄ စင်း ၀င်ရောက်ပျံသန်း

တိုင်ပေ၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက်(VOM)   တရုတ်စစ်ဘက်လေယာဉ် ၂၄ စင်းဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို စက်တင်ဘာ ၂၃ ရက်က ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။   ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိပ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၁၉ စင်းဟာ ဒီနေ့နေ့နံနက်ပိုင်းမှာ ထိုင်၀မ်အနောက်တောင်ဘက် လေပိုင်နက်အတွင်း ၀င်ရောက်ပျံသန်းခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   လေယာဉ်အချို့ကတော့ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်အကြားရှိ ဘာရှီရေလက်ကြားဒေသကိုဖြတ်သန်းခဲ့ပြီး ဂျေ-၆ တိုက်လေယာဉ်တွေအပါအ၀င် နောက်ထပ် လေယာဉ်ငါးစင်းကလည်း စက်တင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းမှာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   တရုတ်စစ်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ ထိုင်၀မ်ကထိထိရောက်ရောက်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းစုအနီးမှာ ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။   ထိုင်၀မ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ် ၂၄ စင်း တစ်နေ့တည်း အခုလို၀င်ရောက်ပျံသန်းခြင်းမဟာ…

Read More

NLD ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို စွဲဆိုတဲ့အမှု အပြန်လှန်စစ်ဆေးမှုပြီး

နေပြည်တော်-စက်တင်ဘာ၂၄-၂၀၂၁ KT(VOM)   ဒီကနေ့ စက်တင်ဘာ ၂၄ရက် နေ့လယ်က နေပြည်တော်အကျဉ်းထောင်အနီးက သီးသန့်တရားရုံးမှာ ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄(က) အမှု ပြန်လှန်စစ်ဆေးမှုတွေပြီးသွားပြီလို့ သိရပါတယ်။   ဒီကနေ့ ရုံးချိန်းအခြေအနေကို တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးပြောပြတာက   “ဒီနေ့ အဘဦးဝင်းထိန်အမှုကိုစစ်ပါတယ်၊နောက်တစ်ချိန်း အောက်တိုဘာ ၁ရက်ကို ပြန်ချိန်းတယ်ပေါ့နော် ၊ နောက်ရုံးချိန်းမှ ကျမတို့ဘက်က တင်ထားတဲ့ တရားခံပြသက်သေဖြစ်တဲ့ ကိုမောင်မောင်ဆွေတို့ ဦးမင်းသူတို့ကို စစ်မှာပါ။ အဘရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့တရားခွင်စတာ ၁၂ နာရီနောက်ပိုင်းဆိုတော့ အေးအေးဆေးဆေးစစ်လို့ရတာပေါ့နော်၊ ခါတိုင်းဆိုရင် အဘဥပုသ်စောင့်တာဆိုတော့ တရားခွင်မှာ စားတာသောက်တာလုပ်ရပါတယ် ၊ ဒီနေ့ကျတော့ ၁၂ နာရီကျော်မှတရားခွင်စတာဆိုတော့ စားသောက်ရေး မစီစဉ်ပေးရတော့လို့ အဆင်ပြေတယ်ပေါ့” လို့ ပြောပါတယ်။   ဦးဝင်းထိန်အား ပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့…

Read More

မြဝတီမြို့မှာ စတစ်ကာ အမဲကပ်ထားတဲ့ကားတွေကို ဒဏ်ကြေး ၃၀၀၀၀ ရိုက်နေ

စက်တင်ဘာ ၂၄-၂၀၂၁ GH ( VOM )   မြဝတီမြို့မှာ စတစ်ကာအမဲရောင်ကပ်ထားတဲ့ ကားတွေကို ဒဏ်ငွေ ၃၀၀၀၀ ကျပ် သတ်မှတ်ပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။   ဒဏ်ကြေးသုံးသောင်းကို တရားရုံးကိုသွားပြီးပေးဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။   ” ဒဏ်ရိုက်တဲ့ အစီ အစဉ်ကျင့်သုံးတာ ၃ ရက်လောက်ရှိပြီ၊ အဲဒီအရင်ရက်တွေမှာက အသိပညာပေးတာတွေလုပ်တယ်။ စတစ်ကာအမဲကပ်ထားတာကို ခွာပေးဖို့သတိပေးတယ်၊ ခုတော့ ကပ်ထားတဲ့သူတွေကို ဒဏ်ငွေ ၃၀၀၀၀ ရိုက်တယ်။ ” လို့ မြဝတီဒေသခံကပြောပါတယ်။   ဒါကြောင့် မြဝတီမြို့တွင်းသွားလာကြမယ့်သူတွေအပါအဝင် ဒေသခံတွေအနေနဲ့ ကားမှန်မှာ စတစ်ကာအမဲတွေမကပ်ဖို့၊ ကပ်ထားသူရှိပါကလည်း ခွာထားဖို့လိုအပ်တယ်လို့ သိရပါတယ်။   ” အရင်ရက်ထဲကသတိပေးတာတော့ကြုံတယ်။ခုတော့ဒဏ်ကြေးရိုက်နေပြီသိရတယ်။ခွာဆိုလဲခွာလိုက်ရုံပေါ့။ ၃၀၀၀၀ ကလဲခုကာလ အတော်အရေးပါတယ်။ ကျနော်တို့ကားသမားတွေအားလုံး သတိရှိကြဖို့ပါ ၊ ကပ်တယ်ဆိုတာလည်းခုမှမဟုတ်ဘူး အရင်ငကတည်းကလေ၊…

Read More

အိန္ဒိယမှာ မိန်းကလေးတစ်ဦးကို ကိုးလကြာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သူ ၂၈ ဦးကိုဖမ်းဆီးစစ်ဆေးနေ

ဒေလီ၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကိုးလကြာအုပ်စုဖွဲ့အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။   ဇန်နဝါရီလမှစတင်ခဲ့တဲ့ အဲဒီလိုအုပ်စုဖွဲ့အဓမ္မကျင့်မှုနဲ့ဆက်နွယ်နေသူ ၂၈ ဦးကိုလည်း မွမ်ဘိုင်းမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။   မိန်းကလေးငယ်ရဲ့ ရည်းစားဖြစ်သူက သူ့ကိုအဓမ္မပြုကျင့်ပြီး အဲဒီဖြစ်ရပ်ကို မတော်တဆ ရုပ်သံမှတ်တမ်း ရိုက်ကူးခံခဲ့တာကစပြီး အုပ်စုဖွဲ့အဓမ္မကျင့်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။   အဲဒီနောက် ရည်းစားဖြစ်သူအပြင် သူ့ရဲ့သူငယ်ချင်းတွေကပါ ရိုက်ကူးထားတဲ့ရုပ်သံကိုအသုံးပြုပြီး သူတို့နဲ့အတူ လိင်ဆက်ဆံဖို့ အကြပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။   နောက်ဆုံးမှာတော့ အဲဒီမိန်းကလေးဟာ စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ပြီး သူ့ကိုအဓမ္မပြုကျင့်ခဲ့သူ ၃၃ ဦးကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အားလုံးဟာသူသိကျွမ်းသူတွေဖြစ်တယ်လို့ဆိုပါတယ်။   အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးကို ၂၀၁၂ ခုနှစ်က ဘတ်စ်ကားပေါ်မှာ…

Read More
VOM News

FREE
VIEW