ရေနံစိမ်းကုန်ကြမ်း အဝင်နည်းပြီး ဝန်ဆောင်စရိတ်များလာတာ​ကြောင့် ကျောက္ကာရေနံချက်လုပ်ငန်းတွေ အလုပ်မဖြစ်

မတ် ၆-၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကျောက္ကာကျေးရွာအနီးက ရေနံချက်လုပ်ငန်းတွေဟာ ကုန်ကြမ်း ရေနံစိမ်း အဝင်နည်းပါးပြီး ဝန်ဆောင်မှုကုန်ကျစရိတ်တွေ မြင့်လာတဲ့အတွက် ရေနံချက်လုပ်ငန်းအများစု ရပ်နားထားရတယ်လို့ ရေနံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ” မုံရွာမှာ ရေနံချက်အလုပ်ရုံတွေ စုဝေးတည်ရှိရာ ကျောက္ကာဘက်ကို ရေနံစိမ်းဝင်ရောက်တာ အလွန်ကို နည်းသွားပြီ ၊ အဝင် မရှိသလောက်ပဲ ၊ ချက်ဖိုလိုင်စင် ရရှိထားတဲ့သူတွေက ရေနံစိမ်း မရလို့ အလုပ်နားထားရတယ် ၊ လိုင်စင်မရှိတဲ့ ချက်ဖိုတွေက အလုပ်ဖြစ်နေတာ ” လို့ ရေနံချက်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။   မုံရွာ ရေနံချက်ဇုန်ကို အရင်က ဝင်ရောက်လာတဲ့ ရေနံစိမ်းတွေဟာ ၊ မကွေးတိုင်း ၊ မင်းလှ ၊ ပေါက် ၊ မြိုင်…

Read More

လွယ်ဂျယ်ဂိတ်သာပြန်ဖွင့်ပြီး ကျင်စန်းကျော့ဂိတ်ကိုပိတ်ထားတာကြောင့် ကုန်သွယ်မှုတွေရပ်တန့်နေ

မတ် ၆-၂၀၂၂ GG (VOM)   အခုနှစ် မတ်လ ၂ ရက်နေ့က ပိတ်ခဲ့တဲ့ နယ်စပ်ဂိတ်ထဲက ကချင်ပြည်နယ် ၊ဗန်းမောက်မြို့က လွယ်ဂျယ်ဂိတ်ကိုသာပြန်ဖွင့်ပေးပြီး မူဆယ်ကျင်စန်းကျော့ဂိတ်ကို ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။   ကျင်စန်းကျော့ဂိတ်ဟာ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ဂိတ်တစ်ခုဖြစ်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုတွေ ရပ်တန့်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေကပြောပါတယ်။   ” ပိတ်တုန်းက ၄ရက်နေ့ပြန်ဖွင့်မယ်ပြောတယ်၊ အခုပြန်ဖွင့်တော့ လွယ်ဂျယ်ပဲဖွင့်တယ်၊ကျင်စန်းကျော့ဂိတ်ပိတ်ထားလို့ ကားတွေပိတ်မိကုန်တယ်၊ကုန်သွယ်မှုတွေရပ်ကုန်တယ်။အမြန်ဆုံးပြန်မဖွင့်ရင် ပုတ်သိုးကုန်ပစ္စည်းတွေပျက်ဆီးလိမ့်မယ် ။ “လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တဦးကပြောပါတယ်။   လွယ်ဂျယ်ဂိတ်နဲ့ကျင်စန်းကျော့ဂိတ်ကနေ ကုန်ပစ္စည်းတွေကို သယ်ယူပေးနေတဲ့ တရုတ်ဘက်က ရှန်တိန်မောင်းသူတဦးမှာ ကိုဗစ်ပိုးတွေ့တာကြောင့်တရုတ်ဘက်က အဲ့ဒီ နယ်စပ်ဂိတ်နှစ်ခုကို မတ်လ၂ရက်နေ့မှာ ရုတ်တရက်ပိတ်ခဲ့တာပါ။   ” လွယ်ဂျယ်ကပြန်ဖွင့်ပြီကြားတယ်။ကျင်စန်းကျော့ကတော့ မဖွင့်သေးပါဘူး။ပြန်မဖွင့်သေးတော့ ကုန်သွယ်မှုတွေရပ်နေပါတယ်။ အဓိက ဒီကနေပဲ တင်သွင်းနေတာ “လို့ ဆန်စပါးကုန်စည်ဒိုင်(မူဆယ်) ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။  …

Read More

မှတ်ပုံတင်နဲ့သာ ခရီးသွားခွင့်ပြုမယ်ဆိုတဲ့ လဝကရဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေဝေဖန်

မတ် ၆-၂၀၂၂ KK(VOM)   ထောက်ခံစာပြသပြီး ခရီးသွားလာခွင့်မပြုတော့ဘဲ မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင်ပြုတော့မယ်ဆိုတဲ့အမိန့်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မနေ့ မတ်လ (၅)ရက်ညပိုင်းက ထုတ်ပြန်အပြီးမှာ ပြည်သူလူထုကြား ဝေဖန်မှုတွေမြင့်တက်လာပါတယ်။   ဒီထုတ်ပြန်ချက်မှာ ” မှတ်ပုံတင်အစား ထောက်ခံစာများပြသ၍ခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်”ဆိုတဲ့အမိန့်က လက်တလောအခြေအနေနဲ့ ဖြစ်နိူင်ချေမရှိဘူးလို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။   “ဘာကြောင့်လဲဆိုတော့ အဲ့ဒီထုတ်ပြန်ချက်ဟာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဖို့ တစ်နည်းအားဖြင့်ပြောရရင် လူနဲ့မှတ်ပုံတင်တိုက်စစ်ဖို့လုပ်တဲ့ပုံစံပါပဲ၊ မှတ်ပုံတင်မရှိဘူး ထောက်ခံစာလုပ်ဖို့မလွယ်တဲ့သူတွေမှ အများကြီး၊ အခုထုတ်ပြန်ချက်က ပြောရရင် လူဖမ်းပွဲလုပ်မယ့် သဘောရှိတယ်လို့ “သူရဲ့အမြင်ကို သုံးသပ်ပြောပြပါတယ်။   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အသက် (၁၆) နှစ်နဲ့အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်တဲ့ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၃ ရက်က စတင်ကာ ယခုနှစ် နိုဝင်ဘာ…

Read More

မုံရွာမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တချို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရ

မတ် ၆-၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင် တချို့ရဲ့ နေအိမ် အဆောက်အဦး ဝန်းခြံတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့ဆိုကာ ဒီကနေ့ မနက်ပိုင်းမှာ ဝန်းခြံမြေ အဆောက်အဦး ၅ ခုကို မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့က ဝရမ်းကပ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ချိတ်ပိတ်ခံလိုက်ရတဲ့ ကာယကံရှင်မိသားစု အသိုင်းအဝိုင်တွေဆီက သိရပါတယ်။   ” ဒီမနက်ခင်းမှာ စစ်သားနဲ့ ရဲတွေ ပါဝင်တဲ့အဖွဲ့က ရောက်လာပြီး ဝရမ်းကပ် ချိတ်ပိတ်သွားတာ “လို့ မြင်တွေ့လိုက်ရတဲ့ ရပ်ကွက်သားတဦးက ပြောပါတယ်။   အဲ့ဒီလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အိမ်ဝန်းခြံမြေနဲ့ လူနေ အဆောက်အဦးတွေ ချိတ်ပိတ် သိမ်းဆည်းတာနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်နေတဲ့ မုံရွာ အသိုင်းအဝိုင်းက ” ပြစ်မှုကျူးလွန်တာက လူပုဂ္ဂိုလ်က ကျူးလွန်တာဖြစ်ကောင်း ဖြစ်မယ် ၊ အဲ့ဒါကြောင့်…

Read More

ထန်းရွက်ပုတီးဆွဲတဲ့ အရွယ်

ဆူးငှက်   မန္တလေးမှာ အေလမ်း၊ ဘီလမ်း၊ စီလမ်းဆိုလို့ ယနေ့ခေတ်လူငယ်တွေ ဘယ်သူမှ သိမှာ မဟုတ်ကြတော့။ တကယ်တော့ ၁၈၈၆ခုနှစ် မန္တလေးရတနာပုံနေပြည်တော်ကို အင်္ဂလိပ်တို့ စတင်တက်ရောက် သိမ်းပိုက်ကတည်းက ထိုလမ်းနာမည်တွေ တွင်ခဲ့သည်ဟု သိရသည်။ ဂေါဝိန်ဆိပ်က အင်္ဂလိပ်တပ်တွေ ကမ်းတက်လာကြသောအခါ တပ်အလိုက် တက်ရောက်လာကြသည့် လမ်းကြောင်းတွေကို သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်ဟု သိရသည်။   ကျွန်တော်တို့ သက်တမ်းအရွယ်တွေအထိ အေလမ်း၊ ဘီလမ်း ၊စီလမ်းတို့ခေါ်တာ နုတ်ကျိုးနေပြီ။ အေလမ်းဆိုတာက အရှေ့ထိပ် မန္တလေး-ပြင်ဦးလွင် လမ်းမကြီးမှအနောက် ဂေါဝိန်ဆိပ်အထိ ရှည်လျားသော ၃၅လမ်းကို ခေါ်ခြင်းဖြစ်သည်။ ထိုလမ်းမကြီးကိုပဲ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်နီးပါးက ရန်ကြီးအောင်လမ်းလို့ သုံးစွဲခေါ်ဝေါ်ခဲ့ကြသော်လည်း ထိုနာမည်က ရေရှည်မတည်မြဲခဲ့။ အေလမ်းဆိုသော အမည်ကို ခေတ်သစ်မန္တလေးသားတွေ တွင်တွင်ကျယ်ကျယ် မသုံးပေမယ့် ထိုနာမည်က ခိုင်ခိုင်မာမာတော့ ရှိနေဆဲဖြစ်သည်။ နှစ်ပေါင်းတစ်ရာကျော်ပင် သက်တမ်းရှည်ခဲ့ပြီဟု ဆိုရမည်။…

Read More

ပဲခူးမြို့နယ် ကျွန်းသာယာရပ်ကွက် မီးလောင်မှု နေအိမ် ၁၄လုံးဆုံးရှုံး

မတ် ၅ -၂၀၂၂ KK(VOM)   ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ ၆၊ စက်လမ်းနဲ့ ပွင့်သစ်စလမ်းကြားမှာ ဒီကနေ့ မနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၄လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။   မီးလောင်မှုဖြစ်စဥ်နေရာကို ပဲခူးတိုင်းမီးသတ်ဦးစီးမှုးရုံးမှ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးငြှိမ်းသတ်ယာဥ် ၂စီး၊ မီးသတ်ရေသယ်ယာဥ် ၁စီး၊ ပဲခူးခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးသတ်ရေသယ်ယာဥ် ၃စီး၊ ပဲခူးနယ်မြေမီး သတ်စခန်းမှ မီးသတ်ရေသယ်ယာဥ် ၂စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။   “မီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေပါတယ်၊ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။   မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၄ လုံး…

Read More
VOM News

FREE
VIEW